အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 May, 2013

မိမိလက် အပြတ်ကြီးကို သယ်ဆောင်ကာ ၁၀ မိုင်ဝေးသည့် ဆေးရုံသို့ ကိုယ်တိုင်ကားမောင်း သွားခဲ့သည့် အာဂ အမျိုးသား

သြစတြီးယား နိုင်ငံ အရှေ့ပိုင်း ပါဘတ်ခ်ျမြို့တွင် မေ ၁၂ ရက်က အသက် ၃၇ နှစ် အရွယ်ရှိ တီဘောအေ ဆိုသူ ဟန်ဂေရီ အမျိုးသား တစ်ဦးသည် အုတ်ကျိုး အုတ်ပဲ့များ စီသော စက်ယန္တရား တစ်ခုကို သန့်ရှင်းရေး ပြုလုပ်နေစဉ် မတော်တဆ မှုကြောင့် သူ၏ ညာလက်သည် တံတောင်ဆစ်မှ စ၍ လက်တစ်ချောင်းလုံး ပြတ်သွားခဲ့သည်ဟု သိရသည်။

သို့သော် အာဂသတ်္တိခဲ တီဘောသည် ထိတ်လန့်ကြောက်ရွံ့ မနေဘဲ သူ၏ လက်အပြတ် ကြီးကို ကိုင်ကာ အိုင်ဆန်စတက် မြို့ရှိ အရေးပေါ် ဌာနသို့ ကားဖြင့် ကိုယ်တိုင်မောင်းနှင် လာခဲ့သည်။၎င်းအား အရေးပေါ် ဌာနမှ တာဝန်ရှိသူ များက ဗီယင်နာ ဆေးရုံသို့ လေယာဉ်ဖြင့် ပို့ဆောင် ပေးခဲ့သည်။ ဗီယင်နာမြို့ ဆေးရုံမှ ပလတ်စတစ် ခွဲစိတ် ကုသသည့် ပါရဂူ များက ၎င်း၏ လက်ကို အောင်မြင်စွာ ပြန်လည်ဆက်ပေး နိုင်ခဲ့သည်။ တီဘောသည် သွေးအထွက် လွန်ပြီး အသက် ဆုံးရှုံးမှု မရှိခဲ့ခြင်းမှာ စိတ်တုန်လှုပ် ချောက်ချား နေ ခဲ့သောကြောင့် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်ဟု သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...