အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

24 May, 2013

မိုးမျှော်နေတဲ့ မြဝတီ - မဲဆောက်

သောင်ရင်းမြစ် ဖြတ်သန်းရာ မြ၀တီ မဲဆောက်ဒေသသည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိက ကုန်သွယ်ရေးလမ်းကြောဖြစ်နေသည်
ရာသီဥတု အဆမတန်ပူပြင်းနေသောကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့နှင့် မြန်မာနိုင်ငံမြ၀တီမြို့ကို ပိုင်းခြားထားသည့်နယ်ခြားသောင်ရင်းမြစ်တွင် ရေအနက် ၂ ပေခွဲခန့်သာ ကျန်ရှိလာပြီး စက်လှေများဖြင့် ကုန်သွယ်ရန် ခက်ခဲလာသည်။ထိုင်းဘက်ခြမ်းအမှတ် ၂ လှေဂိတ်မှတဆင့် ဘီယာနှင့် အချိုရည်မျိုးစုံ တင်သွင်းသည့် မြန်မာကုန်သည်တဦးက စက်လှေအပြည့် တင်လို့ မရတော့ ပစ္စည်းကို အလီလီကဲ့နေရတယ်။ ဒီလကုန်လို့မှ မိုးမရွာရင် သောင်ရင်းမြစ်ပေါ် ကုန်တင်စက်လှေတွေ သွားလို့ရတော့မှာ မဟုတ်ဘူး” ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။

သဲစုပ်စက်များအသုံးပြု၍  မြစ်အတွင်း စက်လှေတစီးစာ သွားလာနိုင်မည့် ရေလမ်းကြောကို ရှာဖွေကာ ကုန်ပို့ဆောင်နေကြသည်ကို တွေ့ရသည်။

မြစ် နဲ့ တံတား

မြစ်အတွင်း ကုန်စည်စီးဆင်းသည့် အဓိက စက်လှေဂိတ် ၁၀ ခုခန့်ရှိသည်။

ထိုင်းကုန်ပစ္စည်းများ ဤလမ်းကြောင်းမှ ၀င်ရောက်မှုမှာ လစဉ် ဘတ် သန်းပေါင်း လေးထောင် ကျော်ဘိုးရှိသည်ဟု သိရသည်။

ထိုပမာဏထဲမှ ၃ ပုံ ၁ ပုံမှာ  မြန်မာဘက်က ပိတ်ပင်ထားသည့် ကုန်ပစ္စည်းများဖြစ်ပြီး စက်လှေများဖြင့် တင်ပို့ကြကြောင်း သိရသည်။

မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတားမှတဆင့် ၀င်ရောက်သည့် ကုန်စည်ပမာဏမှာ ကုန်သွယ်မှု၏ ထက်ဝက်ခန့်သာရှိသည်ဟု သိရသည်။

ခရီးသည်လည်းဖြတ်၊ ကုန်လည်းဖြတ်


မြန်မာနိုင်ငံသား တထောင် ခန့်လည်း သောင်ရင်းမြစ် ဖြတ်ပြီး နေ့စဉ် သွားလာနေကြသည်ဟု မြန်မာစက်လှေမောင်းသူများက ပြောသည်။

မြ၀တီမှမဲဆောက်သို့ နေ့စဉ်အသွားအပြန်အလုပ်ဆင်းနေသည့် မစန်းစန်းမော်က...
“ကျမက ဘောဂိတ်ကနေ နေ့တိုင်းစက်လှေနဲ့ကူးရတာ။
အသွားအပြန် (ကျပ်) တထောင် ပေးရတယ်။ ရေက ဘောဂိတ်မှာ ဒူးခေါင်းအောက်ပဲ ရှိတော့တယ်။ လမ်းလျှောက်ကူးလို့ ရတယ်၊ ဒါပေမဲ့ ကူးခွင့်မရဘူး။ စက်လှေနဲ့ပဲ သွားရတယ်။
လှေကလည်း ခဏခဏ မြစ်လယ်မှာသောင်တင်တယ်။ ကျမက မြ၀တီဇာတိပဲ။ အသက် ၃၀ ကျော်ပြီ။ ဒီလိုမျိုး သောင်ရင်းမြစ်ရေခမ်းတာ ဒီနှစ်မှာ အဆိုးဆုံးပဲ။ အရင်ကမရှိခဲ့ဘူး” ဟု ပြောသည်။

မြ၀တီမြို့နယ် ဒေသတချို့တွင်လည်း  တွင်းရေခမ်းခြောက်မှု၊ ရေရှားပါးမှုများ ဖြစ်ပေါ်နေသည်ဟုလည်း မစန်းစန်းမော်ကပြောသည်။


အနက် ၂ ပေခန့်သာကျန်ရှိသည့် သောင်းရင်းမြစ်ကို ချစ်ကြည်ရေးတံတားအနီးတွင်တွေ့ရစဉ် (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...