အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 May, 2013

မြန်မာ့ဆန် ရာခိုင်နှုန်း ၈၀ ခန့် တရုတ်သို့ တင်ပို့နေပြီး ဈေးကွက် ပိုမိုရရှိစေရန် (၂၁) ကြိမ်မြောက် ကူမင်းကုန်စည်ပြပွဲတွင် ၀င်ရောက်ပြသမည်

မြန်မာနိုင်ငံမှ ဆန်ပြည်ပ တင်ပို့မှု၏ ရာခိုင်နှုန်း ၈၀ ခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့နေရပြီး ဈေးကွက်ပိုမို ရရှိစေရန်အတွက် (၂၁) ကြိမ်မြောက် တရုတ်-မြန်မာ ပို့ကုန်သွင်းကုန် ကူမင်းကုန်စည် ပြပွဲတွင် မြန်မာနိုင်ငံမှ ဆန်ကို ပထမအကြိမ်အဖြစ် ၀င်ရောက...်ပြသသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း (မူဆယ်) မှ သိရှိရသည်။

"မြန်မာနိုင်ငံက ပြည်ပကို ဆန်တင်ပို့မှုရဲ့ ရာခိုင်နှုန်း ၈၀ က တရုတ်ကိုပါ။ တရုတ်ကို ပို့နေတယ် ဆိုပေမယ့် ရွှေလီ၊ ကူမင်း ဈေးကွက်လောက်ပဲ ပို့နိုင်ခဲ့တယ်။ ဒါကြောင့် ဈေးကွက်ပိုရဖို့ အခု (၂၁) ကြိမ်မြောက် တရုတ်-မြန်မာ ပို့ကုန်သွင်းကုန် ကူမင်းကုန်စည်ပြပွဲမှာ မြန်မာ့ဆန်တွေကို ပထမဆုံးအကြိမ် ၀င်ရောက်ပြသတာ ဖြစ်ပါတယ်။ ဒီပြပွဲကနေ ကူမင်းသာမက ဒေသမျိုးစုံကို တင်ပို့နိုင်ဖို့၊ ဈေးကွက် ပိုမိုရရှိဖို့နဲ့ ဒေသခံတွေနဲ့ ဆက်သွယ်လုပ်ဆောင်နိုင်ဖို့ ၀င်ရောက် ပြသရခြင်း ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း (မူဆယ်) မှ ဦးချမ်းသာဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှဆန်များ တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေရသည် ဆိုသော်လည်း အများအားဖြင့် ၂၅ မှတ်ဆန်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် တန်းမြင့်ဆန်များ တင်ပို့နိုင်ရေးအတွက် ကူမင်း ကုန်စည်ပြပွဲတွင် ယင်းသို့ဝင်ရောက် ပြသရာ၌ ၅ မှတ်၊ ၁၀ မှတ်၊ ၁၅ မှတ်၊ ၂၅ မှတ်၊ ပေါင်းဆန်နှင့် ကောက်ညှင်းဆန်တို့ကိုပါ ၀င်ရောက်ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။

"အခုဆိုရင် တရုတ်ဈေးကွက်ထဲကို ဗီယက်နမ်တွေ ၀င်လာပြီ။ ဗီယက်နမ်ဆန်က အမြင်ကောင်းတယ်။ ဆန်သားက မြန်မာ့ဆန်ထက် ပိုချောတယ်။ ဒါပေမဲ့ စားလိုက်တဲ့အခါ အရသာကျတော့ မြန်မာ့ဆန်ကို မမီဘူး။ ဒါဈေးကွက်ထဲက ကျွန်တော်တို့ သိရတာပါ။ ဒီအချိန်မှာ ကျွန်တော်တို့ ဈေးကွက်ထိုးဖောက်အောင် လုပ်ဖို့က အရမ်းကို အရေးကြီးပါတယ်။ ၂၅ မှတ် ဆန်တွေအပြင် တန်းမြင့်ဆန်တွေကို တင်ပို့နိုင်ဖို့ အတွက်ပါ။ ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ" ဟုလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်း (မူဆယ်) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

(၂၁) ကြိမ်မြောက် တရုတ်-မြန်မာ ပို့ကုန်သွင်းကုန် ကူမင်းကုန်စည်ပြပွဲတွင် မြန်မာ့ဆန်များ အမျိုးအစား စုံလင်စွာ ၀င်ရောက်ပြသမည် ဖြစ်သည့်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဆန်အမျိုးအစား အမည်၊ ထွက်ရှိရာဒေသနှင့် ဆန်အမျိုးအမည်များကို မြန်မာနိုင်ငံ ဆန်စပါးအသင်း (မူဆယ်) သို့ မေ ၃၁ ရက် နောက်ဆုံးထား ပေးပို့ကြရန် ဖိတ်ခေါ်ထားကြောင်း၊ (၂၁) ကြိမ်မြောက် တရုတ်-မြန်မာ ပို့ကုန်သွင်းကုန် ကူမင်းကုန်စည်ပြပွဲကို ဇွန် ၆ ရက်မှ ၁၀ ရက်အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group

(ဘုရင့်နောင်ဆိပ်ကမ်းသို့ ဆန်များ ၀င်ရောက်လာစဉ်) (ဓာတ်ပုံ-အောင်မျိုးသန့်)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...