အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

31 May, 2013

ဇေကမ္ဘာ ဦးခင်ရွှေကို ပုဒ်မ ၅၀၀ နဲ့ တရားစွဲလိုက်ပြီ

နာမည်ကြီး သူဌေးကြီး ဇေကမ္ဘာ ဦးခင်ရွှေကို တရားစွဲလိုက်နိုင်ပြီလို့ မတူကွဲပြား ငြိမ်းချမ်းရေး ပါတီ
ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးနေမျိုးဝေက ခုနလေးတင် သူ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေး ရေးသား လိုက်ပါတယ်။ ဦးနေမျိုးဝေက ရေးသားထားရာမှာ ဒီကနေ့ မေလ ၃၁ ရက်နေ့မှာ ဒဂုံမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ရာ မှာ အခုတရားရုံးက ပုဒ်မ ၅၀၀ နဲ့ တရားစွဲနိုင်သွားပြီဖြစ်ပြီး ထုချေရှင်းလင်းဖို့အတွက်

YCPTA အဖွဲ့ ဖွဲ့ပြီး ၅ လအတွင်း ပြန်ဖျက်သိမ်း

ယခုနှစ် ဇန်န၀ါရီက သမ္မတအမိန့်ဖြင့် အသစ်ဖွဲ့စည်းခဲ့သည့် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ (Yangon City Public Transport Authority -YCPTA) ကို သမ္မတအမိန့်ဖြင့်ပင် ၅ လနီးပါးအကြာ မေလ ၂၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်၍ ပြန်လည် ဖျက်သိမ်းလိုက်သည်။“ဘာကြောင့်လဲဆိုတော့ ကျနော်တို့က နိုင်ငံတကာအဖွဲ့တွေနဲ့ ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအသစ်ကို ပြန်ဆွဲ နေပါတယ်။ သယ်ယူပို့ဆောင်ရေး ကဏ္ဍအပါအ၀င် ကဏ္ဍပေါင်းစုံ ဆွဲနေရတယ်။ ဒါကြောင့်မို့ ဒီအဖွဲ့ကို ဖျက်လိုက်တာပါ။ သမ္မတ တာဝန်ပေးထားတဲ့ အချိန်မှာ အဲဒီအဖွဲ့ရဲ့

မြန်မာပြည်တွင် ကားပညာရှင်များ လိုအပ်သည်

ဒီစာက လူငယ်တွေအတွက် အဓိကထား ရေးတာပါ။ လူငယ်ဆိုတာထက် လူလတ်ပိုင်းတွေလည်း ပါဝင်ပါတယ်။ အကြောင်း အရင်းကတော့ မြန်မာပြည်အနာဂတ် အတွက်ပေါ့။ မြန်မာပြည်မှာ တွေ့ရမြင်ရသလောက် Automotive Engineering ဆိုပြီး တစ်သီးတစ်ခြား ခွဲထွက်တဲ့ ဘာသာရပ် တစ်ခု မရှိသေးဘူး။ Automotive Engineering နဲ့ စက်မှု အင်ဂျင်နီယာနဲ့တောင် မတူသေးပါဘူး။ လွယ်လွယ်ကော မော်တော်ယာဉ် အင်ဂျင်နီယာဆိုတာ ရွေ့ လျား စက်ပစ္စည်းများ ဖြစ်တဲ့ကား၊ ဆိုင်ကယ်

ဘောလုံးမြက်ခင်းစိမ်းကို ကျောခိုင်းတော့မည့် ပရီးမီးယားလိဂ်မှ နာမည်ကျော်များ

ကမ္ဘာတ၀န်း ရူးသွပ်စွာအားပေးကြတဲ့ ဘောလုံး အားကစားနည်းမှာ ပြိုင်ဆိုင်မှုတွေဟာ ပြင်းထန်လှပါတယ်။ ဘောလုံးသမား သက်တမ်းတလျှောက် ရေရှည် အောင်မြင်မှုကို ထိန်းထားဖို့ မလွယ်သလို ကစားရတဲ့ သက်တမ်းဟာလည်း အတော်ကို တိုလွန်းလှပါတယ်။ ဘောလုံးသမား တယောက်ရဲ့ ကြေးစားကစားသမား ဘ၀ဟာ အသက် ၁၆ နှစ်မှာ စတင်ပြီး အသက် ၂၀ ပြည့်လို့ အရည်အချင်းတွေ စတင်ပြည့်စုံမှသာ အသင်းကြီးရဲ့ (၁၁) ယောက် ကစားသမားစာရင်းမှာ

မင်းသားရဲတိုက် အာမခံနဲ့ ပြန်လွတ်လာပြီ

မေလ၃၁ရက်၊ နေ့လည် ၃နာရီ ၀န်းကျင်က ရဲတိုက်ဟာ ဗိုလ်တစ်ထောင်ရဲစခန်းမှ အာမခံနဲ့ ပြန်လွတ်လာပြီလို့သိရပါတယ်..စိန့်မေရီ ဘုရားကျောင်း သာသနာ့အကျိုးတော်ဆောင် ဥက္ကဌနဲ့ အတူ လက်ဆွဲနုတ်ဆက်နေတာဖြစ်ပါတယ်..

Sunday Journal

လားရှိုးရှိ မွတ်စလင် ဒုက္ခသည်များ မန်ဆူ ရှမ်းဘုန်းတော်ကြီး ကျောင်းတွင် ခိုလှုံခွင့်ရ

လားရှိုးမြို့နယ်အတွင်းနေထိုင်ကြသည့် မွတ်စလင်များကို လားရှိုးမြို့ ရပ်ကွက် ၁၂ သီရိမင်္ဂလာ မန်ဆူ ရှမ်းဘုန်းတော်ကြီး ကျောင်းအတွင်းတွင် ဒုက္ခသည်စခန်း ဖွင့်လှစ် ခိုလှုံခွင့်ပေးနေကြောင်း သတင်းရရှိသည်။
ယနေ့ နေ့လယ် ၂ နာရီအချိန်တွင် နောက်ဆုံး ရရှိသော သတင်းများအရ သီရိမင်္ဂလာ မန်ဆူ ရှမ်းဘုန်းတော်ကြီးကျောင်း အတွင်းရပ်ကွက်အသီးသီးမှ မွတ်စလင် အိမ်ထောင်စု ၂၃၉ အိမ်ထောင်စု၊

