ဆီးရီးယား
နယ်စပ်အနီး အိုစမာနီရီ ပြည်နယ်တွင် မေ ၁၃ ရက်က F-16 အမျိုးအစား တူရကီ
တိုက်လေယာဉ် တစ်စင်း ပျက်ကျခဲ့ရာ ၎င်းလေယာဉ် ပေါ်တွင် လိုက်ပါ လာသည့်
လေယာဉ်မှူး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
... အဆိုပါ တိုက်လေယာဉ်သည် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း၊ ရေဒီယို ဆက်သွယ်မှုများ မပြတ်တောက်မီ သတင်း အချက်အလက် တစ်ခုကို လေယာဉ်မှူးက ပေးပို့ခဲ့ကြောင်း၊ လေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို တိတိကျကျ မသိရ သေးကြောင်း၊ ပျက်ကျခဲ့သည့် လေယာဉ် အစိတ်အပိုင်း အချို့ကို အမာနို့စ် တောင်ကြားရှိ ယာပက်ဇ် ဒေသတွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း တူရကီ စစ်တပ်က ထုတ်ပြန်သော အစီရင်ခံ စာများအရ သိရသည်။
မြ၀တီ