အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

16 May, 2013

မိုး လေ ကြားမှာ နှစ်တစ်ရာကျော် ညောင်ပင်ကြီး လဲပြိုကျ ။

မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် နှစ်တစ်ရာကျော် သက်တမ်း ရှိတဲ့ ညောင်ပင်ကြီး လဲပြိုခဲ့ပါတယ် ။
(၁၅-၅-၁၃)ရက်နေ့ ညနေ(၄း၁၀)နာရီ က မန္တလေး ပေါင်းလဲကျောင်းတိုက် အတွင်း ၊ ရွှေသာလျောင်းဘုရား ၊ ငါးကန် အနောက်ဘက် မှာ နှစ်တရာကျော် သက်တမ်း ရှိတဲ့ ညောင်ပင်ကြီး ဟာ လဲပြိုခဲ့တယ် လို့ သိရပါတယ်။ အရှေ့ဘက် ကန်ဘောင် အထိ သစ်ပင်အဖျားများ ရိုက်ခတ်မှုရှိပေမယ့် စေတီ ပုထိုးများ ပျက်စီးမှု မရှိခဲ့ပါဘူး ။

" ဝုန်းကနဲ လဲတာ မဟုတ်ဘူး ၊ တအိအိ နဲ့ လဲတာ ၊ အောက်မြေ အစိုဓါတ် များတာရယ် ၊ အမြစ်ဆွေးလိုက်လာတာရယ်တွေ ကြောင့် ဖြစ်မယ်ထင်တယ် ၊ ခုတော့ ဖြတ်တောက်ရှင်းလင်းပေးဖို့ တာဝန်ရှိသူတွေ ကို အကြောင်းကြား ထားတယ် " လို့ ရပ်ကွက်နေပြည်သူတစ်ဦး က မြန်မာဓိက ကို ပြောပါတယ် ။

" ကံကောင်းတာပါ ညောင်ပင်ကြီးက အရှေ့ဘက်လဲတာ ၊ အနောက်ဘက်မှာ လမ်းကျဉ်းလေးခြားတဲ့ လူနေအိမ်တွေဘက် မလဲလို့ ၊ သက်တမ်းရင့်ပြီး အရိပ်ကောင်းတဲ့ အပင်ကြီးမို့ နှမြောမိပါတယ် " လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခု ၊ မေလ(၄) ရက်နေ့ကလည်း သမိုင်းဝင် ကုသိုလ်တော် ဘုရား ၀င်းထဲရှိ နှစ်သက်တမ်း ၁၀၀ ကျော်ပြီဖြစ်တဲ့ ခရေပင်ကြီး တစ်ပင်ဟာ နံနက် ၂ နာရီ ၀န်းကျင်အချိန်ခန့်မှာ လဲပြိုသွားခဲ့တာ ရှိပါတယ် ။ နှစ်ကြီး သက်တမ်းရင့် အပင်တွေမှာ အကိုင်းအခက်တွေ တဖက်သတ် များနေတာတွေ ရှိပါတယ် ၊ မိုးစိုပြီဆိုရင် အပင်ရဲ့ အရွက်မှာ စွတ်စိုမှု အလေးချိန်က များလာလို့ စောင်းနေတဲ့ဘက် အားပြုလဲပြိုကျတာ များပါတယ် ။ သက်ဆိုင်သူတွေ ၊ တာဝန်ရှိသူတွေ ဂရုတစိုက် ဆောင်ရွက်ပေးမယ် ဆိုရင် ခုလို ဆုံးရှုံးမှုတွေ လျော့နည်းသွားနိုင်ပါတယ်။

မန္တလေးမှာ မဟာဆန် မုန်တိုင်း အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ၊ လေတိုက်မှုများ ဖြစ်ပေါ်ခဲ့လို့ သစ်ပင်များ ၊ ဓါတ်တိုင်များ ကျိုးပျက် လဲကျမှု များ ရှိခဲ့ပါတယ်။

ရဲရင့်ကျော်
မြန်မာဓိက

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...