ရှမ်းပြည်နယ် ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသက အာရှကမ္ဘာမြေ ကုမ္ပဏီက နိုင်ငံတော်ကို တစ်လ ရွှေပိသာချိန် ၃၀ ပေးသွင်းရမယ့်အစား တစ်လမှာ ၃ ပိသာလောက်ပဲ ပေးသွင်းခဲ့တာကြောင့်၊ နိုင်ငံတော်ကိုပေးဖို့ကျန်ရ
နေပြည်တော် သတ္ထုနဲ့ သယံဇာတ ရေးရာကော်မတီရုံးခန်းမှာ အာရှကမ္ဘာမြေ ကုမ္ပဏီတာဝန်ရှိသူတွေ ၊ သတ္ထုတွင်းဝန်ကြီးဌာနက တာဝန်ရှိသူတွေ နဲ့ ဒေသခံတွေကို ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ကြတ
"သူတို့ကုမ္ပဏီက စာချုပ်က တစ်ရက်ကိုဆိုရင် ရွှေ ၁ ပိသာသွင်းရမှာ တစ်လကိုဆိုရင် ပိသာ ၃ဝ သွင်းရမှာ၊ အဲဒါကို တစ်လကို ၃ ပိသာပဲ သွင်းထားတဲ့အထောက်အထား ဒေသခံတွေကရတာပေါ့၊ အဲဒီအထောက်အထားကလည်း မှန်တယ်၊ အဲဒါကိုသတ္ထုဝန်ကြီးဌာနက လျော့ပေးထားတာ၊ ဘာကြောင့်လျော့ပေးလဲဆိုတော့
အခုလို အမျိုးသားလွှတ်တော်က ခေါ်ယူတွေ့ဆုံတာဟာ ဒေသခံတွေရဲ့ တိုင်ကြားချက်ကြောင့် ဖြစ်တယ်လို့လည်း သိရှိရပါတယ်။ ကုမ္ပဏီက လုပ်ကိုင်နေတာတွေဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အြ
"ပွင့်လင်းမြင်သာမှု မရှိတာရယ် နောက်ပြီး သူတို့လုပ်နေတဲ့အလုပ်တွေက သူတို့စာချုပ်တွေနဲ့ တလွဲဖြစ်နေတယ်လေ၊ အဲဒါကြောင့်ပါ၊ ကျနော်တို့ ပြဿနာရှာချင်လို့ မဟုတ်ပါဘူး၊ ဆန္ဒပြတာတို့ဘာတို့လဲ ကျနော်တို့ဆီမှာ မရှိပါဘူး၊ ကျနော်တို့က သူတို့ black list ခံသွားရရင် နိုင်ငံတော်ကြီး နစ်နာမှာစိုးလို့ ကျနော်တို့ ပြည်နယ်မှာရှိနေတဲ့ သယံဇာတကို ဒီလူတစ်စုက အလွဲသုံးစားလုပ်သွားမှာစိုး
အာရှကမ္ဘာမြေ ကုမ္ပဏီဟာ အဲဒီကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသမှာ ရွှေတူးဖော်တဲ့လုပ်ငန်းကို လုပ်နေတာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကထဲကလို့လည်း ဒေသခံတွေကပြောပါတယ်။
အဲဒီရွှေတွင်းလုပ်ငန်းတွေမှာ
RFA Burmese