အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 May, 2013

UWSA “၀” တပ်ဖွဲ့၏အကူအညီဖြင့် လက်နက်တပ်ဆင်နေသော KIA

KIA နှင့် အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နေသော်လည်း KIA တို့အနေဖြင့် “၀” တပ်ဖွဲ့၏ အကူအညီဖြင့် လိုင်ဇာဌာနချုပ်အနီးတွင် အဆင့်မြင့်လက်နက်များ တပ်ဆင်နေကြောင်း သိရှိရပါသည်။လိုင်ဇာပတ်ဝန်းကျင် ဒေသမှာ ရှိနေကြသည့် စခန်းအားလုံးကို ဘန်ကာများ အခိုင်အမာဆောက်ထားခြင်း၊ လက်နက်ကြီးတွေ ၀ယ်ယူခြင်း၊ စစ်သင်တန်း ပေးနေခြင်းများကို “၀” တပ်ဖွဲ့မှ စစ်ရေး ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်းသိရှိရပါသည်။

UWSA ဆီက လေယာဉ်ပစ်နဲ့ လက်နက်ကြီးတွေဝယ် ယူပြီး လိုင်ဇာပတ်ဝန်းကျင်မှာ ဖြန့်ခွဲတပ်ဆင်ရန် နှင့် ၎င်းလက်နက် များကို ကိုင်တွယ်ပစ်ခတ်မှု နည်းများသင်တန်းပေးရန်အတွက် မေ(၁၂)ရက်နေ့က “၀” တပ်ဖွဲ့ မှ ကျောက်ထုလျန်နဲ့ အဖွဲ့ လိုင်ဇာမြို့ကိုရောက်ရှိလာပြီး KIA ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံပြီး မေ (၁၃) ရက်နေ့တွင် KIA တပ်ဖွဲ့ ၀င်များမှ ဗိုလ်ကြီး နော်ဂျာနှင့် ၁၀ဦးနှင့် KIA ပြည်သူ့စစ်များကို အဆင့်မြင့် လေယာဉ်ပစ်လက်နက်များ နှင့် လက်နက်ကြီးများ ပစ်ခတ်ခြင်း များကို လက်တွေ့သင်ကြားခြင်းနှင့် ၎င်းလက်နက်များ တပ်ဆင်ခြင်းများကို လုပ်ဆောင်နေကြောင်း ဗဟိုကော်မတီဝင် တစ်ဦး ပြောဆိုမှုအရသိရှိ ရပါသည်။
မြန်မာပြည်သား

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...