အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

24 May, 2013

ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန် စသည့် ပြည်သူများ လိုက်နာနိုင်မှု မရှိသည့် အခွန်များအား အသစ်ပြန်လည် ပြဋ္ဌာန်းမည်


ဝင်ငွေခွန်၊ ကုန်သွယ်ခွန် စသည့် ပြည်သူများ လိုက်နာနိုင်မှု မရှိသည့် အခွန်စည်းကြပ်များအား ပြည်သူများ လိုက်နာနိုင်သည့် အနေအထားအထိ ရောက်ရှိရန် အသစ်ပြန်လည် ပြဋ္ဌာန်းမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ သိရသည်။မြန်မာနိုင်ငံ၏ GDP တွင် အခွန်ပါဝင်မှု အချိုးမှာ သုံးရာခိုင်နှုန်းခန့်သာ ရှိနေပြီး အခွန်ဆိုင်ရာ နယ်ပယ်ကျယ်ပြန့်ပြီး ပြည်သူများ လိုက်နာနိုင်သည့် နှုန်းထားသို့ ရောက်ရှိရန် ယခင်နှစ် ဧပြီ ၁ ရက်မှ စတင်၍ အခွန်နှုန်းထားများ ပြင်ဆင်သတ်မှတ်ခဲ့သော်လည်း ပြည်သူများ လိုက်နာနိုင်မှု နည်းပါးသည့်အတွက် ဥပဒေသစ် ထပ်မံပြဋ္ဌာန်းရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

''ပြည်သူတွေ လိုက်နာနိုင်တဲ့ နှုန်းထားအထိ ရောက်အောင် ၀င်ငွေခွန်တွေ ကုန်သွယ်လုပ်ငန်းခွန်တွေကို အသစ်ပြန်လည် ပြဋ္ဌာန်းပါမယ်'' ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင်၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အစဖြစ်သည့် ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်မှ စတင်၍ ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်များအား အစပေါင်း ၁၀၀ အထိ တိုးမြှင့်ခဲ့သော်လည်း ပြည်သူများအကြား လိုက်နာနိုင်မှု မရှိသည့်အပြင် ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်များ ပြန်လည်လျော့ချပေးရန် ဆန္ဒဖော်ထုတ်မှုများ နိုင်ငံတော် သမ္မတထံ တင်ပြမှုများ ဖြစ်ပွားခဲ့သဖြင့် ပြန်သူများ လိုက်နာနိုင်စေရန် ရာခိုင်နှုန်း ၁၀၀ အထိ တိုးမြှင့်ခဲ့သည့် တံဆိပ်ခေါင်းခွန်နှင့် ရုံးခွန်များအား ရာခိုင်နှုန်း ၃၀ အထိ လျော့ချမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ သိရသည်။

''လာမယ့်ဇွန်လအတွင်း ပြန်လည်ကျင်းပမယ့် လွှတ်တော်မှာ အဆပေါင်းများစွာ တင်ထားတဲ့ ရုံးခွန်၊ တံဆိပ်ခေါင်းခွန်တွေကို အဆပေါင်း ၃၀ အထိ လျော့ချဖို့ အတည်ပြု ဆွေးနွေးပြီးရင် တရားဝင် ထုတ်ပြန်ပေးပါတယ်'' ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးဖြိုးမင်းသိန်းက ဆိုသည်။

လက်ရှိကောက်ခံနေသော အခွန်များနှင့် ပတ်သက်၍ စိစစ်ကြပ်မတ်ခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်နိုင်ရန် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့အား မေ ၈ ရက်က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဆိုပါအဖွဲ့ အနေဖြင့် ရသင့်ရထိုက်သော အခွန်များရရှိရန်၊ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီရန်၊ လက်ရှိအခွန် ကောက်ခံမှုနှင့် ပတ်သက်၍ လေ့လာသုံးသပ် အကြံပြုရန်နှင့် မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှု စနစ်တကျ ဖြစ်စေရေးနှင့် အခွန်ပြည့်ပြည့်၀၀ ရရှိစေရေး စသည့်လုပ်ငန်းစဉ်များ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

Eleven

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...