KIO မတရားအသင်းမှ ပယ်ဖျက်ပြီး ဆက်သွယ်မှုဖြင့် ဖမ်းထားသူများ လွှတ်ပေးမည်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပြီး တပတ်အတွင်း မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူများကို ပြန်လည်လွှတ်ပေးသွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အာမခံ ပြောဆိုသည်။ ဦးအောင်မင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့သည် မြစ်ကြီးနားမြို့အနီးရှိ ဒုက္ခသည်စခန်းများကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားနှင့် လှည့်လည်ကြည့်ရှုစဉ် လက်ရှိတွင် KIO အဖွဲ့နှင့် ငြိမ်းချမ်းရေးရပြီးဖြစ်၍

နှစ်ပေါင်း ၄၀၀ ကျော်က အေးခဲနေသည့် ရေညှိပင်များ ပြန်လည်ရှင်သန်


အာတစ်ဒေသတွင် နွေရာသီ၌ လွန်ခဲ့သောနှစ်ပေါင်း၄၀၀ ကျော်ခန့်ကအေးခဲနေသည့် ရေညှိပင်များကို တွေ့ရှိခဲ့ပြီး ပြန်လည် ရှင်သန်စေရန်မွေးမြူနိုင်ခဲ့ကြောင်း ကနေဒါမြောက်ပိုင်း အဲလက်စ်မဲ သိပ္ပံစခန်းက သတင်းထုတ်ပြန်ခဲ့သည်။အယ်လ်ဘာတား တက္ကသိုလ်က ဇီဝဗေဒပညာရှင်ဖာဂီသည် လေးမီတာခန့်
ရှည်သည့် ရေခဲပြင်ပြတ်ရွေ့ကြောင်းကြီးတစ်ခုကို စောင့်ကြည့်လေ့လာခဲ့ရာ မမျှော်လင့်ဘဲ ရေခဲပြင်အောက်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ ခန့်ကတည်းက ရွှံ့များ အုပ်မိနေခဲ့ သည့်

KIO ကိုယ်စားလှယ်များ စစ်ရှောင်စခန်းများသို့ သွားရောက်အားပေး

KIO ကိုယ်စားလှယ်များ မြစ်ကြီးနာဝိုင်းမော်ရှိ စစ်ရှောင်စခန်းများသို့သွားရောက်ပြီး စစ်ဘေးတိမ်းရှောင်သူများနှင့် တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့သည်။
KIO ကိုယ်စားလှယ်များနှင့် UN ကိုယ်စားလှယ်များပါ လိုက်ပါခဲ့သည်။

Kachinwaves

မြန်မာအစိုးရနှင့် KIO မြစ်ကြီးနားဆွေးနွေးပွဲမှ တိုက်ပွဲလျော့ချရန် သဘောတူ

မြစ်ကြီးနားဆွေးနွေးပွဲ - KIO ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် (ဘယ်)၊ မြန်မာအစိုးရ ငြမ်းချမ်းရေးညှိနှိုင်းရေးမှူး ဦးအောင်မင်း (လယ်) နှင့် KIO ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်။ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့တို့ကြား ၃ ရက်ကြာဆွေးနွေးမှုအပြီး နှစ်ဖက်ကြား ပစ်ခတ်တိုက်ခိုက်မှုများလျော့ချပြီး တိုက်ပွဲထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းသွားရန်ပါသော အချက် ၇ ချက် သဘောတူညီလက်မှတ် ရေးထိုးခဲ့သည်။၎င်းသဘောတူညီချက်တွင် အစိုးရနှင့် KIO တို့ကြား

မီးရှို့ခံရသူရဲ့ သတင်းစကား

အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်းကာ မီးရှို့သောကြောင့် ဒဏ်ရာများဖြင့် လားရှိုးဆေးရုံရောက်နေ
သည့် မအေးအေးဝင်းက ၎င်း၏ညီမထံ မေ ၂၈ ရက်ညဦးပိုင်းတွင် အကူအညီတစ်ခုတောင်းခံသည်။မီးလောင်ဒဏ်ရာများကြောင့် သတိရတစ်ချက်မရတစ်ချက်မဖြစ်မီ ၎င်း၏ညီမ မခင်ဝင်းရီထံ တောင်း သည့်အကူအညီမှာ ခံစားနေရသော ဒဏ်ရာများကို သက်သာစေရန် အတွက်မဟုတ်ပါ။ သူတက်နေသည့် ဆေးရုံမျက်စောင်းထိုးရှိ ဗလီအပါ အ၀င်မြို့ရှိအဆောက်အအုံ

ထုတ်လုပ်မှုစရိတ်များ လျှော့ချနိုင်ပါက ဆန်စပါးရောင်းဝယ်မှုကဏ္ဍတွင် တရုတ်အခက်၊ မြန်မာအချက်ဖြစ်လာနိုင်

အိမ်နီးချင်း တရုတ်နိုင်ငံတွင် ဆန်လိုအပ် ချက် မြင့်မားနေချိန်၌ မြန်မာနိုင်ငံ
သည် အခြားအိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင် တင်ပို့မှုများ ဈေးနှုန်းအရ အားနည်းချက် ရှိနေကြောင်း သိရသည်။ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားနေသေးသည့် မြန်မာ့ဆန်သည် နည်းပညာ
မြင့်မားကာ ကုန်ကျစရိတ်သက်သာသော ဗီယက်နမ်ဆန်များနှင့် နှိုင်းယှဉ်ပြီး လူဦးရေ သန်း ၁,၀၀၀ ကျော်ဖြင့် ဈေးကွက်ကြီးမားသော တရုတ်သို့တင်ပို့ရန်မှာ အကန့်အသတ်များရှိနေသည်ဟု မူဆယ်၊နမ့်ခမ်း

