အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 May, 2013

မလေးရှား အိန်ဂျလီနာ ဂျိုလီဟု တင်စား ခံရသည့် ကီလာဖယ်ရီ

မလေးရှား အိန်ဂျလီနာ ဂျိုလီအဖြစ် ပရိသတ် များက တင်စားကြသည့် ဆွဲဆောင်မှု ရှိပြီး ကိုယ်ခန္ဓာ ကောက်ကြောင်းအလှ၊ ထူပြည့်ပြည့် နှုတ်ခမ်း အလှနှင့် ဆွဲညှို့သော အကြည့် တို့ကို ပိုင်ဆိုင်ထားသူ ကီလာဖယ်ရီက သူမတွင် ချစ်သူ မရှိသေးကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

... အသက် ၂၀ အရွယ်သာ ရှိသေးသည့် ကီလာက သူမတွင် ချစ်ရမည့်သူ မရှိသေးကြောင်း လက်ရှိတွင် ချစ်သူရှာရန် အချိန်မပေး နိုင်သေးကြောင်း၊ လိုက်လံ ရှာဖွေ ရာမှ တွေ့ရှိမည့် ချစ်မေတ္တာ ကိုလည်း မလိုချင်ကြောင်း နိုင်ငံပိုင် သတင်းစာ တစ်စောင်သို့ ပြောကြားခဲ့သည်။

ကမ္ဘာကျော် မင်းသမီး ဂျိုလီသည် အိမ်ထောင်နှစ်ခါ ပြုဖူးသူ ဖြစ်ပြီး လက်ရှိ အချိန်၌ သူမ၏ ချစ်သူ ဟောလီးဝုဒ် အကျော်အမော် ဘရတ်ပစ်နှင့် လက်ထပ်ရန် စောင့်ဆိုင်းနေသူ တစ်ဦးဖြစ်သည်။

သို့သော် ဂျိုလီနှင့် ဆင်တူသည့် မလေးရှား မင်းသမီးချော ကီလာကမူ မိမိသည် ဘ၀ တစ်လျှောက်လုံးတွင် အချစ်ဆုံးသူ တစ်ယောက်နှင့်သာ ရာသက်ပန် လက်တွဲသွား လိုကြောင်း ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...