အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

24 May, 2013

တောင်ကိုရီးယားနိုင်ငံထုတ် ပထမဆုံး စွယ်စုံသုံး ရဟတ်ယာဉ်

KUH-1 ရဟတ်ယာဉ်သည် တိုက်ခိုက်ရေး ကဏ္ဍတွင်သာမက ဘက်စုံပြောင်းလဲ အသုံးပြုနိုင်ပြီး ယင်းသည် တောင်ကိုရီးယားတွင် ဖန်တီးတီထွင်သည့် ပထမဆုံး ရဟတ်ယာဉ် အမျိုးအစားလည်း ဖြစ်လာခဲ့သည်။
တောင်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ ပထမဆုံး ပြည်တွင်းဖြစ် စွယ်စုံသုံး ရဟတ်ယာဉ် အမျိုးအစားသစ်ကို ထုတ်ဖော် ပြသလိုက်သည်။ KUH-1 ရဟတ်ယာဉ်သည် တိုက်ခိုက်ရေး ကဏ္ဍတွင်သာမကဘက်စုံပြောင်းလဲ အသုံးပြုနိုင်ပြီး ယင်းသည်တောင်ကိုရီးယားတွင်ဖန်တီးတီထွင်သည့်ပထမဆုံးရဟတ်ယာဉ်အမျိုးအစားလည်း ဖြစ်လာခဲ့သည်။ပျော်ရွှင် ဂုဏ်ယူနေသော သမ္မတ ပါ့ခ်ဂွမ်ဟီးသည် အဆိုပါ ရဟတ်ယာဉ်ပေါ်တွင် သူမ၏ အခြားသော ထိပ်တန်း အစိုးရ အရာရှိများကဲ့သို့ပင် စမတ်ကျကျ အမှတ်တရ ဓာတ်ပုံ အရိုက်ခံခဲ့သည်။ တောင်ကိုရီးယား အစိုးရသည် ယင်းရဟတ်ယာဉ် လက်တွေ့ ဖြစ်မြောက်လာရေးအတွက် (၆)နှစ် စီမံကိန်းနှင့် လုပ်ဆောင်ခဲ့ရသည်။

နိုင်ငံ၏ လေကြောင်းပျံသန်းမှု နည်းပညာ တိုးတက်လာသည့် ပြယုဂ်တစ်ခုအဖြစ် KUH-1ကို တောင်ကိုရီးယားက တီထွင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ရဟတ်ယာဉ်သစ် မိတ်ဆက်မှု အခမ်းအနားတွင် လေယာဉ်မှူးများသည် လေထဲတွင် အမျိုးမျိုးအဖုံဖုံ ပျံသန်းလှုပ်ရှား အစွမ်းပြခဲ့သလို ရဟတ်ယာဉ်ပေါ်မှ ကြည်းတပ်စစ်သည်များ လျင်မြန်ဖြတ်လတ်စွာ ကြိုးဖြင့် ဆင်းသက်သည့် တိုက်ခိုက်ရေး ဗျူဟာများကိုလည်း လက်တွေ့ပြသခဲ့သည်။

Surionဟု ကိုရီးယားစစ်တပ်က အမည်ပေးထားသည့် ယင်းရဟတ်ယာဉ်ကို Korea Aerospace Industriesနှင့် Agency for Defense Developmentတို့က ပူးပေါင်း ဖန်တီးထားခြင်း ဖြစ်သည်။

Planet.com.mm

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...