အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 June, 2014

အမှိုက်ကောက်တဲ့ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါနဲ့ ထွန်းကိုကို


နာရေးကူညီမှုအသင်း (ရန်ကုန်)က ဦးဆောင်ကာ မြို့ နယ်သန့်ရှင်းရေးအတွက် ဇွန်လ ၂၉ ရက်တွင် ပြုလုပ်မည့် အမှိုက်ကောက်လှုပ်ရှားမှုတွင် ထွန်းကိုကို၊ နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါ တို့ ပါဝင်ခဲ့ကြောင်း သတင်းရရှိ သည်။
ဇွန်လ ၂၉ ရက် နံနက် ၇ နာရီမှ နံနက် ၁၀ နာရီခွဲအချိန်ထိ နာရေးကူညီမှုအသင်း တည်ရှိရာ မြောက်ဒဂုံရှိ နေရာအချို့တွင် ပတ်ဝန်းကျင်သန့်ရှင်းရေးအ တွက် အမှိုက်ကောက်ခဲ့ကြောင်း နန်းခင်ဇေယျာက ပြောသည်။
‘‘နန်းခင်တို့ကတစ်ဆင့် ဒီလို ပွဲလေးရှိတယ်။ လိုက်ခဲ့လို့ပြော တော့ ကျွန်တော်လည်း စိတ်ဝင် စားတာနဲ့ သူတို့နဲ့အတူတူ

ကင်ဆာ ရောဂါကို နေ့စဉ် ဝယ်နေကြသူများ

မိမိ အာဟာရ ဖြစ်စေမည့် အစာကို ငွေဖြင့် မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာ မဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာ ရောဂါဆိုးကို နေ့စဉ် ငွေပေး၍ စားသုံး မှီဝဲ နေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသော အစာ အာဟာရ အဖြစ် အယောင် ဆောင်၍ နေ့စဉ် လွှမ်းမိုး နေသည်။ နေ့စဉ် ငွေရာ ထောင်ချီ၍ ကုန်နေသည်။
ထိုသို့ ငွေကြေး အကုန် အကျခံ၍ နေ့စဉ်မှီဝဲသော အာဟာရ အစာတစ်ခုက တစ်နေ့မိမိ၏ သေခြင်းကို ဖိတ်ခေါ်လာသူ ဖြစ်ကြောင်း စားသုံး မှီဝဲသူပင် မသိ။ ဘာသိ ဘာသာနေပြီး စားသုံး မှီဝဲနေကြသည်။ ရောင်းချသော ဈေးဆိုင် ကလေးများ ကလည်း လမ်းဘေးဝဲ၊ ယာတွင်

ဘရာဇီးကို ကိုလံဘီယာ အန္တရာယ်ပေးနိုင်စွမ်းရှိကြောင်း ရိုဒရီဂွတ်ဇ်ပြောကြား


ကိုလံဘီယာ အနေဖြင့် ဘရာဇီး အသင်းကို အန္တရာယ်ပေး ခြိမ်းခြောက်နိုင်မည်ဟု ယုံကြည်ထားကြောင်း တိုက်စစ်မှူး ဂျိမ်းစ်ရိုဒရီဂွတ်ဇ်က ပြောကြားခဲ့သည်။ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပုံစံကောင်း ရနေသည့် ကိုလံဘီယာ အသင်း၏ ထိုးစစ်တွင် အကောင်းဆုံး ခြေစွမ်းပြနေသည့် မိုနာကို တောင်ပံတိုက်စစ်သမားက ကွာတားဖိုင်နယ်တွင် အိမ်ရှင်ဘရာဇီးကို အကောင်းဆုံး ရင်ဆိုင်နိုင်မည်ဟု ယုံကြည်လျှက် ရှိသည်။အသက်(၂၂)နှစ်ရှိ ရိုဒရီဂွတ်ဇ်သည် ဥရုဂွေးကို (၂-၀)ဖြင့် အနိုင်ရသည့် ရှုံးထွက်ပွဲစဉ်တွင် (၂)ဂိုးလုံး သွင်းယူခဲ့ပြီး ပထမဂိုးမှာ ပြိုင်ပွဲ၏ အကောင်းဆုံး စာရင်းဝင် ဂိုးတစ်ဂိုး ဖြစ်လာသည်။ ယခုအခါ ကိုလံဘီယာသည် (၄)ပွဲကစား၊ (၄)ပွဲနိုင်ထားပြီး ရိုဒရီဂွတ်ဇ်ကလည်း (၅)ဂိုးသွင်းကာ ပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်လျက်ရှိသည်။ရိုဒရီဂွတ်ဇ်က “ခုချိန်မှာ ကျွန်တော်တို့ ဘရာဇီးကို အနီးကပ် စောင့်ကြည့်နေရပါမယ်။ သူတို့မှာက ထိပ်တန်း ကစားသမားတွေ ပါဝင်စုဖွဲ့ထားပြီး ကစားပုံကလည်း ကောင်းမွန်ပါတယ်။ ပြီးတော့ သူတို့ကလည်း ကျွန်တော်တို့ကို စောင့်ကြည့်နေမှာပဲလေ။ ဘရာဇီးနဲ့ ကစားဖို့ ကျွန်တော်တို့မှာ ဘာဖိအားမှ မရှိပါဘူး။ ကိုလံဘီယာမှာလည်း ကစားသမားကောင်းတွေ ရှိနေပါတယ်။ ဘရာဇီးကို ကျွန်တော်တို့ အန္တရာယ် ပေးနိုင်စွမ်း ရှိပါတယ်။ ဒီပွဲကတော့ တကယ့်ကို လှပကောင်းမွန်တဲ့ အားပြိုင်မှုမျိုး ဖြစ်လာမယ် ထင်ပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။ရိုဒရီဂွတ်ဇ်က ၎င်းအနေဖြင့် တစ်ဦးချင်း စွမ်းရည်ကောင်းများ ပြသရန်ထက် အသင်းအောင်မြင်ရေးအတွက်သာ အဓိက ကူညီလိုကြောင်းလည်း ဆိုသည်။ “ကျွန်တော့် အဓိက ရည်ရွယ်ချက်ကိုက အသင်းရလဒ် ကောင်းမွန်စေဖို့ပဲ ဖြစ်ပါတယ်။ ခုလောလောဆယ် ကျွန်တော့်ခြေစွမ်းက ကောင်းမွန်မြင့်တက်နေတယ်။ အသင်းအတွက် ဂိုးတွေ သွင်းယူပေးနေနိုင်တဲ့ အတွက်တော့ ကျွန်တော် ပျော်ရွှင်မိပါတယ်”ဟုလည်း ရိုဒရီဂွတ်ဇ်က ပြောကြားသွားသည်။
_Ref: Skysports

