အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

24 May, 2013

ထိုင်းနိုင်ငံက DTAC မိုဘိုင်းဖုန်းကုမ္ပဏီ မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ ရှိ

ထိုင်းနိုင်ငံရဲ့ ဆက်သွယ်ရေး ကုမ္ပဏီကြီးတခုဖြစ်တဲ့ Total Access Communication (DTAC) ဆိုတဲ့ တယ်လီဖုန်း ကုမ္ပဏီကြီဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ရှိနေပါပြီ။ မြန်မာနိုင်ငံ ရဲ့ တယ်လီဖုန်း ဆက်သွယ်ရေးဆိုရာ လုပ်ငန်းတွေမှာ သူတို့ကုမ္ပဏီက ၀င်ရောက် ရင်းနှီး
မြှုပ်နှံဖို့ အစီ အစဉ် လုပ်နေတယ်လို့ ဒီတက် (DTAC) ကုမ္ပဏီရဲ့ အဓိက ရှယ်ယာပိုင်ဆိုင်သူ Telenor Asia အကြီးအကဲ Sigve Brekke က ပြောတာကို ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။ 
သူ့အပြောအရ ၅ နှစ်တာ ကာလအတွင်းမှာ ဆယ်လူလာ တယ်လီဖုန်းကွန်ရက်အသုံးပြုမှုရဲ့ ၇၅ ရာခိုင်နှုန်း ကို စီစဉ် သွားနိုင်မယ်လို့လည်း ဆိုထားပါတယ်။
ဒီအတွက် လိုင်စင်ရဖို့ တင်ဒါတင်ထားပြီး ၁၅ နှစ် သက်တမ်း ရှိတဲ့ လိုင်စင် အတွက် အမေရိကန် ဒေါ်လာ သန်း ၃၅၀ ကို မြန်မာ့ဆက်သွယ်ရေးကို တင်သွင်းရမှာဖြစ်ပါတယ်။ 

မြန်မာအစိုးရတော့တော့ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်တင်ထားကြတဲ့ ကုမ္ပဏီပေါင်း ၁၂ ခု ထဲကမှ ၁၅ နှစ် သက်တမ်း လိုင်စင် ၂ ခုကို လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ကြေညာ သွားဖို့ ရှိတယ်လို့ ဘန်ကောက် ပို့စ် သတင်းစာက ဆိုပါတယ်။ 

မိုဘိုင်း တယ်လီဖုန်း လုပ်ငန်း လုပ်ပိုင်ခွင့် လိုင်စင်ရဖို့ တင်ထားတာကတော့ ဒီတက် (DTAC) အပါအ၀င် အိန္ဒိယက Hhati Airtel၊ ဂျပန်က KDDI ကော် ပိုရေးရှင်း၊ Vodafone ကုမ္ပဏီ၊ စင်ကာပူ တယ်လီ ဆက် သွယ်ရေး၊ မလေးရှားက Axiata Group နဲ့ တရုတ်မိုဘိုင်းတို့လည်း ဖြစ်ပါတယ်။ 

ပြောရရင် နိုင်ငံတကာက ကုမ္ပဏီ ၉၁ ခုက မြန်မာနိုင်ငံမှာ မိုဘိုင်းတယ်လီဖုန်း လုပ်ငန်း လိုင်စင်ရဖို့ စိတ်ဝင်စားနေကြတာပါ။ 

Brekke က ပြောတာကတော့ သူတို့ ဒီတက် (DTAC) မိုဘိုင်းတယ်လီဖုန်း ကုမ္ပဏီရဲ့ Happy ဟက်ပီး တံဆိပ်ဟာ ဆင်းမ်ကတ်ဈေးလည်းချို၊ ခေါ် ဆိုခ ဈေနှုန်း ချိုသာမှုတွေကြောင့် ဈေးကွက်မှာ အတွေ့အကြုံ
ကောင်းတွေ ရှိတာ ကြောင့် မိုဘိုင်းဖုန်း လုပ်ငန်း လိုင်စင်ရမယ်လို့ ယုံကြည်နေပါတယ်တဲ့။ 

အခုတော့ မြန်မာနိုင်ငံမှာ တယ်လီဖုန်း ဆင်းမ်ကတ်တခုကို ကျပ် ၁၅၀၀ ဟာ အနိမ့်ဆုံးဖြစ်လာတာ တလ ကျော်ပဲ ရှိပါသေးတယ်။ 

မြန်မာနိုင်ငံမှာ ၁၅၀၀ ကျပ်တန် မဲစနစ်နဲ့ တန်းစီဝယ်ရတဲ့ မိုဘိုင်း ဖုန်းကတ်တွေရဖို့ ခိုက်ရန်ဖြစ်မှုတွေ၊ ထိခိုက်ဒဏ်ရာ ရမှုတွေတောင် ဖြစ်ခဲ့ရပါတယ်။  


အိမ့်သံစဉ် ~

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...