ဘင်္ဂလားပင်လယ်အော်တွင်
ဖြစ်ပေါ်လျက်ရှိနေသည့် မဟာဆန် မုန်တိုင်းနှင့် ပတ်သက်၍ ပုသိမ်နှင့် ငပုတော
မြို့နယ်များတွင် ပါတီများနှင့် လူမှုအဖွဲ့အစည်းများမှ လက်ကမ်း စာစောင်များ
ဝေငှခြင်း မုန်တိုင်းနှင့်ပတ်သက်၍ သတိပေးမှုများ ပြုလုပ်လျက်ရှိသည်။
... “ရပ်ကျေးတွေနဲ့ ကမ်းခြေဒေသတွေကို ပြောထားတယ်။ မဟာဆန်ကို ၂၀၀၈ နာဂစ်တုန်းကလို ပြည်သူတွေ မဖြစ်အောင်တော့ လုပ်ဆောင်ပေးထားပါတယ်။ အရေးပေါ် အခြေအနေကိုလည်း သတိထားရမှာပါ” ဟု ပုသိမ်ခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးကျော်ကျော်ဝင်း က ပြောသည်။
ပုသိမ် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်းမှ အဖွဲ့ဝင် ကိုစိုးလှိုင်ဦးကလည်း “ကျေးရွာတွေ သိအောင် သင်္ဘောတွေကနေ လက်ကမ်းစာစောင်တွေဝေပြီးတော့ 
လုပ်ဆောင်ထားတယ်။ ကျွန်တော် လိုအပ်ရင်တော့ ရန်ကုန်က ၈၈ မျိုးဆက်
ကျောင်းသားအဖွဲ့ကိုလည်း အကူအညီတောင်းခံထားပြီးတော့ လုပ်ဆောင်နိုင်အောင်
တော့ ပြောထားတယ်” ဟု ပြောသည်။
လက်ရှိတွင် လိမ္မော်ရောင် အဆင့်သို့ ရောက်ရှိနေသည့် မဟာဆန် မုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်း
မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများသို့ ဦးတည် ရွှေ့လျားနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။
ထိုမုန်တိုင်းသည် မေလ ၁၆ ရက်နေ့ ညတွင် ဘင်္ဂလာဒေ့ရှ် နိုင်ငံ စစ်တကောင်းမြို့အနီးနှင့် ရခိုင်ကမ်းခြေ
ဒေသသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်များအထိ ဆက်လျက် ရွေ့လျားနိုင်သည်ဟုလည်း သိရှိရသည်။
Mizzima News
... “ရပ်ကျေးတွေနဲ့ ကမ်းခြေဒေသတွေကို ပြောထားတယ်။ မဟာဆန်ကို ၂၀၀၈ နာဂစ်တုန်းကလို ပြည်သူတွေ မဖြစ်အောင်တော့ လုပ်ဆောင်ပေးထားပါတယ်။ အရေးပေါ် အခြေအနေကိုလည်း သတိထားရမှာပါ” ဟု ပုသိမ်ခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးကျော်ကျော်ဝင်း က ပြောသည်။
ပုသိမ် ငြိမ်းချမ်းရေးနှင့်ပွင့်လင
တော့ ပြောထားတယ်” ဟု ပြောသည်။
လက်ရှိတွင် လိမ္မော်ရောင် အဆင့်သို့ ရောက်ရှိနေသည့် မဟာဆန် မုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်း
မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများသို့ ဦးတည် ရွှေ့လျားနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။
ထိုမုန်တိုင်းသည် မေလ ၁၆ ရက်နေ့ ညတွင် ဘင်္ဂလာဒေ့ရှ် နိုင်ငံ စစ်တကောင်းမြို့အနီးနှင့် ရခိုင်ကမ်းခြေ
ဒေသသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး
Mizzima News