နယ်သာလန်အတွက် ပွဲရာပြည့် ကစားနိုင်ခဲ့သည့် ခံစားချက်မှာ ထူးခြားလွန်းကြောင်း ဒါ့ခ်ကွတ်ဆို


Photo - Gettyimages
နယ်သာလန် အသင်းအတွက် ပွဲပေါင်း(၁၀၀)ပြည့် ကစားနိုင်ခဲ့သည့် ခံစားချက်မှာ ထူးခြားလွန်းကြောင်း တိုက်စစ်မှူး ဒါ့ခ်ကွတ်က ပြောကြားခဲ့သည်။မက္ကဆီကို အသင်းကို (၂-၁)ဖြင့် အနိုင်ရသည့် ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်တွင် ဖီနာဘာချီ ကစားသမား ကွတ်က လက်ရွေးစင် ပွဲပေါင်း(၁၀၀) ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။ အသက်(၃၃)နှစ်ရှိ ကစားသမားသည် နယ်သာလန် အသင်း၏ သမိုင်းတစ်လျှောက် ပွဲပေါင်းရာပြည့် ကစားနိုင်သည့် သတ္တမမြောက် ကစားသမားလည်း ဖြစ်လာသည်။ဇွန်လ(၂၉)ရက်နေ့ညက မက္ကဆီကို အသင်းကို အနိုင်ရခဲ့သည့်နောက် ကွတ်က

ဖေ့စ်ဘွတ်ခ်သုံးသူထက် ဗိုက်ဘာသုံးသူပိုများ

 မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူထက်ဗိုက်ဘာ (Viber) သုံးစွဲသူက ပိုများကြောင်းသတင်းရရှိသည်။ ထို့အပြင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူ  ၂ ဒသမ ၄သန်းခန့်ရှိချိန်တွင်Viber အကောင့်များဖွင့်လှစ်ပြီးမိုဘိုင်ဖုန်းဖြင့်သာမက ကွန်ပျူတာဖြင့် သုံးစွဲသူပေါင်း ၃ ဒသမ ၈ သန်းရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
Viber အသုံးပြုရာတွင် မြန်မာနိုင်ငံဖြင့် စာရင်းပေးသွင်း အသုံးပြုနေသူ ၃ ဒသမ ၈ သန်းခန့် ရှိပြီး မိုဘိုင်းဖုန်းအပြင် ကွန်ပျူတာများဖြင့် ဖွင့်လှစ်သုံးစွဲနေကြောင်း Viber ၏ စာရင်းများအရ သိရသည်။
ပြည်တွင်း၌ Viber ဖွင့်လှစ်သုံးစွဲနေသူမှာ မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲနေသည့် စာရင်းများထက်သာမက မြန်မာနိုင်ငံတွင်

