အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

24 May, 2013

ထိုင်းကျန်းမာရေးနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ မြန်မာတွင် ဈေးကွက်ရှာမည်

ထိုင်းနိုင်ငံ၏ ကျန်းမာရေး၊ အလှအပ နှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများမှာ မြန်မာနိုင်ငံ၏ စီးပွားရေးအလားအလာ များကြောင့် မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ (SME) နှင့် ပူးပေါင်းလိုကြောင်း ထိုင်းနိုင်ငံကျန်းမာရေးနှင့် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း (Thailand Medical Tourism Cluster) ဥက္ကဋ္ဌ Dr. Prapa က ပြောကြားသည်။
ထိုင်းနိုင်ငံရှိ ကျန်းမာရေး စောင့်ရှောက်မှု၊ အလှအပနှင့် ခရီးသွားဝန်ဆောင်မှု ဆိုင်ရာလုပ်ငန်းများ မြန်မာနိုင်ငံတွင် ဈေးကွက်ရှာဖွေရန်နှင့် ပြည်တွင်းရှိ SME လုပ်ငန်းများနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်နိုင်ရန် မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့တော်ရှိ ထိုင်းသံရုံးတွင် တွေ့ဆုံ ဆွေးနွေးစဉ် ၄င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား ကျန်းမာရေးစောင့်ရှောက်မှု၊ အလှအပနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများသည် အတွေ့အကြုံနည်းပါးပြီး ဖွံ့ဖြိုးမှု နိမ့်ကျနေသေးကြောင်း ၄င်းက မှတ်ချက်ပြုသည်။

ထိုင်းနိုင်ငံစီးပွားရေး၏ ၉၉ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး လုပ်ငန်းအရေအတွက် ၂ ဒသမ ၆ သန်းရှိသော SME လုပ်ငန်းများ မြှင့်တင်ရေးအတွက် ဖွဲ့ထားသော Office of Small and Medium Enterprises Promotion (OSMEP) ရုံးအဖွဲ့သည် အာဆီယံဒေသတွင်း SME များ၏ အဓိကထောက်ပံ့ပေးသော အဖွဲ့အစည်း အဖြစ် ရပ်တည်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါဆွေးနွေးပွဲ တက်ရောက်သော OSMEP ၏ ဒုတိယညွှန်ကြားရေး မှူးချုပ် Ms. Wimonkan က ပြောဆိုသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...