အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 May, 2013

သမ္မတကတော် စီးလာသည့် ကားပင် လမ်းရှင်းပေးစရာမလို

အထူးတလည်လမ်းရှင်းပေးရ မည့်အထဲတွင် နိုင်ငံတော်သမ္မတကြီး ကတော်ပင် မပါဝင်ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးမှ ရဲမှူးကြီးကျော်ထွေး က ပြောသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ တာဝန် နှင့်ဆောင်ရွက်ပိုင်ခွင့်အရ အချက် ငါး ချက်ရှိရာ နောက်ဆုံးအချက်တွင် အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်း၊ ဧည့်သည်   တော်ယာဉ်တန်းနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများအတွက် အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ပေးရန်ပါဝင်ကြောင်း၊ ထိုအထဲတွင် အရေး ကြီး ပုဂ္ဂိုလ်ဖွင့်ဆိုချက်ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီး များနှင့် ဝန်ကြီးချုပ်တို့သာပါဝင်ကြောင်း ရဲမှူးကြီးကဆို သည်။”သမ္မတကြီးကတော် နေပြည် တော်ကနေ ရန်ကုန်ကိုဆင်းလာတယ်။ အဲဒီကားနံပါတ်ကို ယာဉ်ထိန်းရဲတွေ သိကြတာပဲ။ ဒါပေမဲ့ အများပြည် သူ အတိုင်းပဲ ပိုပြီးတော့မှ လမ်းရှင်းပေး တာတို့ မလုပ်ကြဘူး”ဟု ၄င်းက ပြော သည်။ယာဉ်တိုက်မှုအန္တရာယ် မဖြစ်ပွား စေရန်နှင့် ယာဉ်ကြောပိတ် ဆို့မှု မဖြစ် စေရန် ယာဉ်ထိန်းရဲက ၄င်း၏ တာဝန် အတိုင်း ဆောင်ရွက်နေပြီး အရေးကြီး ပုဂ္ဂိုလ်များမဟုတ်ဘဲ အခြားသူများက တာဝန် မဟုတ် သည့် ဈေးဝယ်ထွက် ခြင်း၊ အခြားကိစ္စများ ဆောင်ရွက်ခြင်း အပေါ် အထူးတလည် လမ်းရှင်းပေးမှုကို ဆောင်ရွက်ပေးခြင်း မပြုလုပ်နိုင်ဟု ရဲမှူးကြီး က ဆက်ပြောသည်။သို့သော် ယခင်စစ်အစိုးရ အကြီး အကဲဟောင်း၏ မြေးဖြစ်သူ အပါအဝင် ဒုတိယဝန်ကြီးတစ်ဦး၏ ဇနီးတို့က ၄င်းတို့ကားကို လမ်းမရှင်းပေးသဖြင့် တာဝန်ကျယာဉ်ထိန်းရဲတို့အပေါ် အနိုင်အထက်ပြောဆိုမှုတို့ ရှိခဲ့ကြောင်း အင်တာနက်ပေါ်တွင် သတင်းများ ပျံ့နှံ့ခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မေး မြန်းမှုအပေါ် ရဲမှူးကြီးကျော်ထွေးက    ”ကျွန်တော်ပြောပြီးပြီပဲ။ အထူးတလည် လမ်းရှင်းပေးရမယ့် ပုဂ္ဂိုလ်က ဘာေ တွ လဲဆိုတာကို”ဟု ပြောသည်။
မင်းသုအောင်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...