ဆွစ်ဇာလန်က Christophe Claret အမည်ရ နာရီကုမ္မဏီမှ တီထွင်ဖန်တီး တဲ့ နာရီ ဖြစ်ပါတယ်။ X-TREM 1 Pinball လို့ အမည်ပေးထား ပါတယ်။Pinballl machine စက်ပုံစံမျိုးပြုလုပ်တာ ဖြစ်ပါတယ်။ ဒီတော့ အတွင်းမှာ
နာရီ လက်တံမပါပါဘူး။ ပင်ဘောင်ဘောလုံး နှစ်လုံးတွေ့ရမှာ ဖြစ်ပါတယ်။ သံလိုက်
နဲ့ အလုပ်လုပ်တာပါ။ အချန်ကိုပြဖို့အတွက် အတွင်းက ဘော သီး နှစ်လုံး
သူ့နေရာနဲ့သူ ရွေ့ လျားသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သံလိုက်စွဲအားသုံး
နာရီလို့ပြောရင်လည်း မမှားပါဘူး။
ဒီဇိုင်းကလည်း အပြာရောင် တောက်တောက်နဲ့ ထူးထူးခြားခြား လှပနေပါတယ်။ အပြာရောင် အမျိုးအစားပါ။ နာရီရဲ့  ဈေးကို မသတ်မှတ်ထားပါဘူး။ တစ်လုံးတည်းထုတ်ပြီး လေလံ တင်မယ်လို့ လည်း ကြားသိရပါတယ်။ ပရဟိတ လုပ်ငန်းမှာ အလှူငွေ လှူဒါန်း ဖို့အတွက် pinball-themed luxury watch အဖြစ် ပထမဆုံး ဖန်တီးလိုက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
--
Stuff UK