အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

24 May, 2013

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်းအစိုးရ အတည်ပြု

မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ထိုင်းနိုင်ငံ အစိုးရအဖွဲ့မှ သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း ထိုင်းသတင်း အေဂျင်စီကို ကိုးကား၍ Bernama သတင်းဌာနက ဖော်ပြခဲ့သည်။
ထိုင်းအစိုးရ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Chalitrat Chantarubeksa က အင်္ဂါနေ့ ဆွေးနွေးပွဲအပြီးတွင် အစိုးရ၏ ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အဆိုပါ အတည်ပြုချက်အရ ထိုင်းနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ အနေဖြင့် ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံရန် ဘဏ္ဍာရေး ၀န်ကြီးဌာနအား ထိုင်းအစိုးရက တရားဝင် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

အီတာလျံထိုင်း အများပိုင် ကုမ္ပဏီမှာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံမြှုပ်နှံကာ ၁၀ နှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်ရန် သဘောတူထားခဲ့ခြင်းဖြစ်သည်။

လက်ရှိ အနေအထားတွင်မူ အီတာလျံထိုင်း အများပိုင် ကုမ္ပဏီအနေဖြင့် လုံလောက်စွာ မြှုပ်နှံနိုင်ခြင်း မရှိဘဲ ထိုင်းအစိုးရအား ပြန်လည်အကူအညီ တောင်းခံရခြင်း၊ ဂျပန်နိုင်ငံကိုလည်း အကူအညီ တောင်းခံရခြင်းများ ရှိခဲ့သည်။ ငွေကြေးအခက်အခဲကြောင့် စီမံကိန်းကိုပင် ရပ်ဆိုင်းမည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီး ယခုအခါ ထိုင်းအစိုးရမှ ကူညီရန် သဘောတူညီခြင်း ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ထိုင်းနိုင်ငံ၏ ယခင်ဝန်ကြီးချုပ် ရာထူးမှ ရပ်စဲခံခဲ့ရသည့် သက်ဆင်ရှင်နာဝပ်သည်လည်း ၂၀၁၃ ခုနှစ် နှစ်စပိုင်းတွင် လာရောက်လေ့လာခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ရင်လပ်က မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဂျပန်ရင်းနှီးမြှုပ်နှံသူများ ပါဝင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်၏ အတွင်းရေးမှူးချုပ်က မေ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း လုပ်ငန်းခွင်အား တွေ့ရစဉ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...