အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 May, 2013

ကမ္ဘာကျော် Starbucks ကော်ဖီဆိုင် မြန်မာနိုင်ငံကို ၀င်ရောက်ရန် စိတ်ဝင်စား

ကမ္ဘာကျော် Starbucks ကော်ဖီက မြန်မာနိုင်ငံကို ၀င်ရောက်ရန် မျက်စိကျနေကြောင်း Starbucks မှ စီအီးအိုက ထိုင်းနိုင်ငံကို ရောက်ရှိနေစဉ် ပြောကြားလိုက်ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

... Starbucks စီအီးအိုက မြန်မာနိုင်ငံသို့ လာမည့်နှစ် အနည်းငယ်အတွင်း ၀င်ရောက်ရန် ရည်ရွယ်ထားသည်ဟု ထိုင်းနိုင်ငံတွင် Starbucks ကော်ဖီဆိုင် တည်ထောင်မှု ၁၅ နှစ်ပြည့်အဖြစ် ကျင်းပသည့်ပွဲတွင် ပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်လည်း ကော်ဖီဆိုင်ခွဲများစွာ ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

၎င်းက နောက်လာမည့် ငါးနှစ်အတွင်း ထိုင်းနိုင်ငံတွင် Starbucks ကော်ဖီဆိုင် အရေအတွက်ကို ယခုထက် နှစ်ဆဖြစ်သည်အထိ ဖွင့်လှစ်သွားနိုင်ရန် ရည်ရွယ်ထားပြီး အမေရိကန်နိုင်ငံ၏ ပြင်ပတွင် ပထမဆုံး Starbucks Community Store ကို ထိုင်းနိုင်ငံတွင် ဖွင့်လှစ်မည်ဟု ကြေညာခဲ့သည်။ အဆိုပါ Community Store ၏ ရည်ရွယ်ချက်မှာ အကျိုးအမြတ်များကို ဒေသခံများလည်း ခံစားရစေရန် မျှဝေမည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...