ဘောလုံးအားကစားဝါနာရှင်များအတွက်သတင်းကောင်းလေးပါ

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း (၄)ဦးဖြစ်သည့်အန်ဒီကိုးလ်၊ ဒင်းနစ်အာဝင်၊ လီရှပ်၊ ကလေတန် ဘလက်မိုးတို့ ပါဝင်ကစားမည့် Myanmar Senior National Team နှင့် MNL Foreigners Teamတို့၏ ဇွန်လ ၉ရက်နေ့ ရန်ပုံငွေ ခြေစမ်းပွဲ အတွက် ပွဲကြည့်ခွင့်လက်မှတ်များအား

စက်ရုပ်လုပ်သားများနှင့် လည်ပတ်သော တရုတ်စားသောက်ဆိုင်

လူလုံးဝ မပါပါဘူး။ ဆိုင်တစ်ခုလုံး စက်ရုံကချည်း အလုပ်လုပ်နေတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ ဖွင့်လှစ်ထားပြီး စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၈ သန်းမက ရှိတယ်လို့ ဆိုပါတယ်။ အစား အသောက် ချက်တာကအစ စက်ရုပ်တွေဆိုတော့ တကယ့် ထူးခြား အံ့သြဖွယ်ရာပါပဲ။ တရုတ်က စတဲ့ နည်းပညာတစ်ခုလုံး မှတ်တမ်း တင်ရလောက်ပါတယ်။ စားပွဲထိုး၊

ရေကူး၍ မိုးပေါ်ပျံမည့် Flyboard

ရေလည်း ကူးလို့ရမယ်၊ မိုးပေါ်လည်း ပြန်လို့ရမယ့် စက်ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံသား ရေကူးချန်ပီယံ Franky Zapata မှ ယခုလို လက်တွေ့ စမ်းသပ် ပြသထားပါတယ်။
တစ်ခုတည်း သီးသန့်တော့ သုံးလို့ မရပါဘူး။ သူ့မှာ ဟိုက်ဒရိုပါဝါပိုက်နဲ့ ဆက်ထားရပါတယ်။ ယင်းပိုက်ကို မောင်းဖို့အတွက် မော်တော်ဘုတ် မှာ မြင်းကောင်ရေ ၁၀၀ အားရှိတဲ့ အင်ဂျင်နဲ့ ဆက်သွယ်ထား ရပါသေး

တေးသံရှင် ဇော်ပိုင်

ယနေ့ မေလ ၃၁ ရက်နေ့ကတော့ တေးသံရှင် ဇော်ပိုင် ရဲ့မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပြီး အနုပညာဖြင့် လူမှုကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ပေါ်ပြူလာဂျာနယ်မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

popular journal

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟေဂယ် တရုတ်နှင့် ဆိုက်ဘာ ခြိမ်းခြောက်မှုကို ဆွေးနွေးမည်

အမေရိကန်သည် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအား ဆိုက်ဘာခြိမ်းခြောက်မှုများ သက်သာစေရန် လမ်းကြောင်းဥပဒေများ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပင်တဂွန်အကြီးအကဲ ချတ်ခ် ဟက်ဂယ်က ကြာသပတေးနေ့တွင် ပြောကြားသည်။ကာကွယ်ရေးဝန်ကြီးက တရုတ်ဟက်ကာတို့သည် ဆန်းပြားသည့် အမေရိကန်လက်နက်အစီအမံများ၏ လျှို့ဝှက်ဒီဇိုင်းများကို ရရှိထား ကြောင်း တွေ့ရှိသည်ဟူသော

“နိုက်ဂျီးရီးယားတွင် သိုဝှက်ထားသော လက်နက်တိုက် ရှာဖွေတွေ့ရှိ”

နိုက်ဂျီးရီးယားတွင် လျှို့ဝှက် ထောက်လှမ်းရေး ရဲတပ်ဖွဲ့များသည် သိုဝှက်ထားသည့် လက်နက်တိုက် တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ နိုက်ဂျီးရီးယား မြောက်ပိုင်းတွင် စစ်တပ်နှင့် ရဲများသည် ဟစ်ဇ်ဘိုလာ ပြောက်ကျားများ ပိုင်ဆိုင်သည်ဟု ယူဆရသော လက်နက်တိုက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ လက်နက်များသည် လက်ဘနွန်မှ နိုင်ငံရေးပါတီ တစ်ခုက ပိုင်ဆိုင်ပြီး ဟစ်ဇ်ဘိုလာတို့၏

အမေရိကန်၏ စစ်ဘက်သတင်းအချက်အလက် တရုတ် Hacker များ ထိုးဖောက်ရယူ

ကမ္ဘာ့သတင်းဌာန များစွာတို့က အမေရိကန်၏ စစ်ဘက် လက်နက်နှင့် ယန္တရားများအတွက် တည်ဆောက်မှုဆိုင်ရာ အချက်အလက်များကို တရုတ်နိုင်ငံမှ Hackerများက ထိုးဖောက် ချဉ်းကပ်လာခဲ့ကြောင်း စွပ်စွဲထားသည့်တိုင် အမေရိကန်က ယင်းကို အလေးအနက် မထားသည့် အပြုအမူမျိုးသာ ရှိနေသည်။အမေရိကန် အစိုးရ တာဝန်ရှိသူများက ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်များကို တရုတ်နိုင်ငံမှ Hackerများက ထိုးဖောက် ရယူသွားကြောင်း

ပျော်ဘွယ်တွင် မိုးမရွာ၍ ရပ်ကွက်အချို့ သောက်ရေပြတ်လပ်

မန္တလေးတိုင်း၊ ရမည်သင်းမြို့၊ ပျော်ဘွယ်မြို့နယ်တွင် ယခုအချိန်အထိ မိုးရွာသွန်းမှုမရှိသေးသောကြောင့် ရပ်ကွက်တချို့တွင် သောက်သုံးရေပြတ်လတ်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။Water-5ပျော်ဘွယ်မြို့နယ် ရန်အောင်(ရနောင်) မြို့မှဒေသခံ ဦးမောင်ဝင်းက ''မိုးကောင်းကောင်း မရွာသေးဘူး။သောက်ရေတွင်းတွေ ကလည်း တော်တော်ခန်းနေပြီ''ဟု မဇ္ဈိမကို ပြောသည်။ပျော်ဘွယ်မြို့နယ် ရန်အောင်မြို့တွင် သောက်ရေတွင်း

