အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 May, 2013

သဲသောင်များ အောက်သို့ ပျောက်ကွယ်တော့မည့် အန္တရာယ်မှ လွတ်မြောက်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ အိုအေစစ် ရေကန်ငယ်


တရုတ်နိုင်ငံ သဲကန္တာရ တစ်ခု၏ အလယ်ပိုင်းတွင် ရှိသော နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ ရှေးဟောင်း အိုအေစစ် ရေကန်လေးသည် အစိုးရ၏ ဆောင်ရွက်မှုကြောင့် သဲသောင်များ အောက်တွင် ပျောက်ကွယ်တော့မည့် အန္တရာယ်မှ လွတ်မြောက် ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

... Crescent Lake အမည်ရှိ အဆိုပါ လခြမ်းပုံ အိုအေစစ် ကန်လေးသည် တရုတ်နိုင်ငံ အနောက် မြောက်ပိုင်းရှိ တန်ဟွမ်မြို့၏ တောင်ဘက် ခြောက်ကီလိုမီတာ အကွာတွင် ရှိပြီး ရေချိုစမ်း များဖြင့် ပြည့်နေသည့် ရှားပါး အိုအေစစ် ရေကန်တစ်ကန် ဖြစ်သည်။

အဆိုပါ ရေကန်လေးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်မှစ၍ တည်ရှိခဲ့ပြီး ဒေသတွင်း၌ တစ်စထက် တစ်စ သဲကန္တာရ ဖြစ်ပေါ်လာ မှုကြောင့် အရွယ် အစားမှာ တဖြည်းဖြည်း ကျုံ့သွား ရသည်မှာ အစိုးရက ၎င်းရေကန်ကို ရေချိုများဖြင့် ပြန်လည် မဖြည့်မီ ကာလ အထိပင် ဖြစ်သည်ဟု သိရသည်။

အဆိုပါ ရေကန်လေး၏ အနက်မှာ ၁၉၆၀ ပြည့်နှစ်တွင် ငါးမီတာခန့် ရှိသော်လည်း ၁၉၉၀ ပြည့်နှစ်လွန် အစောပိုင်း နှစ်များတွင် တစ်မီတာ အောက်သာ ရှိတော့သည်ဟု သိရသည်။ ၂၀၀၆ ခုနှစ်တွင် ဒေသဆိုင်ရာ အုပ်ချုပ် ရေးမှူး၏ စီစဉ်ပေးမှုဖြင့် ၎င်းရေကန် အတွင်း၌ ရေများ ပြန်ဖြည့် ပေးခဲ့မှုကြောင့် သဲသောင်များ အောက်၌ ပျောက် ကွယ်တော့မည့် အန္တရာယ်မှ ကာကွယ် နိုင်ခဲ့သည်။

အဆိုပါ ရေကန်သည် အရှေ့မှ အနောက်သို့ ၂၁၈ မီတာ၊ မြောက်မှ တောင်သို့ ၅၄ မီတာ ရှည်လျားပြီး ၎င်းရေကန်ထဲတွင် စမ်းရေများသာ ရှိကြောင်း သိရသည်။ ရေကန်မှ ဆက်၍ သွားပါက ရှေးဟောင်းဘုရား တစ်ဆူကို ဖူးမြော်နိုင်ပြီး အမှတ်တရ လက်ဆောင် ပစ္စည်းများ ရောင်းချသည့် ဆိုင်များဖြင့် ပြည့်နေသော လမ်းသွယ်လေး တစ်ခုရှိကြောင်း သိရသည်။

မြင့်မားသော တောင်များဖြင့် ၀န်းရံနေသည့် တန်ဟွမ်မြို့၏ ရာသီဥတုမှာ မိုးခေါင်သော ရာသီဥတု ဖြစ်ပြီး နွေရာသီ၌ အလွန် ပူပြင်းကာ ဆောင်းရာသီ၌မူ အလွန်အေးကြောင်း သိရသည်။ မိုးရွာပါကလည်း အနည်းငယ်သာ ရွာချပြီး လျင်မြန်စွာဖြင့် အငွေ့ ပျံသွားသည်ဟု သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...