အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 May, 2013

"မဟာစည်သာသနာ့ရိပ်သာတွင် မင်္ဂလာဦးဆွမ်းကျွေးမည့် ရဲလေး"

အဆိုတော် ရဲလေးက ချစ်သူ အေးမြနှင့် အတူ မင်္ဂလာဦး ဆွမ်းကျွေး ကို မေ ၁၈ ရက်နေ့တွင် မဟာစည် သာသနာ့ရိပ်သာမှာ ပြုလုပ်မည်ဟု ပြောသည်။

... ချစ်သူ အေးမြနဲ့အတူ ဖေဖော်ဝါရီ ၂၆ ရက်နေ့က လက်မှတ်ထိုး လက်ထပ် လိုက်ပြီဖြစ်ပါတယ်။ မဟာစည်သာသနာ့ရိပ်သာမှာ မင်္ဂလာ ဦးဆွမ်းကျွေး မည်ဖြစ်ပြီး ခင်ရာမင်ရာ သူငယ်ချင်းတွေနဲ့ ညစာစားပွဲ လည်း ပြုလုပ် မှာဖြစ်ကြောင်း ရဲလေးက ပြောသည်။

''ကျွန်တော် အသက် ၃ဝ ပြည့်ပြီ ဆိုတော့ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်ပါပြီ။ နောက်ပိုင်းကျရင်တော့ ကျွန်တော်နောက်ကျ သွားမယ်လေ။ ဆုံးဖြတ်ချက်တွေ နောက်ကျသွားမှာလည်း မလိုလားဘူး။ အချိန် ကောင်းလည်းဖြစ်တယ်။ ကျွန်တော်တို့နှစ်ယောက် သံယောဇဉ်ဖြစ်နေ တာလည်း တော်တော်ကြာပြီ ဆိုတော့ ဒီလို အချိန်ကတော့ အနေတော်ပါပဲ။ အနေတော် အဖြစ်ဆုံး အချိန်ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆုံးဖြတ်လိုက် ကြတာပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ သေချာယူပြီးတော့ ဘဝသစ်တွေကို ရင်ဆိုင်မယ် ဆိုပြီးတော့ ကျွန်တော် တို့ လက်တွဲ ဖြစ် ကြတာပါ'' ဟု ရဲလေးကဆိုသည်။

ခိုင်ဝေလွင်

Popular Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...