ပြည်ခိုင်ဖြိုးသည်သာ အားကိုးရာအဖြစ်စည်းရုံးရန် ဦးခင်အောင်မြင့် ညွှန်ကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတွင်းရေးမှူးဖြစ်သူ ဦးခင်အောင်မြင့်က ကြံ့ခိုင်ရေးပါတီ သည်သာ ပြည်သူတို့၏ အားကိုးယုံကြည်ရသည့် ပါတီအဖြစ် ပြည်သူကိုစည်းရုံးရန် သူ၏ ပါတီဝင်များကို မေ ၂၉ရက်တွင်ညွှန်ကြားလိုက်သည်။''ပြည်ခိုင်ဖြိုးပါတီသည်သာပြည်သူတွေရဲ့ယုံကြည်အားကိုးစရာဖြစ်လာ
အောင် စည်းရုံးကြရမယ်။ ပြည်သူ အများ အားကိုးစရာဖြစ်လာအောင် အောက်ခြေကစပြီး

အိမ်သာပိုက်အတွင်းရောက်ခဲ့သည့် မွေးကင်းစကလေး၏ မိခင်အား တရားစွဲမည်မဟုတ်

တရုတ်နိုင်ငံတွင် အိမ်သာပိုက်လိုင်းကြား ညပ်ကာ အသက်ရှင်ခဲ့သည့် ကလေးငယ် ကိစ္စတွင် မိခင်ဖြစ်သူကို တရားစွဲဆိုမည် မဟုတ်ကြောင်း ရဲများက ပြောကြားခဲ့သည်။  အစောပိုင်းက ကလေးငယ် အိမ်သာထဲ ကျသွားကာ ရေဆိုးပိုက်တွင် ညပ်နေခဲ့သည့် ကိစ္စအတွက် ကလေး၏ မိခင်ဖြစ်သူ အသက်(၂၂)နှစ်အရွယ် အမျိုးသမီးကို လူသတ်ရန် ကြံစည်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
သတင်းများကလည်း တရားဝင် အိမ်ထောင် မရှိသော အမျိုးသမီး အနေဖြင့် ကလေးငယ်ကို

ဆန်းဇလျန်း နှင့် တေးသံရှင် ဆုန်သင်းပါရ်တို့ရဲ့ ရင်သွေးလေး

ဆန်းဇလျန်း နှင့် တေးသံရှင် ဆုန်သင်းပါရ်တို့ရဲ့ ရင်သွေးလေးကို မေလ ၃၀ ရက်နေ့ က ၀ိတိုရိယ ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ သားယောကျာင်္းလေး ဖြစ်ပြီး ၆ ပေါင် ၇ အောင်စ ရှိပြီး မိခင်ရော ကလေး ပါ ကျန်းမာလျှက် ရှိကြောင်း သိရပါတယ်။

ဓာတ်ပုံ - Jewel Oo
Popular Journal

လက်နက်ဝယ်ယူရေးအတွက် ရုရှားနှင့် သဘောတူညီမှုရပြီဟု အာဆတ် ပြောကြား

အယ်လ်မာနာ ရုပ်မြင်သံကြားနှင့် ကြာသပတေးနေ့က ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အာဆက်ဒ်က အစ္စရေးကို တိုက်ခိုက်ရန် အတွက် အာရပ်ကမ္ဘာမှ နိုင်ငံများ ပိုမို စည်းလုံးနေပြီ ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ခဲ့သည်။ဆီးရီးယား သမ္မတ ဘာရှာ အာဆက်ဒ်က မိမိတို့ အနေဖြင့် ရုရှားနှင့် လက်နက်ဝယ်ယူရေး သဘောတူညီမှု တစ်ခု ရရှိထားသလို လက်ရှိ ပြည်တွင်း၌ သူပုန်တပ်များကို နှိမ်နင်းရာတွင်လည်း အစိုးရတပ်ဖွဲ့များက အထက်စီး အနေအထား ရောက်နေပြီဟု ပြောကြားခဲ့သည်။ ထို့အပြင် အယ်လ်မာနာ ရုပ်မြင်သံကြားနှင့် ကြာသပတေးနေ့က ပြုလုပ်ခဲ့သော အင်တာဗျူးတွင်

ကိုးကွယ်ရာမဲ့ ဖြစ်နေတဲ့ ရဲတိုက်

ကျွန်တော် က ရဲတိုက်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေထဲက တစ်ယောက်ပါ။ သူ့ ကို အင်တာဗျူးပြီး သူ့ဘ၀ အကြောင်းကို စာရေးဖူးတယ်။ အင်တာဗျူး ခဲ့တာ နဲ့ ပတ်သက်ပြီး ကျွန်တော့် ကို ပြောပြ သလောက် ဘယ်သူ့ကိုမျှ မပွင့်လင်းခဲ့ဖူးဘူး လို့ သူကပြန်ပြောတယ်။သူ့ဘ၀ အကြောင်းကို တော်တော်ပြည့်ပြည့်စုံစုံ ကျွန်တော် သိခွင့်ရ ခဲ့တယ်။ရဲတိုက် က တောင်ကြီးမြို့မှာ ကြီးပြင်းတယ်။ သူသိပ်ချစ်တဲ့ သူ့မိခင် သေဆုံးသွားတယ်။ သူ့ဖခင် နောက်အိမ်ထောင်ပြုတယ်။ မိထေွး နဲ့ သူ အဆင်မပြေဘူး။ သူ့ကို သူ့အဖေ က

ရှမ်းပြည်နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးခွင့် ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့် ပေးတော့မည်

ရှမ်းပြည်နယ်တွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခွင့်အား ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးတော့မည်ဖြစ်ကြောင်းရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်က မဇ္ဈိမကို ပြောသည်။”အဓိကကတော့ ပြည်သူလူထုကို မနစ်နာစေအောင် ကျွန်တော်တို့
ရေအားလျှပ်စစ်ဖြန့်ဖြူးပေးနေတဲ့ စက်တွေကို လည်း မိမိကိုယ်တိုင် လိုက်လံကွင်းဆင်း စစ်ဆေးပေးခဲ့ပြီးမှ ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခြင်းဖြစ်တယ်” ဟု ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင် က

