အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 May, 2013

မောင်တောမှာ ရိုဟင်ဂျာတွေ နေရာပြောင်းရွှေ့ဖို့ ငြင်းဆန်၊ မြေပုံမှာ ရခိုင်တွေ ဆန္ဒပြ

မဟာဆန် ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကနေ ဘေးလွတ်ရာရှောင်ရှားဖို့ ဒေသဆိုင်ရာအာဏာပိုင်တွေက လိုက်လံရွှေ့ပြောင်းပေးနေတာကို မောင်တောဒေသခံ ရိုဟင်ဂျာအများစုက ငြင်းဆန်တာတွေရှိတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက RFA ကို ထုတ်ဖော်ပြောဆိုပါတယ်။

... “အဓိကကတော့ UN Agency တွေနဲ့ NGO အဖွဲ့တွေကနေပြီးတာ့ အင်တာနက် သတင်းပေါ်မူတည်ပြီးတော့ မုန်တိုင်းက ဝေးသေးတယ်ဆိုပြီးတော့ သူတို့ကမပြောင်းတာပါခင်ဗျ၊ မုန်တိုင်းအန္တရာယ် ကာကွယ်မယ့် အိမ်ကြီးအိမ်ကောင်းတွေ ဗလီတွေ စာသင်ကျောင်းတွေ ဓမ္မာရုံတွေ ဘုန်းကြီးကျောင်းတွေ အဲဒီနေရာတွေကို မေယုတောင်ကြောရဲ့ တောင်ခြေနဲ့ကပ်တဲ့ ကျေးရွာတွေကို ရွေ့ခိုင်းထားပါတယ်၊ မရွေ့ဘူးလည်း မဟုတ်ဘူး၊ ထုပ်ပိုးပြင်ဆင်ပြီးတော့ အနီးကပ်မှရွေ့မယ်ဆိုတဲ့ သဘောပေါ့”

မုန်တိုင်းဒဏ်ကို အဓိကခံရနိုင်တဲ့ မောင်တောဒေသတောင်ပိုင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည်စခန်း ၄ ခုက အိမ်ထောင်စု ၁၆၃ စုကိုတော့ မေယုတောင်ခြေနားက ကန်သာယာစခန်းနဲ့ ဘုန်းကြီးကျောင်းတွေကို ပို့ဆောင်ပြီးဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာ လူဦးရေ ၈ သိန်းကျော်ရှိပြီး၊ အဲဒီထဲကရပ်ကွက်/ကျေးရွာအုပ်စု ၄၃ စုမှာ နေထိုင်တဲ့လူဦးရေ တစ်သိန်းခွဲကို မုန်တိုင်းဒဏ်ခံနိုင်မယ့်နေရာတွေကို ပြောင်းရွှေ့ဖို့ အမြန်စီစဉ်နေတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်မှာရှိတဲ့ မူဆလင်ဒုက္ခသည်တွေကို မုန်တိုင်းရှောင်ဖို့အတွက် မြေပုံမြို့ပေါ်မှာရှိတဲ့ စည်ပင်သာယာရေးရုံးကို ပြောင်းရွှေ့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး မြို့ခံရခိုင်တိုင်းရင်းသား ၃၀၀ ကျော်လောက်က ဒီကနေ့ နေ့လည်ပိုင်းက မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။

မြို့ပေါ်မှာရှိတဲ့ စည်ပင်ရုံးကို မူဆလင်တွေအတွက် မုန်တိုင်းခိုလှုံမယ့် နေရာအဖြစ် နေရာချထားပေးမယ်ဆိုရင် မြို့ခံရခိုင်လူထုနဲ့ ထပ်မံပြီး ပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့အတွက် အခုလိုသွားရောက်ကန့်ကွက်ရတာဖြစ်တယ် လို့လည်းဆိုပါတယ်။

မူဆလင်တွေကို အခုလို မုန်တိုင်းခိုလှုံမယ့်နေရာအဖြစ် နေရာချထားပေးရေးကိစ္စမှာ မုန်တိုင်းကာလအတွင်းမှာ မသန်စွမ်းတဲ့ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးနေရာချထားပေးမှာဖြစ်သလို မြို့ပြင်မှာရှိတဲ့ သမဝါယမရုံးနဲ့ ဆောက်လုပ်ရေးရုံးမှာ လုံခြုံရေး အစောင့်အရှောက်တွေနဲ့ ထားရှိသွားဖို့ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့လည်း သိရပါတယ်။

RFA Bermese
See More

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...