အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

16 May, 2013

လက်ရွေးစင်အဖြစ်မှ ဖာဒီနန် အနားယူပြီ

မန်ယူခံစစ်မှူး ဖာဒီနန်မှာ နိုင်ငံလက်ရွေးစင် ကစားသမားဘ၀မှ အနားယူခဲ့ကြောင်း အတည်ပြုသွားခဲ့သည်။ အသက် ၃၄နှစ
အရွယ်ရှိ ဖာဒီနန်မှာ အင်္ဂလန်အတွက် ၈၁ပွဲ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ကလပ်အတွက် ပိုအာရုံစိုက်လိုသောကြောင့် လက်ရွေးစင် ကစားသမားဘ၀မှ အနားယူလိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။၎င်းအနားယူသွားခြင်းနှင့် ပတ်သက်၍ အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်က " အင်္ဂလန်အသင်းနဲ့ အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ပွဲ ပါဝင်ကစားခဲ့ပြီး အသင်းကိုလည်း ဦးဆောင်နိုင်ခဲ့တဲ့ ဖာဒီနန်ဟာ ကစားသမားကောင်းတွေပဲ ပါဝင်ထိုက်တဲ့ အထူးအဖွဲ့ထဲ မှတ်တမ်းဝင်သူပါ " ဟု ဂုဏ်ပြုခဲ့သည်။

ဖာဒီနန်မှာ အင်္ဂလန်အသင်းအတွက် ၁၉၉၇ခုနှစ် ကင်မရွန်းနှင့်ပွဲစဉ်တွင် စတင်ပါဝင်ခွင့်ရရှိခဲ့ပြီး ယူရို ၂၀၁၂ ခြေစစ်ပွဲအဖြစ် ဆွစ်ဇာလန်နှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်နောက်ပိုင်း လက်ရွေးစင်အသင်း အတွက် ပါဝင်ခွင့်မရခဲ့ပေ။ ၎င်းကို လာမည့်ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များအတွက် အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်က ပြန်လည်ခေါ်ယူခဲ့သော်လည်း ကြံ့ခိုင်မှု အကြောင်းပြချက်ဖြင့် လက်ရွေးစင် အသင်းမှ နုတ်ထွက်ခဲ့သူဖြစ်သည်။

ရိုးရာလေး

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...