ခမာနီခေါင်းဆောင်ဟောင်း ဝန်ချ တောင်းပန်

ကမ္ဘောဒီးယား နိုင်ငံမှာ ၁၉၇၀ နှစ်တွေအတွင်း ခမာနီခေါင်းဆောင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခဲ့မှုတွေအတွက် ခမာနီခေါင်းဆောင် တဦးက ပထမဆုံးအကြိမ် အဖြစ် တောင်းပန်လိုက်ပါတယ်။
Brother နံပါတ် တူးလို့ လူသိများတဲ့ ခမာနီခေါင်းဆောင် နုံချာ(Nuon Chea) က ကြာသပတေးနေ့က ကုလသမဂ္ဂက ကျောထောက် နောက်ခံပေးထားတဲ့ တရားရုံးမှာ အခုလိုတောင်းပန်ခဲ့တာဖြစ်ပါတယ်။ သူတို့အုပ်ချုပ်တဲ့ ကာလအတွင်း နိုင်ငံမှာဖြစ်ပွါးခဲ့တဲ့ နစ်နာထိခိုက်မှုတွေအတွက် ခေါင်းဆောင်

မြန်မာလုပ်သားများ ဂျပန်တွင် တရားဝင် အလုပ်လုပ်ခွင့်ရမည်

ဂျပန်အပြည်ပြည်ဆိုင်ရာ လေ့ကျင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(JITCO) နှင့် မြန်မာအစိုးရတို့ အကြား ဂျပန်နိုင်ငံသို့ မြန်မာ အလုပ်သမားများ တရားဝင်စေလွှတ်ရေး သဘောတူစာချုပ်တရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ရာ ဂျပန်တွင် မြန်မာ အလုပ်သမားများ တရားဝင် သွားရောက်အလုပ် လုပ်ကိုင်ခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ဂျပန် အပြည်ပြည်ဆိုင်ရာ လေ့ကျင့်ရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (Japan International Training Cooperation Organization) နှင့်

လယ်ယာသုံးနွားများကို ဈေးကောင်းပေးဝယ်ယူခြင်း ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် အခက်ကြုံလာနိုင်

လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြုသော နွားများကို ဈေးကောင်းပေး ၀ယ်ယူနေသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် နွားရှားပါးမှု ပြဿနာနှင့် ကြုံတွေ့လာနိုင်ကြောင်း လယ်သမားများက ပြောသည်။ မြန်မာနိုင်ငံတွင် နွားများကို စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိက ခိုင်းစေရန်
အတွက် မွေးမြူကြပြီး ယင်းခိုင်းနွားများကို အိမ်နီးချင်းနိုင်ငံများ၏ ၀ယ်လိုအားကြောင့် ဈေးကောင်းပေးကာ ၀ယ်ယူလျက်ရှိ ကြောင်း သိရသည်။“ကျွန်တော်တို့က ဆိပ်ကမ်းသာ ကျေးရွာရဲ့ မော်တော်ဆိပ်နားမှာ

မသဲသဲသော်၏ မျိုးဆက် ဂူးဂူးအား ထောက်ပံ့ငွေ (၅)သိန်း ပေးအပ်

ပြီးခဲ့သည့် လက ဖေ့ဘွတ်ပေါ်တွင် လူသိများခဲ့သည့် မြိတ်မြို့ မှ မသဲသဲသော် ၏ အမေရှာတော်ပုံဖွင့်ခဲ့သည့်သတင်းကို လူအတော်များသိခဲ့ပါ သည်။ ဖေ့ဘွတ်အကောင့် Sky Queen ကို အသုံးပြုခဲ့ပြီး ဘန်ကောက်မြို့တွင်အသတ်ခံခဲ့ရသည့် မသဲသဲသော် ၏ သမီးဖြစ်သူ ဂူဂူး ( ခ) မပန်သာကို အား ထားဝယ်လူငယ် အစည်းအရုံး နှင့် မသဲသဲသော် သူငယ်ချင်းများ (ဘန်ကောက် ) မှ ပညာရေး

အာဖဂန်အရပ်သား(၁၆)ဦးကို သတ်ခဲ့သော အမေရိကန်တပ်ကြပ်ကြီးက လူသတ်မှုကိုဝန်ခံ....

အာဖဂန်နစ္စတန်နိုင်ငံတွင် (၂၀၁၂)ခုနှစ် မတ်လ(၁၁)ရက်နေ့က အာဖဂန်အရပ်သား(၁၆)ဦးကို သတ်ခဲ့သည့် အမေရိကန်တပ်ကြပ်ကြီး ရောဘတ်ဘေးလ်စ်က သေဒဏ်ရှောင်ရှားနိုင်ရန် မေလ(၂၉)ရက်က လူသတ်မှုကို ၀န်ခံခဲ့ကြောင်းသိရသည်။
မစ္စတာဘေးလ်စ်သည် ကန်ဒါဟာပြည်နယ်တွငရှိသော အမေရိကန်တပ်စခန်းအနီးရှိ ရွာ(၂)ရွာက

တောင် နှင့် အပြိုင် မြောက်ကိုရီးယားကလည်း ကမ္ဘာ့အဆင့်မီ ရေခဲပြင် စကိတ်ကွင်း တည်ဆောက်နေ

တောင်ကိုရီးယား က ၂ဝ၁၈ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲ လက်ခံ ကျင်းပရန်အတွက် ပြင်ဆင်နေသည့် နည်းတူ မြောက်ကိုရီးယားကလည်း ကမ္ဘာ့ အဆင့်မီ စကိတ်အပန်းဖြေစခန်းတစ်ခု တည်ဆောက်နေကြောင်းသိရသည်။မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က နိုင်ငံ၏ အရှေ့မြောက် အရပ်ရှိမာဆစ်တောင်တန်းပေါ်မှကမ္ဘာ့အဆင့်မီကစားကွင်းအပန်းဖြေစခန်းတည်ဆောက်ရေးလုပ်ငန်းခွင်သို

