အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 May, 2013

မြန်မာသမ္မတ ဦးသိန်းစိန် ၀ါရှင်တန်တွင် မိန့်ခွန်းပြောမည်

ပြပြင်ပြောင်းလဲရေးသမား မြန်မာသမ္မတဦးသိန်းစိန်၏ သမိုင်းဝင် အမေရိကန် ခရီးစဉ်အတွင်း ၀ါရှင်တန်၌ မိန့်ခွန်း ပြောကြားမည်ဟု Channel News Asia သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

... သမ္မတဦးသိန်းစိန်သည် လာမည့်တနင်္လာနေ့တွင် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် School of Advanced International Studies နှင့် အမေရိကန်နိုင်ငံ၏ အကြီးဆုံးစီးပွားရေးဖက်ဒရေးရှင်းဖြစ်သည့် US Chamber of Commerce တို့၌ မိန့်ခွန်းပြောမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်းများမှ ပြောခွင့်ရ ပုဂ္ဂိုလ်များက ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အတွင်း အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံမည်ဟု ယူဆရသည်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ မကြာသေးမီကထုတ်ပြန်ချက်တစ်ခုတွင် မြန်မာနိုင်ငံသည် ဘင်ဂါလီမူဆလင် များကို လူမျိုးတုန်းသတ်ဖြတ်မှုများ ဆောင်ရွက်နေသည်ဟု စွပ်စွဲထားသည်။ သို့သော်လည်း သမ္မတဦးသိန်းစိန်၏ လူ့အဖွဲ့အစည်းချင်းသဟာဇာတဖြစ်ရေးကြေညာချက်ကို အိုဘားမားအစိုးရက ချီးကျူးခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သည့် သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် တွင် သမ္မတဖြစ်လာပြီးနောက် နိုင်ငံရေး အကျဉ်းသားရာနှင့်ချီ၍ လွှတ်ပေးခဲ့ ခြင်းနှင့် အတိုက်အခံဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်တွင်းဝင်နိုင်ရန် လမ်းဖွင့်ပေးခဲ့ခြင်းတို့အပါအ၀င် ပြုပြင်ပြောင်းလဲမှုအများအပြား ဆောင်ရွက် ခဲ့ခြင်းဖြင့် ဝေဖန်သူအများအပြားကို အံ့အားသင့်စေခဲ့သည်။

အိုဘားမားအစိုးရက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များ ကို အားပေးမည်ဟု ကတိပြုထားပြီး မြန်မာနိုင်ငံ၏တိုးတက်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ပိတ်ဆို့မှုအများစုကို ရုတ်သိမ်းပေးခဲ့သည်။

Ref: Channel NewsAsia

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...