အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

16 May, 2013

ထိုင်းနယ်စပ်၌ ပစ်ချခဲ့သော အိတ်များမှ မူးယစ်ဆေးဝါးများ ဖမ်းမိ

မေလ ၁၅ ရက် နံနက်ပိုင်းက ထိုင်းအာဏာပိုင်များဖမ်းမိသော ယာဘ
၁.၆ သန်းနှင့် အိုက်စ် ၄၃ ကီလိုဂရမ်မြန်မာဘက်မှ ထိုင်းဘက်သို့ ကူးမည့် အမျိုးသား ၇ ဦး နယ်စပ်ကိုဖြတ်
သန်းရန် ကြိုးစားနေစဉ်ထိုင်းနယ်စပ်အာဏာ ပိုင်များ၏ တားဆီးမှုကြောင့် ၄င်းတို့ ကျောပိုး လာသောအိတ်များ ပစ်ချထွက်ပြေးခဲ့ရာ ကာလပေါက်ဈေး
အရ ဘတ်ငွေ သန်းပေါင်း ၆၀ဝ ($ 20 သန်း) ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါး
များကို ထိုင်းစစ်သားတို့က ဖမ်းမိခဲ့သည်။

သက်ဆိုင်ရာအာဏာပိုင်များက အဆိုပါကျောပိုးအိတ်များအတွင်းမှ ယာဘ စိတ်ကြွဆေး(methamphetamine) အပြား ပေါင်း ၁.၆ သန်း နှင့် အိုက်စ် (ice or crystal methamphetamine) ၄၃ ကီလိုဂရမ် တို့ကိုရှာဖွေတွေ့ရှိ
ခဲ့သည်။

နံနက်၂ နာရီ မယ်ဆိုင်မြို့နယ် ဘန့်ဝိန်းဟွမ် တွင် လုံခြုံရေးကင်းလှည့်နေစဉ် အထူးမြင်းတပ်တပ်ဖွဲ့ ၃ မှ ထိုင်းစစ်သား နှင့်ယင်းအမျိုးသား ၇ ဦးတို့တွေ့
ဆုံခဲ့သည်။ ထိုလူတို့မှာ မယ်ဆိုင်ချောင်းကူး၍ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ သို့သော် ထိုင်းစစ်သားတို့က မသင်္ကာသဖြင့် ရပ်တန့်ရန် အမိန့်ပေးသောအခါ ထိုအမျိုး သား ၇ ဦးမှာ ၄င်းတို့၏ ကျောပိုးအိတ်များကို ပစ်ချခဲ့၍ ထွက်ပြေးသွားသည်။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန (ONCB) က ထိုပစ္စည်း
အိတ်များကို စစ်ဆေးပြီး မူးယစ်ဆေးဝါးတို့ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အိတ်တိုင်းတွင် အမှတ်အသားများ နှင့် ကုဒ်နံပါတ်များလည်းပါရှိသည်။ ထိုအမှတ်အသားများ၊ ကုဒ်နံပါတ်များမှာ ၄င်းတို့ ဖောက်သည်များ၏ ကုဒ်နံပါတ် သို့မဟုတ် သွားရောက်ပို့ဆောင်မည့်နေရာအတွက် ကုတ်နံပါတ်များဖြစ်နိုင်ကြောင်း ONCB က ပြောကြားခဲ့သည်။

(ဘန်ကောက်ဖို့စ် ၏ မေလ ၁၅ ရက်နေ့ ၂၀၁၃ ခုနှစ် ထုတ်သတင်းစာ မှ ဘာသာပြန်ဆိုသည်။)

သျှမ်းသံတော်ဆင့်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...