အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 May, 2013

မြိတ်ရိုးရာ လူကျားကပွဲ

ဆယ်စုနှစ် ချီပြီး ပျောက်ကွယ်နေသော မြိတ်ရိုးရာဓလေ့ လူကျားကပွဲ အား မြ၀တီ ရုပ်မြင်သံကြား အစီအစဉ်မှ မေလ (၁၄) ရက်နေ့ နံနက် (၁၁) နာရီအချိန်တွင် မြိတ်မြို့ ပါရမီ (၂) ရပ်ကွက် ဓမ္မာရုံအရှေ့တွင် လာရောက် ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။ ထိုအစီအစဉ် ဖြစ်မြောက်ရေးအတွက် မြိတ်မြို့ ပါရမီရပ် ဓမ္မာရုံတွင် လုပ်အားပေး ဆောင်ရွက်နေသည့် လူငယ်များက ကပြခဲ့ပြီး မြို့လှည့်ကပြ အလှူခံခြ...င်းကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ မြိတ်ရိုးရာ ဓလေ့ လူကျားကပွဲသည် နှစ်စဉ် တန်ခူးလတွင် ကပြလေ့ရှိပြီး မြိတ်ခရိုင် အတွင်းရှိ ပုလော၊ တနင်္သာရီ မြို့နယ်များတွင်လည်း ရိုးရာမပျက် ကပြခဲ့ကြသည်။ မြိတ်ဒေသရှိ လူကျားကပွဲနှင့် ပတ်သက်ပြီး စိန်မျိုးမြင့်၏ မြိတ်ကျွန်းစု အလှများဆီသို့ စာအုပ်တွင် ““ မြိတ်ဒေသတွင် ကျားက ကခြင်းကို မြန်မာ နှစ်ဆန်း တန်ခူးလ ၌ ကလေ့ရှိကြောင်း မှတ်တမ်းများအရ သိရသည်။ မှတ်တမ်း တစ်ခု ၏ အဆိုအရ ပလောရိုးရာ ဟု ဆိုသလို၊ အချို့ က ပသျှူးတို့ ၏ အကဟု ဆိုကြသည်။ သမန်းကျားအကဟုလည်း ဆိုကြပြန်ရာ အထက်အညာ ထမံသီဘက်မှ သမန်းကျားအကနှင့် မည်သို့ဆက်နွယ် သနည်းဟု စဉ်းစားမိရပြန် ပါသည်။ မည်သည့် အဆက်အနွယ် ဖြစ်စေ ကျားက၏ ထူးခြားမှုများကတော့ မှတ်သားဖွယ်ဖြစ်သည်။ ယခင်က နှစ်စဉ် တန်ခူးလဆန်း ၇ ရက်နေ့တွင် စတင်၍ ငါးရက်ကြာ ကျင်းပလေ့ရှိသည်ဟု မှတ်တမ်းတစ်ခု၌ တွေ့ရသည်။ မြိတ်ရောက်၍ ကျားက ကမည့် သူများနှင့် ဆုံရသောအခါ ကျားဆေး ထိုးခြင်း ဟူသည့် ကိစ္စကို သိရပြန် သည်။ ကျားဆေးထိုးထားသူ ကသာ ကျားက ကကြသည်ဟု သိရသည်။ ကျားဆေး ထိုးခြင်းမှာလည်း ကျားဆေး ဆရာက ကန်တော့ပွဲ ပူဇော်ပွဲများနှင့် ထိုးပေး သည်ဟု ဆိုကြသည်။ ကျားဆေးထိုး ထားသော ကျားက ကသူများသည် ကျားက မကမီ၌ ကျားအရေခွံနှင့် အလား သဏ္ဍာန် တူသည့် အ၀ါ အနက် အနီ အစင်း ကြားများကို ခန္ဓာကိုယ်တွင် သုတ် လိမ်းရသည်။ ကျားဆိုင်း ၊ ဗုံယကွင်း တို့တီးကာ ကျားက ကသည်။ ကျားစိတ်ဝင်ကာ တွေ့ရာ ကိုက် ရာ ကျားက သူ ခံတွင်း၌ သံပရာသီးငုံကာ ကသည်။ မီးခိုး မှိုင်းတိုက်၍ ကျားစိတ်ကို နုတ်ရသည်။ ကျားကဲ့သို့ မာန်တက်ကာ ကသော ကျားကပွဲမှာ ကျားထိန်းများက ချူပ်နှောင် ထိန်းပေးရသည်။ ကျားက ကရင်း ကျားစိတ်ဝင်သူမှာ ဘေးမှ ကိုက်စရာ ကုတ်စရာမရှိလျှင် ကိုယ့်ကိုယ်ကိုယ် ကုတ်ကိုက်သည် အထိ ကျားမာန် တက်သော ကပွဲဖြစ်ပေသည်။ ကျားက ပွဲကြည့် ပရိသတ်ထဲ၌ ကျားဆေးထိုးထား သူရှိလျှင် ထိုသူလည်း ကျားစိတ်ဝင်ကာ က၀ိုင်းထဲ ၀င်လာတတ်သည်ဟုလည်း ဆိုပေရာ ကျားဆေး ထိုးထားသူများ ကျားကပွဲတွင် ၀ိုင်းဘေးသို့ မလာဘဲ ရှောင်ပြေး တတ်ကြသည်ဟု ဆိုပေသည်။ မြိတ်တွင် ကျားကပွဲများ အတွေ့ ရနည်းလာပြီ ဟုလည်း ဆိုကြလေသည် ““ ဟု ဖော်ပြထားသည်။ မြိတ်မြို့ ကလွင်ရေပုန်း ရပ်ကွက်ရှိ ကျားတွင်း အမည်ရှိ ရေကန်မှာ ယခင်နှစ်ပေါင်းများစွာကတည်း ကပင် ရှိနေခဲ့ပြီး ကျားအက ပြီးဆုံးပါက အဆိုပါရေကန်တွင် လူကျားများ ရေချိုး ဆေးကြောခဲ့သည့် အတွက် ကျားတွင်းဟု အမည်တွင်ခဲ့ကြောင်း သိရှိရသည်။ မြိတ်ပုလဲမြေ
မှ-မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...