ထူးဖောင်ဒေးရှင်းမှထားဝယ်မြို့နယ်အတွင်း အထွေထွေကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခဲ့

ထူးဖောင်ဒေးရှင်းမှ အထွေထွေကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တစ်ရပ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ် နှင့် ပုလောမြို့နယ်တို့တွင် (၂၇.၅.၂၀၁၃) ရက်နေ့မှ (၂၉.၅.၂၀၁၃) ရက်နေ့အထိ သွားရောက်ဆောင်ရွက် ပေးခဲ့ကြပါသည်။ အဖွဲ့တွင် အထွေထွေကုဆရာဝန်ကြီး (၅) ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ ၊ထူးဖောင်ဒေးရှင်းမှ ၀န်ထမ်းများပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြပြီး ဒေသခံကျန်းမာရေးဝန်ထမ်းများမှလည်း

ပြင်သစ်နိုင်ငံ၌ ပထမဆုံး လိင်တူ လက်ထပ်ပွဲ ကျင်းပ

လိင်တူ လက်ထပ်ခြင်းကို လပေါင်း များစွာကြာ ဆန့်ကျင် ဆန္ဒပြမှုများ၊ ပေါ် ပေါက်ခဲ့သော်လည်း မေလ ၂၂ ရက်က ပြင်သစ်နိုင်ငံ၏ ပထမဆုံး လိင်တူ လက် ထပ်ပွဲကို မောင့်ပဲလီယာ မြို့၌ ကျင်းပ ခဲ့သည်။
ထို့ကြောင့် မေလ ၂၆ ရက်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ပဲရစ်မြို့လမ်း ပေါ်၌ အနည်းဆုံး လူပေါင်း တစ်သိန်းခွဲ ကျော် ဆန့်ကျင် ဆန္ဒပြခဲ့ကြပြီး လိင်တူ လက်ထပ်ခွင့် ဥပဒေနှင့် လူ့အဖွဲ့အစည်း တွင်

လားရှိုးမှ မီးရှို့ခံရသည့် အမျိုးသမီး ကျန်းမာရေး စိုးရိမ်စရာမရှိ

လားရှိုး ပဋိပက္ခကို စတင်ဖြစ်ပွားစေခဲ့သော ဓာတ်ဆီလောင်း မီးရှို့ခံရသည့် မှုခင်းဖြစ်စဉ်တွင် မီးရှို့ခံခဲ့ရသည့် အသက် ၂၄ နှစ်အရွယ် မအေးအေးဝင်းမှာ လားရှိုးခရိုင်ပြည်သူ့ ဆေးရုံတွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ မရှိတော့ကြောင်း သတင်းရရှိသည်။
ကျိုင်းတုံမြို့မှ လာရောက်သည့် ကိုနေ၀င်းဆိုသူက မအေးအေးဝင်းကို ဓာတ်ဆီလောင်း မီးရှို့ခဲ့ပြီးနောက်

ကြံ့ခိုင်ရေးပါတီကိုဆန္ဒပြမည့်အစီအစဉ် အာဏာပိုင်များ ပိတ်ပင်

တောင်ဥက္ကလာပမြို့နယ်ရှိ အများပိုင်ပန်းခြံတခုကို ကြံ့ခိုင်ရေးပါတီက သိမ်းယူပြီး ကွန်ဒိုအိမ်ရာ ဆောက် လုပ်မှု အပေါ် ကန့်ကွက်ဆန္ဒပြမည့် အစီအစဉ်ကို အာဏာပိုင်များက လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။ဇွန်လ ၂ ရက်နေ့တွင် ဆန္ဒပြပွဲပြုလုပ်ခွင့်ပေးရန် အာဏာပိုင်များကို တင်ပြခဲ့ရာယခုအချိန်သည်အထူးလုံခြုံရေးကာလဖြစ်မှုကြောင့်ဟုဆိုကာတောင်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့က

ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈ အဖွဲ့တို့နှင့် ပတ်သက်၍ ဆရာတော်ဝီရသူ ဝေဖန်ပြောဆို

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဘက်မှ ရပ်တည်ခြင်းမရှိဘဲ အစ္စလာမ်ဘာသာဝင်များဘက်မှသာ ရပ်တည်နေကြောင်း မန္တလေးမြို့၊ မစိုးရိမ် တိုက်သစ်မှ ဆရာတော် အရှင်ဝီရသူမှ ဝေဖန်ပြောကြားခဲ့သည်။ ယခုလ ၂၂ ရက်နေ့တွင် မစိုးရိမ်တိုက်သစ်တွင် ပြုလုပ်သည့် တိုင်းမဂ္ဂဇင်းမှ သတင်းထောက်နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသွားကြောင်း သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ဆရာတော် ၀ီရသူမှ “ဒေါ်စု သည် လုံးဝအားကိုး၍ မရကြောင်း၊ ကုလားများနှင့် ပတ်သက်၍ စကားတစ်လုံးမှ ၀င်မပြောကြောင်း၊

ရဲတပ်ဖွဲ့များ ပထမအကြိမ် တိုက်ခိုက် ခံရခြင်း

တအာင်း (ပလောင်) ဒေသ တခုဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ရှိ မန်ပါတ်ရွာမှ ရွှေလီ တာဝါ လျှပ်စစ် တာဝါတိုင်စောင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် (၃) ဦး ယမန်နေ့က ပစ်သတ် ခံရသည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အတွင်းရေးမှူး (၁) က ဆိုပါသည်။
“ အခု အဲဒီရဲ (၃) ယောက်ကို မန်တုံဆေးရုံမှာပဲ ရင်ခွဲ စစ်ဆေးနေပါတယ်၊ ဒီညနေလောက် ပြီးမလား မသိဘူး၊ ဒီနေ့မနက် မန်တုံပြည်သူ့စစ်တွေရော ရဲတွေရော သွားသယ်တုန်းက သေနတ်ကျည်ဆန် ထိမှန်တဲ့

ရုရှားဈေးကွက်မှ ဥရောပစံချိန်နှင့် ကိုက်ညီသည့် မြန်မာ့ရေထွက်ကုန်များကို ၀ယ်ယူရန် ကမ်းလှမ်း

