အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 May, 2013

စီးပွားရေးအတွက် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအား ခုတုံးမလုပ်ဟု ဦးခင်ညွှန့်ဆို

တိုင်းတစ်ပါးယဉ်ကျေးမှု ပေါင်းစပ်ပါဝင်ခြင်းလုံးဝကင်းစင် သော မြန်မာ့ရိုးရာပန်းဆယ်မျိုး ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းရန်နှင့် မြန်မာ့အနုပညာ များ ကမ္ဘာသို့ ခြေဆန့်နိုင်ရေး အတွက် တစ်ထောင့်တစ်နေရာ မှ ပံ့ပိုးလိုသည့် ရည်ရွယ်ချက်သာ ရှိပြီး စီးပွားရေးအတွက် ယဉ်ကျေး မှုအမွေအနှစ်များအား လုံးဝ ခုတုံးမလုပ်...ဟု ဦးခင်ညွန့်မှ ယင်း တည်ထောင်သော Nawaday Art Gallery ဖွင့်ပွဲ၌ မီဒီယာများ သို့ အတိအလင်းပြောကြားလိုက် သည်။

““ခုလိုမျိုး Gallery ဖွင့်တဲ့ ရည်ရွယ်ချက်က နံပါတ်တစ် ဒီကို လာရောက်တဲ့လူတွေအားလုံး ဘဘဘ၀အေးချမ်းနေသလို အေး ချမ်းစေချင်တယ်။ နံပါတ်နှစ် ရည်ရွယ်ချက်ကတော့ ဘယ်နိုင်ငံ ဘယ်ယဉ်ကျေးမှုနဲ့မှ ပေါင်းစပ် ခြင်းလုံးဝမရှိတဲ့ ဘဘတို့နဲ့ ပန်း ဆယ်မျိုးအနုပညာတွေကို ဘဘ မြတ်နိုးတယ်။ ဒီတော့ ဘဘမြတ် နိုးသလိုမျိုး ကျန်တဲ့လူတွေကို လည်း မြတ်နိုးစေချင်တယ်။ ဒီတော့ ဒီလိုမြတ်နိုးဖွယ်ရာ မြန်မာ့ အနုပညာစစ်တွေ ကမ္ဘာကြီးကို ခြေဆန့်နိုင်အောင် ဘဘက ပံ့ပိုး ပေးချင်တယ်။ အဲသလို ပံ့ပိုးတဲ့ အခါမှာလည်း ရွက်ပုံးသီးအနု ပညာရှင်ငယ်လေးတွေလည်း မြေတောင်မြှောက်ပေးရာလည်း ရောက်အောင် ဘဘရဲ့ Gallery မှာ ပန်းချီကားတွေလာတင် ဘဘ အခကြေးငွေလုံးဝမယူဘူး။ ခုလို မျိုး Gallery ဖွင့်တာကလည်း စီးပွားဖြစ်မဟုတ်ဘူး။ ဘဘချစ် မြတ်နိုးတဲ့ မြန်မာ့အနုပညာတွေ ကို ကမ္ဘာက နှစ်သက်တဲ့ မြန်မာ့ အနုပညာလက်ရာတွေကို တစ် နေရာထဲမှာ လွယ်ကူစွာရှာဖွေ နိုင်ဖို့ ရည်ရွယ်တာပါ။ စီးပွားရေး အတွက် ဒီလိုမျိုးအဖိုးမဖြတ်နိုင် တဲ့ ဘဘတို့မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ခုတုံးမလုပ် ပါဘူး””ဟု ဦးခင်ညွန့်မှ ပြောကြား သွားသည်။

ဦးခင်ညွန့်ဦးဆောင်ဖွင့်လှစ် သော Nawaday Art Gallery ၌ အနုပညာရှင်များ၏ ပန်းဆယ်မျိုး လက်ရာများအား လာရောက်ပြ သပါက ပြသခွင့်တစ်စုံတစ်ရာ ယူမည်မဟုတ်ဘဲ ယင်းသို့သော လက်ရာများ ကမ္ဘာသို့ ခြေဆန့် ၀င်ရောက်နိုင်သည်အထိ ပံ့ပိုးမှု များပြုလုပ်သွားမည်ဟုသိရသည်။ အဆိုပါ Nawaday Art Gallery ဖွင့်ပွဲသို့ ကမ္ဘာကျော် မြန်မာသန်း ဆယ်မျိုးအနုပညာရှင်ကြီးများ၊ အငြိမ်းစားတပ်မတော်ခေါင်း ဆောင်များနှင့် နယ်ပယ်အသီး သီးမှ ထင်ရှားကျော်ကြားသူများ တက်ရောက်ချီးမြှင့်ခဲ့ကြသည်

ခန့်ခန့်(ဒဿနိက)
The Hot News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...