အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 May, 2013

မေလ နောက်ဆုံးပတ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကျောင်းအပ် လက်ခံ သွားရန်ရှိ


ယခု ၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ် အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ် အားလုံးမှာ လှုပ်ရှား ဆောင်ရွက် သွားဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကျောင်းအပ် လက်ခံရာ မှာလည်း ပညာရေး ၀န်ကြီးဌာနမှ မူလတန်း အဆင့် ကျောင်းသား၊ ကျောင်းသူ အားလုံးကို ကျောင်းသုံး စာအုပ် အပြည့်အစုံနဲ့ လေ့ကျင့်ခန်း စာအုပ် ၆ အုပ်စီ အပြင် ငွေကျပ် တစ်ထောင်စီ ကိုပါ ယခုနှစ်မှာ ထောက်ပံ့ သွားမှာ ဖြစ်တယ်လို့ ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

ယခု ပညာသင်နှစ် အတွင်း ပညာရေး စီမံခန့်ခွဲမှု အဆင့်ဆင့်ရှိ တာဝန်ရှိ သူများနဲ့ ဆရာ၊ ဆရာမများ မှလည်း အတန်းစဉ် အလိုက် ကျောင်းသားများ ကျောင်းတက်ရောက် သင်ယူနိုင်ရေး အပြင် ကျောင်းပျက်နဲ့ ကျောင်း ထွက်နှုန်း လျော့နည်း ကျဆင်းရေး တို့ကိုပါ ကြပ်မတ် ဆောင်ရွက် သွားဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

မူလတန်း အဆင့် ပညာရေးမှာ မသင်မနေရ အခမဲ့ စနစ် အနေနဲ့ စမ်းသပ် အကောင်အထည် ဖော်မှုကို ပဲခူးတိုင်း ဒေသကြီး အရှေ့မှ ရေတာရှည် မြို့နယ်၊ မန္တလေး တိုင်းဒေသကြီးရှိ မဟာအောင်မြေ မြို့နယ်၊ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်နဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှ ဆိပ်ကြီးခနောင်တို မြို့နယ် တို့မှာ မူလတန်း အရွယ်ကလေးငယ် တစ်ယောက် မကျန် သင်ကြားနိုင်ဖို့ အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...