အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 May, 2013

ခရီးသည်တွေကိုစိတ်အနှောင့်အယှက် နေ့စဉ်ဖြစ်စေသောယာဉ်နောက် လိုက်များ

နေ့စဉ်ကိုယ်ပိုင်ကားမစီးနိုင် သူများ၊ ယာဉ်ကြောအလိုက်ကား ဒုက္ခခံနေကြရသည်။ တစ်လတစ် ကြိမ်ရန်ကုန်လာပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်းသို့ အစည်း အဝေးတက်ရောက်နေရတဲ့ စာ ရေးဆရာတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ကားမရှိတဲ့ဘ၀မှာ ဂျာနယ်တိုက်၊ သတင်းစာတိုက်၊ စာပေဗိမာန်တို့သို့သွားတိုင်း ရန် ကင်းနယ်မြေမှ ကားလိုင်းများရဲ့ ယာဉ်နောက်လိုက်များ၏
လမ်းပေါ်ပြေးဆွဲနေသော ကားလိုင်းများမှ မှတ်သားဖွယ် ထွက်ပေါ်လာသော““နံနက်ခင်း သြ၀ါဒ””စကားများကား ““တည့် တည့်မတိုးနဲ့၊ စောင်းတိုးကြ”” ““ခင် ဗျားတို့ လူစကားနားမလည်ဘူး လား””၊ ““အထဲရောက်အောင်ဝင်၊ မှတ်တိုင်မရောက်ခင် ကြိုပြော”” စတဲ့ ယဉ်ကျေးသိမ်မွေ့သော စကားများကို သာယာနာပျော် ဖွယ်အပ်ကြောင်းထပ်ကြားနေရ တာဖြင့် ဆယ်စုနှစ်တစ်စုမက ကြာမြင့်ခဲ့ပါပြီ။

ခရီးသွားပြည်သူတွေသွားလာ မှုလွယ်ကူရေးအတွက် နိုင်ငံတော် နှင့် ကုန်းလမ်းသယ်ယူပို့ဆောင် ရေးက နေ့စဉ်သွားလာနေကြ သော ခရီးသွားပြည်သူများ အတွက် ကားစီးရေများတိုးပြီး ဆောင်ရွက်နေကြသော်လည်း ရုံး သွားရုံးပြန်ချိန်များမှာ ကားဒုက္ခ က အနည်းနှင့်အများခံစားနေကြ ရဆဲပင်။

ကားခကို လမ်းပိုင်းအလိုက် ၅၀၊ ၁၀၀၊ ၁၅၀၊ ၂၀၀ ကျပ် အသီးသီးတောင်းခံရန် ကား အတွင်းအမိုးနှင့် နံရံတွေမှာကပ် ထားသည်။ မကျေနပ်လျှင် ဆက် သွယ်တိုင်ကြားရန် ဖုန်းနံပါတ်များ လည်း ရေးကပ်ထားသည်။

သို့သော် ““စကားနည်း ရန်စဲ”” သဘောထားကြပြီး ခရီး သည် အများစုကတိုင်ကြားခြင်း မပြုကြ။ အထူးယာဉ်လိုင်းများက ကျပ် ၂၀၀ဖြင့် ပုံသေနှုန်းအဖိုး အခယူပြီး ပြေးဆွဲနေကြသော် လည်း ထိုင်ခုံနေရာမရဘဲ တန်း ကိုဆွဲကိုင်ပြီး လိုက်ပါနေကြရ သည်။ အခကြေးငွေထိုက်ထိုက် တန်တန် ပေးဆောင်ထားရသော် လည်း စီးနင်းလိုက်ပါရာ၌ အဆင် မပြေမှုများတွေ့ကြရသည်။

ယာဉ်ချင်းပြိုင်ဆိုင်မောင်းနှင် မှုလှိုင်းဂယက်မှာ အပြစ်မဲ့ခရီး သွားပြည်သူတွေ ဘုရားတပြီး ရင်တမမဖြင့် စီးနင်းကြရသော ဒုက္ခက မသေးလှပါ။
ရှေ့ကားကို ကျော်တက်ချင် သောစိတ် နောက်ကားကကိုယ့် ကို မကျော်လွှားစေချင်သောစိတ် များဖြင့် ကားချင်းယှဉ်ပြိုင်မောင်း နှင်နေကြသော ယာဉ်မောင်းများ လက်ဝယ် မိမိအသက်ကို ၀ကွက် အပ်ထားကြရသော ခရီးသွား ပြည်သူတွေရဲ့ ဒုက္ခများကို သက် ဆိုင်ရာဌာနအကြီးအကဲများ သိရှိ စေချင်ပါသည်။

မှတ်တိုင်မှာ ကြာကြာမရပ် ဘဲ ဆင်းမည့်ခရီးသည်ကို မှတ် တိုင်ကြိုပြောပြီး အတင်းအပြေး အလွှားဆင်းစေသည်။ အဆင်း နောက်ကျသည့် ခရီးသည်၊ တံခါး ပေါက်နားကြိုတင်မရောက်သည့် ခရီးသည်များကို ရိုင်းစိုင်းစွာ မာန် မဲငေါက်ငန်းကြသေးသည်။ မှတ် တိုင်တွင်မရပ်၊ မှတ်တိုင်ကျော်မှ သာ ရပ်ပေး၍ ဆင်းရသည့်ဒုက္ခ၊ ကားစပယ်ယာယာဉ်နောက်လိုက် များပြောချင်သလိုပြောဆိုခြင်း များကိုခံရပြီး သူတို့ဆင်းခိုင်းသည့် နေရာမှသာ ဆင်းရသဖြင့် ခရီး သွားပြည်သူများဖက်က လွန်စွာ မှ အဆင်မပြေဖြစ်ကြရပါသည်။အချိန်တိုနာရီပိုင်းအတွင်း သတင်း စာတိုက်၊ ဂျာနယ်တိုက်များသို့ သွားလာရသောဒုက္ခက လစဉ် တစ်လတစ်ကြိမ် မလွဲမသွေ ကြုံ တွေ့နေရသည်။

ယာဉ်ကားလိုင်းပေါ်မှာ လူ ပိုတင်ဆောင်၊ သတ်မှတ်ဈေးနှုန်း ထက်ပိုတောင်းနေကြသည်ကို တွေ့နေရသည်။ ယာဉ်လိုင်းတိုင်း မှာ ယာဉ်စစ်ဆေးရေးမှူးများ ထားရှိသော်လည်း ထိုနည်းလည်း ကောင်းသာ။
ခရီးသည်အများစု၏ ဒုက္ခ ကို ကိုယ်ချင်းစာတရားရှိရှိဖြင့် စိတ်ချမ်းမြေ့အောင် ဆောင်ရွက် ပေးနိုင်ကြပါစေဟု ဆန္ဒပြုလိုက် မိပါသည်။

ခင်မောင်ညိမ်း
The Hot News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...