အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

16 May, 2013

အင်္ဂလိပ်-မြန်မာစစ်မှ အမြောက် ပြည်သူ့ရင်ပြင်၌တွေ့

အများပြည်သူများ အပန်းဖြေရာ နေရာတစ်ခုဖြစ်သည့် ပြည်သူ့ရင်ပြင်ဝင်း အတွင်းရှိ ဦးဝိစာရ ရှော့ပင်းမောလ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲသုံး ထန်းလုံး အမြောက်တစ်ခုကို မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်က တွေ့ရှိခဲ့ကြောင်း သွားရောက် စစ်ဆေးသည့် ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ ဒုတိယ... ညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပြောကြားသည်။

ဦးဝိစာရ ဝင်ပေါက်အနီး မြေတူးစက်ဖြင့် မြေတူးရာမှ အလေးချိန် ခြောက်တန်ရှိသည့် အရှည် ၁၄ ပေနှင့် ၅ လက်မ၊ ထိပ်ဝ အချင်း ၁၃ လက်မ၊ နောက်ပိုင်းအချင်း ၂၃ လက်မရှိ ထန်းလုံး အမြောက်ကို တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

"နှစ်ပေခွဲအကွာမှာ တွေ့တာ။ အမြောက်နောက်ပိုင်းက အပိတ်တော့ မပါတော့ဘူး။ မြေကြီးထဲမှာ ကျန်ခဲ့တယ် ထင်တယ်" ဟု သွားရောက်စစ်ဆေး သည့် ရှေးဟောင်းသုတေသန အမျိုးသားပြတိုက် နှင့် စာကြည်တိုက်ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပြောကြား သည်။

အဆိုပါအမြောက်နှင့် ပတ်သက်၍ အချက်အလက်များကို ယဉ်ကျေးမှုဝန်ကြီး ဌာနတွင် တင်ပြထားကြောင်း၊ လက်ရှိတွင် ယင်းနေရာ၌ပင် ထားရှိကြောင်း ၄င်းထံမှ သိရသည်။

ယခုအမြောက် တွေ့ရှိရာ နေရာသည် ရွှေတိဂုံဘုရားနှင့် နီးသောကြောင့် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်တပ် များက ရွှေတိဂုံ ရင်ပြင်၌ တပ်စွဲခဲ့ပြီး အင်္ဂလိပ်စစ်တပ်သုံး အမြောက်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနထံမှ သိရသည်။

အင်္ဂလိပ်-မြန်မာ စစ်ပွဲသုံးအမြောက် နှစ်ခုကို ပြည်သူ့ ရင်ပြင် ယခုတွေ့ရှိသော နေရာနှင့် ပေ ၈၀ အကွာတွင် ၂၀၁၂ ခုနှစ် အတွင်းကလည်း တွေ့ရှိခဲ့ကြောင်း ယင်း ဌာနထံမှ သိရှိရသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...