လီဗာပူးလ် အသင်းသည် အနားယူတော့မည့် ဝါရင့် ခံစစ်မှူးကြီး ဂျေမီ ကာရေဂါ နေရာတွင် အစားထိုးရန် စပို့တင်း လစ္စဘွန်းမှ တီယာဂို အယ်လိုရီကို စတင် ချိတ်ဆက်နေပြီ ဖြစ်သည်။ အသက်(၃၅)နှစ်ရှိ ကာရေဂါသည် လီဗာပူးလ်အတွက် ဆယ်စုနှစ် (၂)ခုနီးပါးမျှ ပါဝင် ကစားပေးပြီးနောက် ရာသီကုန်တွင် ကစားသမား ဘဝကို ကျောခိုင်း စွန့်ခွာရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာ အနေဖြင့် အသက်(၂၀)အရွယ်ရှိ အီလိုရစ်ကို အစားထိုးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ပေါ်တူဂီ ကလပ်အသင်း စပို့တင်းနှင့် လီဗာပူးလ်တို့သည် အီလိုရစ်ကို ပေါင်စတာလင် (၃.၅)သန်းဖြင့် အရောင်းအဝယ် ပြုလုပ်ရန် သဘောတူညီချက်အတွက် နီးစပ်နေပြီဟု သိရှိရသည်။
အီလိုရစ်သည် ပေါ်တူဂီ၏ တက်လမ်းကောင်းမွန်သော လူငယ် ကစားသမားလေး တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး လီဗာပူးလ်၏ ကစားသမားသစ် ရှာဖွေရေး ကင်းထောက်များက တစ်နှစ်မျှ အချိန်ယူ လေ့လာခြင်း ခံခဲ့ရသည်။ လီဗာပူးလ်သည် စပို့တင်း အသင်း၏ လူငယ် ကစားသမား ဘဝကတည်းက အီလိုရစ်ကို ခေါ်ယူရန် ဆန္ဒရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပထမအသင်းသို့ ရောက်ရှိသွားပြီး ခြေစွမ်းပြလာနိုင်ခြင်းကြော
Planet.com.mm
(ကစားသမားဘဝမှ အနားယူတော့မည့် လီဗာပူးလ်နောက်ခံလူ ကာရေဂါ)