မြန်မာ့ရေထွက်ကုန်များကို ရုရှားဈေးကွက်မှ ဥရောပဈေးကွက်သို့ တင်ပို့နေသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ပို့ကုန်များကို ၀ယ်ယူရန် ကမ်းလှမ်းထားမှုများ ရှိကြောင်း ရေထွက်ပို့ကုန် လုပ်ငန်းရှင်များထံမှ သိရသည်။ရေထွက်ကုန်များကို ဥရောပ ဈေးကွက်ကို တင်ပို့သည့်အတိုင်း ရုရှားတာဝန်ရှိသူများမှ စက်ရုံများကို စစ်ဆေးပြီးမှသာ ပို့ကုန်များကို ရုရှားဈေးကွက်သို့ တင်ပို့၍ ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ

ပြပွဲတွင် ကျောက်မျက်၊ ပုလဲနှင့် ကျောက်စိမ်းအတွဲ ၁၀၀၀၀ ကျော် ရောင်းမည်၊ ကျောက်မျက်အတွဲ လွတ်လပ်စွာ ၀ယ်ခွင့်ရရန် လုပ်ငန်းရှင်အချို့ မျှော်လင့်

နေပြည်တော်တွင် ကျင်းပမည့် (၅၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် မိုးကုတ်ကျောက် အပါအ၀င် ကျောက်မျက် အတွဲ ၂၅၀ ကျော်၊ ပုလဲအတွဲ ၂၅၅ တွဲနှင့် ကျောက်စိမ်းအတွဲ ၁၀၀၀၀ ကျော် ရောင်းမည်ဟု သိရသည်။ကျောက်မျက်အတွဲ ၂၅၀ ကျော်ကို အခြေခံဈေး ယူရို ၅၀၀ မှ ၂၀၀၀၀ ကျော်အထိ သတ်မှတ်ကာ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး ပုလဲအတွဲ ၂၅၅ တွဲကို အခြေခံဈေး ယူရို

ဟံသာဝတီ ဦးဝင်းတင်နှင့် ဒေါ်စန်းစန်းနွဲ့(သာယာဝတီ) တို့ကို ရွှေကလောင်ဆု (Golden Pen of Freedom) လာရောက်ချီးမြှင့်

မြန်မာနိုင်ငံမှ နာမည်ကျော် စာရေးဆရာနှင့် သတင်းစာဆရာများ ဖြစ်ကြသော ဟံသာဝတီ ဦးဝင်းတင်နှင့် ဒေါ်စန်းစန်းနွဲ့ (သာယာဝတီ) တို့ကို World Association of Newspapers and News Publishers အဖွဲ့မှ ရွှေကလောင်ဆု (Golden Pen of Freedom Award) ကို မေ ၃၀ ရက်တွင် လာရောက်ချီးမြှင့်ခဲ့သည်။၎င်းတို့နှစ်ဦးမှာ ရွှေကလောင်ဆုအတွက် ၂၀၀၁ ခုနှစ်ကတည်းက ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သော်လည်း အခြေအနေ အရပ်ရပ်ကြောင့် ယခုအချိန်မှ ကိုယ်တိုင်လာရောက်ပြီး

မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ဆီးဂိမ်းစီစဉ်ပုံကို ဖိလစ်ပိုင်က မကျေနပ်

မြန်မာနိုင်ငံမှာ အခုနှစ်ကုန်ပိုင်း ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများ အားကစားပွဲတော် ဆီးဂိမ်း (SEA Games) မှာ သမရိုးကျအရေးပါတဲ့ အားကစားနည်းတွေ ချန်လှပ်ထားတာကို ကန့်ကွက်တဲ့အနေနဲ့ ဖိလစ်ပိုင်နိုင်ငံက အားကစားအဖွဲ့ဝင်နည်းနည်းကိုသာ စတိအဖြစ်စေလွှတ်မှာဖြစ်ကြောင်း ဖိလစ်ပိုင် အားကစားအဖွဲ့ချုပ် ဥက္ကဌ Mr Garcia က ပြောကြားလိုက်ပါတယ်။နောက်ဆုံး ပြီးစီးခဲ့တဲ့ Indonesia နိုင်ငံက အရှေ့တောင်အာရှနိုင်ငံများ အားကစားပွဲတော်တုန်းက ဖိလစ်ပိုင်အနေနဲ့ အားကစားသမား ၅၀၀ ကျော် စေလွှတ်စေခဲ့ပေမယ့် အခု မြန်မာနိုင်ငံက အားကစားပွဲတော်ကိုတော့ သုံးလေးဆယ်လောက်ပဲ

မူးယစ်ဆေးဝါးအမှု တရားရုံးကို ရောက်ရှိမှုနည်းပါး

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီက အဖွဲ့ဝင်တွေဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က တရားရုံးတွေကို အခုရက်ပိုင်းအတွင်း ကွင်းဆင်းလေ့လာခဲ့ရာမှာ မူးယစ်ဆေးဝါးအမှုတွေ တရားရုံးရောက်ရှိမှု နည်းပါးတာ တွေ့ရတယ်လို့ RFA ကို ပြောပါတယ်။အဲဒီလို မူးယစ်ဆေးဝါးနဲ့ သက်ဆိုင်တဲ့အမှုတွေ တရားရုံးတွေကို

အစိုးရကို ကျွန်တော်တို့ '၀'က တိုက်စရာ အကြောင်းမရှိကြောင်း '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ ပြင်ပဆက်ဆံရေး ဒုတိယတာဝန်ခံ ပြောကြား

မြန်မာနိုင်ငံတွင် လက်နက်ကိုင် အင်အားစုများအနက် ဒုတိယအင်အား အကြီးဆုံးဖြစ်သော '၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်အနေဖြင့် ၎င်းတို့၏ အင်အားကို အသုံးပြုပြီး အစိုးရကို တိုက်ရန် အစီအစဉ် မရှိကြောင်း '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ ပြင်ပဆက်ဆံရေး ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းက မေ ၃၀ ရက်က ပြောကြားလိုက်သည်။အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသော ဦးဆမ်ခွန်းက

NATO နှင့် ရုရှားရေတပ် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တစ်ရပ် ပြုလုပ်မည်

