အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

16 May, 2013

အမေရိကန် သမ္မတ အိမ်ဖြူက ဘားမားအစား မြန်မာနိုင်ငံလို့ စတင်သုံးနှုံး

အမေရိကန် သမ္မတ အိုမားမားဟာ ဧည့်သည်တော် သမ္မတ ဦးသိန်းစိန်ကို မေလ (၂၀) ရက် တနင်္လာနေ့မှာ အိမ်ဖြူတော်မှာ ကြိုဆိုတွေ့ဆုံမှာဖြစ်ကြောင်း အိမ်ဖြူတော်က မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက သမ္မတ အိုဘားမား မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးတဲ့နောက်၊ ဦးသိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေတဲ့အပေါ် အမေရိကန်အစိုးရက ဆက်လက် ထောက်ခံအားပေးနေခဲ့ကြောင်း၊ သမ္မတ အိုဘားမား အနေနဲ့ ဦးသိန်းစိန်နဲ့တွေ့ဆုံတဲ့အခါ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ တိုးတက်ဖွံ့ဖြိုးရေး၊ ဘာသာရေးနဲ့ လူမျိုးစု ပဋိပက္ခတွေ၊ ပြည်သူတွေအတွက် စီးပွားရေးအခွင့်အလမ်းစတဲ့ ဖြေရှင်းဆောင်ရွက်ရဦးမယ့် ပြဿနာတွေ အကြောင်း ဆွေးနွေးမယ့်အပြင်၊ အမေရိကန်ပြည်ထောင်စုဘက်က အကူအညီတွေဘယ်လိုပေးနိုင်မလဲဆိုတာ ရှာကြံ သွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မနေ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီ ကြေညာချက်မှာ ခါတိုင်းလို ဘားမားလို့ မသုံးစွဲဘဲ မြန်မာ နိုင်ငံတော်သမ္မတလို့ ဖေါ်ပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Caitlin Hayden က အမေရိကန် ပြည်ထောင်စု အနေနဲ့ Burma ကို တိုင်းပြည်အမည် အဖြစ်နဲ့ပဲ သုံးစွဲနေဦးမှာဖြစ်ပြီး၊ Myanmar ကိုတော့ အခြေအနေကို လိုက်ပြီး အကန့်အသတ်နဲ့ စတင်သုံးစွဲနေပါပြီ၊ Myanmar လို့ လက်ခံသုံးစွဲဖို့ မူဝါဒ မပြောင်းလဲသေးပေမဲ့၊ ပြုပြင်ပြောင်းလဲရေးတွေ အားစိုက်ဆောင်ရွက်နေတဲ့ အစိုးရတစ်ရပ်အပေါ် လေးစားသမှု ပြသတာဟာ မိမိတို့ အနေနဲ့အားပေးထောက်ခံနေတယ်၊ ကူညီဖို့ ဆန္ဒရှိတယ်ဆိုတဲ့ သင်္ကေတ လက္ခဏာ ပါပဲလို့ ပြောကြားခဲ့ ပါတယ်။

RFA Burmese

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...