အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 June, 2013

အမေရိကန် ဒေါ်လာ တစ်သန်း အကုန်အကျခံကာ ကျင်းပမည့် ဗြိတိန် လက်ဝှေ့ကျော်ကြီး၏ လက်ထပ်ပွဲ

ပါကစ္စတန် နွယ်ဖွား ၊ ဗြိတိန် လက်ဝှေ့ကျော်  Amir Khan သည် ယနေ့တွင် အမေရိကန် နိုင်ငံ နယူးယောက်ရှိ Waldorf-Astoria ဟိုတယ်တွင် အမေရိကန် ကျောင်းသူ Faryal Makhdoom နှင့် လက်ထပ်ပွဲကို စည်ကားစွာ ကျင်းပခဲ့သည်။

သူတို့နှစ်ဦးသည် မင်္ဂလာ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည် ၄၀၀ ရှေ့မှောက်တွင် ရိုးရာဝတ်စုံများ ၀တ်ဆင်ကာ ဓလေ့ထုံးစံများ အတိုင်း လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လက်ထပ်ပွဲသို့ ဘူလ်တန်နှင့် အင်္ဂလန်မှ မိတ်ဆွေများ တက်ရောက်ပြီး လက်ဝှေ့ကျော်မှ ပရိသတ်များ ရှေ့တွင်
ဘောလီးဝုဒ် မင်းသားများ ကဲ့သို့ ကပြခဲ့သေးကြောင်း သိရသည်။ အသက် ၂၆ နှစ် အရွယ်ရှိ ဗြိတိန် လက်ဝှေ့ကျော်  Amir Khan နှင့် အသက် ၂၁ နှစ် အရွယ် အမေရိကန် နိုင်ငံသူ နိုင်ငံရေး သိပ္ပံကျောင်းသူ Faryal Makhdoom တို့၏ မင်္ဂလာပွဲသည် အမေရိကန်ဒေါ်လာ သန်းတစ်ရာ ကုန်ကျခံကာ သီတင်းတစ်ပတ်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။

by MRTV-4

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...