NATO နှင့် ရုရှားနိုင်ငံတို့သည် ရေတပ်ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို ပင်လယ်နက် အတွင်း၌ မကြာမီ ကျင်းပသွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံ ဆိုင်ရာ NATO သံတမန် အလက်ဇန္ဒြား ဂရက်ရှ်ကိုက မေ ၂၈ ရက်တွင် ထုတ်ပြန် ပြောကြားခဲ့ကြောင်း သိရသည်။အဆိုပါ ရေတပ်ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းကို NATO နှင့် ရုရှား နိုင်ငံအကြား လေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အစပျိုး ဆောင်ရွက်ရေး

တောင်ကိုရီးယား နိုင်ငံအတွင်းရှိ နျူကလီးယား စွမ်းအင် စက်ရုံနှစ်ရုံကို ပိတ်ပစ်ခဲ့

တောင်ကိုရီးယား နိုင်ငံအတွင်းရှိ နျူကလီးယား စွမ်းအင်စက်ရုံ နှစ်ရုံတွင် တပ်ဆင်ထားသည့် အရေးကြီးသော ထိန်းချုပ်ရေး ကေဘယ်လ်ကြိုးများသည် အတုဖြစ်နေကြောင်း စစ်ဆေး တွေ့ရှိပြီးနောက် တောင်ကို ရီးယား အစိုးရက အဆိုပါ စက်ရုံနှစ်ရုံကို ပိတ်ပစ်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်ဗို့အားနှင့် တွန်းအား ပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်ရန် ကေဘယ်လ်ကြိုး များကို နိုင်ငံတကာစံချိန်၊ စံညွှန်းနှင့် ကိုက်ညီမှုရှိ၊ မရှိကို အာဏာပိုင်များက စစ်ဆေးကြည့်ရာ အဆိုပါ ကေဘယ်လ်များသည်

လားရှိုး ပဋိပက္ခတွင် ပါဝင်လှုံ့ဆော်သည်ဟု ယူဆရသူ ၃၈ ဦးအား ဖမ်းဆီးထား၊ ဓာတ်ဆီလောင်း၍ မီးရှို့ခံထားရသူ အမျိုးသမီး သေဆုံးသည်ဆိုသည့် သတင်း မမှန်ကန်

မေ ၃၀ ရက်အထိ လားရှိုးမြို့အတွင်း ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်သူ ၃၈ ဦးအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။လားရှိုးမြို့နယ်အတွင်း အကြမ်းဖက် ဖျက်ဆီးမှုများနှင့် ပတ်သက်၍ ပါဝင်သူဟု ယူဆရသူများကို မေ ၂၉ ရက်မှ စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး မေ ၃၀ ရက် ညနေပိုင်းအထိ ဖမ်းဆီးထားသူ ဦးရေမှာ ၃၈ ဦး ရှိကြောင်း သိရသည်။လမ်းပေါ်သို့ လူအုပ်စုဖြင့် ထွက်ကာ တုတ်ဓားလက်နက်များ ကိုင်ဆောင်ကာ အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်သည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း

နမ့်စန်- ကျိုင်းတုံ လမ်းပိုင်းတွင် လမ်းချဲ့ မြေတူး ဖော်ခြင်း ဆောင်ရွက်စဉ် ဗုံးဟောင်း တစ်လုံး တွေ့ရှိ

မေ ၂၈ ရက် နံနက် ၁ဝ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်၊ နမ့်စန်-ကျိုင်းတုံ လမ်းပိုင်း တစ်ဝိုက် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဘက်ဟိုး မြေတူးစက်ဖြင့် လမ်းချဲ့မြေတူးခြင်း ဆောင်ရွက်စဉ် အရှည် ၄ ပေ ၅ လက်မ၊ အချင်း ၁ ပေ၊ လုံးပတ် ၂ ပေခန့်ရှိ ဗုံးသီးအဟောင်း တစ်လုံးအား နမ့်စန်မြို့နယ်၊ နမ့်မော်ခေါက်ဆင့် တံတားအနီး မီတာ ၁ဝဝဝ ခန့်အကွာတွင် တူးဖော် တွေ့ရှိ၍ တံတား လုံခြုံရေး အဖွဲ့ထံ

ဒိန်းမတ်နိုင်ငံ တော်ဝင်မင်းသမီး မလေးရှားက ကရင်တွေနဲ့တွေ့ဆုံ

မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ရဲ့ ဖိတ်ခေါ်မှုနဲ့ မလေးရှားနိုင်ငံကို ၄ ရက်ကြာ လည်ပတ်ခဲ့တဲ့ သြစတြေးလျနိုင်ငံဖွား ဒိန်းမတ်နိုင်ငံ တော်ဝင်မင်းသမီး မေရီဟာ ကရင်အမျိုးသားအစည်းအရုံးကို သွားရောက်လည်ပတ်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။မလေးရှားနိုင်ငံရှိ ကရင်အမျိုးသားအစည်းအရုံး စာသင်ခန်းကို သွားရောက်ပြီး ကရင်ဒုက္ခသည် ကလေးငယ်တွေကို အားပေးစကားပြောတာတွေ၊

ချင်းပြည်နယ် နတ်မတောင် အမျိုးသားဥယျာဉ်တွင် နိုင်ငံခြားသား ခရီးသွားဦးရေ နှစ်ဆခန့် မြင့်တက်လာ

ချင်းပြည်နယ် နတ်မတောင် အမျိုးသားဥယျာဉ်တွင် နိုင်ငံခြားသား ခရီးသွားလာခွင့် မကန့်သတ်တော့ခြင်းကြောင့် နိုင်ငံခြားသား ခရီးသွားဦးရေ နှစ်ဆခန့် မြင့်တက်လာသည်ဟု နတ်မတောင် အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက ပြောကြားသည်။နတ်မတောင် အမျိုးသားဥယျာဉ်သို့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် လာရောက်သည့် နိုင်ငံခြားသားဦးရေ တစ်ရာကျော်သာ ရှိသော်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင်မူ နိုင်ငံခြားသား လေးရာနီးပါး လာရောက်ခဲ့ကြောင်းနှင့် ပြည်တွင်းခရီးသွား

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...