အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 May, 2013

DKBA နှင့် BGF တို့အကြား ဖြစ်ပွားခဲ့သည့် ပြဿနာများ ဖြေရှင်းရန် နည်းလမ်းများကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သို့ တင်ပြမည်

ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နယ်ခြားစောင့်တပ် (BGF) တို့အကြား ဖြစ်ပွားခဲ့သည့် ပြဿနာများ ဖြေရှင်းရန် နည်းလမ်းများကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သို့ တင်ပြသွားမည်ဟု Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

DKBA နှင့် BGF တို့အကြား ဧပြီကုန်ပိုင်းက သုံးရက်ကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်အပေါ် လေ့လာဆန်းစစ်နိုင်ရန် Myanmar Peace Center မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးနှင့် Peace Dialogue ဌာနမှ တာဝန်ရှိသူ ဦးအောင်နိုင်ဦးတို့သည် မေ ၁၁ ရက်က ကရင်ပြည်နယ် မြ၀တီမြို့နယ်တွင် DKBA နှင့် BGF တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

"DKBA ရော BGF ရော နယ်မြေခံ တပ်မှူးတွေနဲ့ရော ကျွန်တော်တို့ သူတို့ရဲ့ နောက်ဆုံးအခြေအနေတွေ မေးမြန်းတာပါ။ ပြီးတော့ လာမယ့်ကာလတွေမှာ တိုက်ပွဲတွေ ထပ်မံမဖြစ်အောင် တိုက်တွန်းခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် တစ်ခါတရံ အောက်ခြေမှာ ရှုပ်ထွေးမှုတွေ ရှိတတ်တော့ အားလုံးဒါကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်" ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

"အားလုံးက တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ ဆန္ဒရှိကြပါတယ်။ ဆွေးနွေးပွဲတွေ ဖြစ်အောင်တော့ ၀ိုင်းကူကြရမှာပေါ့။ ပြဿနာတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာကို အထက်ကို တင်ပြသွားမှာပါ။ တွေ့ဆုံမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို တင်ပြသွားမှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်များက ယခင် DKBA တပ်ဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသည့် နယ်ခြားစောင့်တပ် (BGF) နှင့် DKBA နှင့် မဟာမိတ်ဖွဲ့ထားသည့် ဗိုလ်ပိလက်အောက်ခံ အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထို့ပြင် ဟက်ကြီးရေကာတာ စီမံကိန်းအား အကြောင်းပြုပြီး DKBA တပ်စခန်းများကို ရွှေ့ပြောင်းရန် တပ်မတော်မှ အကြောင်းကြားမှုများနှင့် ပတ်သက်ပြီး ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်အကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ တင်းမာမှုများ ဖြစ်ပေါ်ပြီးနောက် မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုမှ တာဝန်ရှိသူများက ယခုကဲ့သို့ ကရင်ပြည်နယ်သို့ သွားရောက်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Eleven Media Group
(ဓာတ်ပုံ - DKBA နှင့် မဟာမိတ်ဖွဲ့ထားသည့် ဗိုလ်ပိလက်အောက်ခံ အဖွဲ့နှင့် နယ်ခြားစောင့်တပ် BGF တို့အကြား မြိုင်ကြီးငူဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသူအား သယ်ဆောင်လာစဉ်)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...