အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 August, 2013

မိုက်ကရိုဖုန်းနဲ့ ရိုက်မိပြီး တေလာဆွစ်ဖ် သွားပဲ့


ဂရမ်မီဆုရှင် ကျေးလက်ဂီတ အဆိုတော် တေလာဆွစ်ဖ်ဟာ ဖျော်ဖြေပွဲ တစ်ခုမှာ သီဆိုဖျော်ဖြေနေရင်း မိုက်ကရိုဖုန်းနဲ့ သူမဘာသာမျက်နှာကို ရိုက်မိပြီး သွားတစ်ချောင်း ပဲ့သွားခဲ့တယ်လို့ hollywood reporter.com မှာ ဖော်ပြထားပါတယ်။အသက် ၂၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ တေလာဆွစ်ဖ်ဟာ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်၊ ပစ္စဘတ်မြို့မှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲတစ်ခုမှာ I Knew You Were Trouble ဆိုတဲ့ သီချင်းကို သီဆိုဖျော်ဖြေနေစဉ်မှာ သူမဘာသာ မိုက်ကရိုဖုန်းနဲ့ မျက်နှာကို မတော်တဆ ရိုက်မိပြီး သွားတစ် ချောင်းပဲ့သွားခဲ့တာ ဖြစ်ပါတယ်။

“အဲဒီအချိန်တုန်းက ကျွန်မက သီဆိုဖို့ အသင့်အနေအထားမှာ ရှိမနေခဲ့ပါဘူး။ အဲဒီတော့ သီဆိုရမယ့်အချိန်မှာ မိုက်ကရိုဖုန်းကို အလျင်အမြန် ဆွဲယူလိုက်တော့ မျက်နှာကို ပင့်ရိုက်လိုက်သလို ဖြစ်သွားပြီး သွားတစ်ချောင်း ပဲ့သွားခဲ့တာပါ” လို့ တေလာဆွစ်ဖ်က Rolling Stone မဂ္ဂဇင်းကို ပြောကြားပါတယ်။

ဒါ့အပြင် တေလာဆွစ်ဖ်က သူ့အနေနဲ့ အဲဒီလိုအဖြစ်မျိုး နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ရှေ့လျှောက်သတိထား သွားတော့မယ်လို့လည်း ဆိုပါသေးတယ်။

တေလာဆွစ်ဖ်အနေနဲ့ စင်ပေါ်မှာ သီဆိုဖျော်ဖြေရင်း ဣနြေ္ဒပျက်ရတာ ယခုအကြိမ်ဟာ ပထမအကြိမ် မဟုတ်ဘဲ ၂၀၁၁ ခုနှစ်က စိန့်လူးဝစ်ဇ်မှာ ဖျော်ဖြေစဉ်ကလည်း စင်ပေါ်မှာ စကတ်လန်သွားတဲ့အတွက် မျက်နှာပူစရာ ဖြစ်ခဲ့ရဖူးပါသေးတယ်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...