ကရင်ပြည်နယ်အစိုးရ၀န်ကြီးချုပ်နှင့်
အဖွဲ့ဝင်အချို့သည့် အရှေ့တောင်တိုင်း တိုင်းမှူးနှင့်အတူ မြ၀တီခရိုင်
စူကလီမြို့နယ်ခွဲ၊ ကလို့ထူးဘော (DKBA) ဌာနချုပ် စသည့် နေရာများသို့ ၆ရက်နေ့မွန်းလွှဲပိုင်းတွင် ရောက်ရှိလာသည်။ ”၀န်ကြီးချုပ်ပြောတာက ဒီဒေသမှာ လမ်းပန်းဆက်သွယ်ရေးအတွက် DKBA အပါအ၀င်
ဒေသခံတွေနဲ့ပူး ပေါင်းပြီး လုပ်ဆောင်သွားဘို့အတွက် လာကြည့်တာလို့ပြောပါတယ်၊
လက်ရှိမှာ ဒီဒေသကိုမြို့နယ်ခွဲအဖြစ် လုပ်မယ်ဆိုရင်တော့
အတော့ကိုကြိုးစားရအုံးမယ်။
ဒီမှာကမြို့နယ်တခုရဲ့အနေအထားမရှိသေးပါဘူး၊
အဆောက်အအုံတွေပဲ ရှိပြီး၊ ဘာမှ အကောင်အထည်မဖော်နိုင်ရင်
အရာရောက်မှာမဟုတ်ဘူး၊ လုပ်ရင်တော့ ထိထိရောက်ရောက်လုပ်ဘို့ လိုမယ်”
ဟု DKBA မှဗိုလ်မှူးကြီးဆန်းအောင်က ဧရာဝတီသတင်းဌာနကိုပြောသည်။
စူကလီမြို့နယ်ခွဲသတ်မှတ်ထား သည့်နေရာတွင် မြို့အင်္ဂါရပ်နှင့်တူညီရန် လိုအပ်ချက်များစွာရှိသည့်အတွက် ကရင်ပြည်နယ်အစိုးရအနေနှင့် အမှန်တကယ်ကူညီရန်လိုသည်ဟုလည်း ဗိုလ်မှူးကြီးဆန်းအောင်က ဖြည့်စွက် ပြောကြားသည်။
စူကလီဒေသခံတဦးဖြစ်သူဦးဖား သူးက ”ရွာကတော့ရွာကြီးပါဘဲ စိုက်ပျိုးရေးလုပ်ငန်း(ပြော င်း)ကို အဓိကစိုက်ကြတာပါ၊ အစိုးရကမြို့နယ်ခွဲဆိုပြီး သတ်မှတ်ကာကတော့ မကြာသေးဘူး။ မြို့ပုံစံတော့မပေါက်သေးပါဘူး ရွာကြီးဆိုတော့လေ၊ တကယ်မြို့ဖြစ်စေချင်ရင်တော့ မြို့နဲ့တူအောင်အများကြီး လုပ်ရပါအုံးမယ်။
လက်ရှိအနေအထားကတော့ မြို့ဆိုပြီးဘယ်လိုမှ ပြောလို့မရသေးဘူး။ အခုလာတဲ့ဝန်ကြီးချုပ်ရဲ့ အစီအစဉ်ကိုစောင့်ကြည့်ရအုံး မယ်၊
သူတို့ စီမံကိန်းချပြီးလုပ်ရင်ဖြစ် နိုင်တယ်၊ ရွာသားတွေပဲ ကိုယ်ထူကိုယ်ထလုပ်ရမယ်ဆိုရင်တော့ ကြာအုံးမယ်” ဟုဆိုသည်။
စူကလီဒေသသည် မြ၀တီမြို့၏တောင်ဘက်တွင်တည် ရှိပြီး မြ၀တီမှကားဖြင့်သွားလျှင် အချိန် ၃ နာရီခန့်ကြာပြီး မြေနီလမ်းအတိုင်း တောင်တက်
တောင်ဆင်း သွားလာရသည့် ခရီးကြမ်းဖြစ်သည်။
ကရင်ပြည်နယ်အစိုးရလွှတ်တော်ကိုယ်စားလှယ်တဦးက ”ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ ကရင်ပြည်နယ်ဖွံ့ဖြိုးရေး အတွက် ဂျပန်နဲ့နော်ဝေနိုင်ငံတွေက ငွေလှူထားတာတွေရှိတယ်။
ကရင်ပြည်နယ်အစိုးရက အဲဒီကရတဲ့ ငွေနဲ့စူကလီမြို့နယ်ခွဲအပါအ ၀င်၊ ကရင်ပြည်နယ်ဖွံ့ဖြိုးရေးတွေ ကို အကောင်အထည်ဖော်မှာဖြစ်တယ်။
ဒေသခံတွေအနေနဲ့ တပြားတချပ်မှထည့်စရာမလိုဘူး ဆိုတာ၊ ဒေသခံတွေကိုသိစေချင်တယ်”ဟုေ ပြာသည်။
အစိုးရသတ်မှတ်ချက်အရ စူကလီမြို့နယ်ခွဲတွင် ဝေါ်လေဒေသနှင့် DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာတို့ ပါရှိသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် DKBA ဌာနချုပ်တွင် ဗိုလ်ချုပ်ကြီးစောလားပွယ် (နှုတ်ခမ်းမွေး)နှင့်တွေ့ဆုံ ခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေးအခြေအနေအချို့ကို ပြောဆိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Irrawaddy
ဒီမှာကမြို့နယ်တခုရဲ့အနေအထာ
ဟု DKBA မှဗိုလ်မှူးကြီးဆန်းအောင်က ဧရာဝတီသတင်းဌာနကိုပြောသည်။
စူကလီမြို့နယ်ခွဲသတ်မှတ်ထား
စူကလီဒေသခံတဦးဖြစ်သူဦးဖား
လက်ရှိအနေအထားကတော့ မြို့ဆိုပြီးဘယ်လိုမှ ပြောလို့မရသေးဘူး။ အခုလာတဲ့ဝန်ကြီးချုပ်ရဲ့ အစီအစဉ်ကိုစောင့်ကြည့်ရအုံး
သူတို့ စီမံကိန်းချပြီးလုပ်ရင်ဖြစ်
စူကလီဒေသသည် မြ၀တီမြို့၏တောင်ဘက်တွင်တည်
တောင်ဆင်း သွားလာရသည့် ခရီးကြမ်းဖြစ်သည်။
ကရင်ပြည်နယ်အစိုးရလွှတ်တော်က
ကရင်ပြည်နယ်အစိုးရက အဲဒီကရတဲ့ ငွေနဲ့စူကလီမြို့နယ်ခွဲအပါအ
ဒေသခံတွေအနေနဲ့ တပြားတချပ်မှထည့်စရာမလိုဘူး
အစိုးရသတ်မှတ်ချက်အရ စူကလီမြို့နယ်ခွဲတွင် ဝေါ်လေဒေသနှင့် DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာတို့ ပါရှိသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် DKBA ဌာနချုပ်တွင် ဗိုလ်ချုပ်ကြီးစောလားပွယ် (နှုတ်ခမ်းမွေး)နှင့်တွေ့ဆုံ
Irrawaddy