မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသို့ ၂.၈.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင်ကို-----ကလေးမြို့နယ်နေသူ
သည် နိုင်ငံသားစိ စစ်ရေး ကဒ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းစာရွက်တို့ပေါ်၌
၎င်း၏မွေးသက္ကရာဇ်အား(၁၈)နှစ်ပြည့်စေရန်အတွက်
ပြင်ဆင်ထားပြီးနိုင်ငံကူးလက်မှတ်လျှောက်ထား
ခဲ့ကြောင်း တွေ့ရှိရသဖြင့်
၎င်းအားစစ်ဆေးခဲ့သည်။တောင်ဥက္ကလာပမြို့နယ်၊နေကို----မှငွေ(၃၀၀၀)ကျပ်ရယူကာ
ပြင်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်
လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား
မှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြသန်းမှအရေးယူပေးပါရန် တိုင်တန်းခဲ့၍ မဒိုးလွန်းနဲမ်း နှင့် ဟိန်းဇေယျာကျော်တို့အား ဗဟန်းမြို့မရဲစခန်း (ပ)၃၀၅/၂၀၁၃၊ ပုဒ်မ ၄၂၀/၄၆၈ ဖြင့်
၃.၈.၂၀၁၃ ရက်နေ့တွင် အရေးယူထားရှိကြောင်းYangon Policeမှသိရသည်။
Popular Myanmar News Journal