အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 June, 2013

မြန်မာနိုင်ငံသား နှစ်ထောင်ကျော် ၂၀၁၅ခုနှစ်တွင် အလုပ်အကိုင်ရရှိရန် မျှော်မှန်းနိုင်

မြန်မာနိုင်ငံရှိ လူဦးရေ(၂၀၀၀)ကျော်ကို၂၀၁၅ ခုနှစ်တွင် အလုပ်အကိုင်ရရှိစေရန် ပြုလုပ်ပေးမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်နေသည့် Unilever ကုမ္ပဏီထံက သိရှိရသည်။  အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး လူသုံးကုန်ပစ္စည်းများ နှင့် စားသောက်ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်သော ကုမ္ပဏီဖြစ်ကြောင်း သိရှိရသည်။
“ အခုလက်ရှိမှာတော့ ပြည်တွင်းမှာ စက်ရုံ လည်ပတ်နိုင်ဖို့အတွက် ထိုင်းနိုင်ငံက ကျွန်တော်တို့ ကုမ္ပဏီမှာရှိတဲ့ မြန်မာ လုပ်သားတွေကို သင်တန်းထပ်ပေးပါတယ်၊ အခု ဒီကို Export ပြန်သွင်းတဲ့သဘောပဲပေါ့၊ သူတို့ကို အခု စက်ရုံမှာ နေရာပြန်ပေး သွားမှာပါ၊ အခု ဇွန်လအကုန်ကျရင် ၀န်ထမ်းပေါင်း ၁၅၀ ကျော်အထိ ခန့်အပ်သွားမှာပါ” ဟု Unilever ကုမ္ပဏီမှ Chief Operating Officer ဖြစ်သူ Mr. Harish Manwani က ပြောသည်။

Unilever ကုမ္ပဏီသည် ၂၀၁၀ ခုနှစ်အချိန်မှစ၍ ကြားခံကုမ္ပဏီများမှ တစ်ဆင့် ပြည်တွင်းသို့ ခနော ကြက်သားမှုန့်၊ Sunsilk ၊ Clear ၊ Lux ၊ Ponds ၊ Close up နှင့် Sunlight အစရှိသည့် လူသုံးကုန်ပစ္စည်းများကို တင်သွင်းခဲ့သည်။

Unilever ကုမ္ပဏီသည် ပြည်တွင်းရှိ လယ်ယာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများကို ကူညီ ထောက်ပံ့ပေးမည့် အပြင် လာမည့် (၂) နှစ်မှ (၃) နှစ်အတွင်း ကျောင်းနေအရွယ် ကလေး (၄) သန်းကျော် အတွက် ဦးတည်၍ ကျန်းမာရေးနှင့်တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

“ဒီလို ကုမ္ပဏီကြီးတွေ ပြည်တွင်းကို ၀င်ရောက်လာတာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခု ၀င်လာပြီဆိုရင် ကိုယ့်ဘက်ကို ပေးတာပဲ မကြည့်သင့်ပါဘူး၊ အဲဒီ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့ ကုမ္ပဏီကလည်း အကျိုးအမြတ်ရှိလို့ လုပ်တာပဲလေ၊ ပြည်တွင်းက လူတွေကိုပဲ အလုပ်ပြန်ပေးမယ်ဆိုတာလည်း ကောင်းပါတယ်၊ ဒါပမဲ့ ဒါကတော့ စောင့်ကြည့်ရဦးမယ့်” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောသည်။

ထိုင်းနိုင်ငံရှိ Unilever စက်ရုံတွင် စက်ရုံ ၀န်ထမ်းပေါင်း ၂၀၀ ဦးရေခန့် ရှိပြီး လုပ်ငန်း စတင်ပါက အဆိုပါ ၀န်ထမ်းများမှ အချို့ကို မြန်မာနိုင်ငံသို့ ခေါ်ကာဝန်ထမ်းခန့်အပ်မည် ဖြစ်ကြောင်း သိရှိရသည်။

မြစ်မခ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...