ကိုလံဘီယာနှင့်ပွဲစဉ်တွင် နေမာပါဝင်ရန် မသေချာသေးဟု ဘရာဇီးနည်းပြဝန်ခံ


ကိုလံဘီယာနှင့် ကစားမည့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွင် ဘရာဇီး အသင်း၏ အဓိက တိုက်စစ်မှူး နေမာ ပါဝင်နိုင်ရန် မရေမရာ ဖြစ်နေကြောင်း သိရှိရသည်။ချီလီနှင့် ပွဲစဉ်တွင် အသက်(၂၂)နှစ်အရွယ် ကစားသမားသည် ပေါင်ဒဏ်ရာ ရရှိထားခဲ့ပြီး လာမည့်ပွဲစဉ်၌ ပါဝင်ကစားရန် ရုန်းကန်နေရသည်။ ချီလီကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရသော ပွဲစဉ်တွင် ဘရာဇီး တိုက်စစ်၌ ဖရက်ဒ်နှင့် ဟော့ခ်တို့မှာ အကောင်းဆုံး ခြေစွမ်းမျိုး မရခဲ့ခြင်းကြောင့် နေမာသာ ကိုလံဘီယာနှင့်ပွဲတွင် မကစားနိုင်ပါက နည်းပြ လူးဝစ်ဖိလစ် စကိုလာရီအတွက် အကျပ်ရိုက်ဖွယ်

စင်ကာပူဈေးဝယ်စင်တာများတွင် ရောင်းချခံနေရသည့် အိမ်အကူများ၏ ၄၀ ရာခိုင်နှုန်းမှာ မြန်မာများဖြစ်

စင်ကာပူနိုင်ငံဈေးဝယ် စင်တာများတွင် ရောင်းကုန် ပစ္စည်းအဖြစ် အိမ်အကူလုပ်သား ရောင်းချကြရာ၌ မြန်မာအိမ် အကူလုပ်သား ၄၀ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိကြောင်း စင်ကာပူ နိုင်ငံအခြေစိုက် အိမ်အကူလုပ် သားအရေး ဆောင်ရွက်လျက်ရှိ သော HOME အဖွဲ့မှ သတင်း ရရှိသည်။
စင်ကာပူနိုင်ငံသို့ အိမ်အကူ လုပ်သားအဖြစ် လာရောက်လုပ်ကိုင်ကြသည့် ပြည်ပအိမ်အကူ လုပ်သားများကို စင်ကာပူအေးဂျင့်များက ဈေးဝင်စင်တာများတွင် ရောင်းကုန်ပစ္စည်းအဖြစ် ရောင်းချနေပြီး ပြခန်းများ၌

ထိုင်းစစ်တပ်က လူပွဲစားတွေ စနှိမ်နင်းမည်

ထိုင်းနိုင်ငံအနောက်ပိုင်း စမွတ်စခုံအရပ်က ရေလုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ။
ထိုင်းအစိုးရအနေနဲ့ နိုင်ငံတွင်းမှာ တရားမဝင်ရောက် နေထိုင်လုပ်ကိုင် နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေက အလုပ်သမားတွေ အပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်မှာ မဟုတ်ဘဲ နောက်ကွယ်ကနေ လူကုန်ကူးနေတဲ့ ပွဲစားတွေကို အဓိက အရေးယူနှိမ်နင်း သွားမှာ ဖြစ်ကြောင်း ထိုင်းစစ်တပ်အကြီးအကဲက မနေ့က နိုင်ငံတော်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြား လိုက်ပါတယ်။ ဒါကြောင့် လူကုန်ကူးမှု အများဆုံးဖြစ်နေတဲ့ နေရာတွေ ဖြစ်တဲ့ ငါးဖမ်းလှေတွေမှာ ရောင်းစား ခံနေရသူတွေကို အရင်ဆုံး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်သင့်တယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်

လုပ်ငန်းလိုင်စင်မရှိ ကြားကားများကို ဖမ်းဆီးမှု အရှိန်မြှင့်တော့မည်

ရန်ကုန်တိုင်းအတွင်း လုပ်ငန်းလိုင်စင် မရှိဘဲ ခရီးသည်တင်ယာဉ် ကြားကားအဖြစ် ပြေးဆွဲနေသည့် ယာဉ်များ ပိုမိုများပြားလာသည့်အတွက် ထိရောက်သည့် ပြစ်ဒဏ်ဖြင့် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒု-ရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။
“ကြားကားတွေက တရားဝင်မောင်းခွင့် နဲ့ လိုင်းဆွဲနေတာ မဟုတ်ဘူး။ တရားလည်း မ၀င်ဘူး။ အခွန်လည်း ဆောင်စရာမလိုတဲ့ အတွက်

ဆန်းလ္ဘက်ရည်ဆိုင် ပိုင်ရှင် မူဆလင်ညီအစ်ကို နှစ်ဦးက ဗုဒ္ဓ ဘာသာဝင် ဆိုင်အလုပ်သမ တဦးအား အဓမ္မပြုကျင့်

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ ညက မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့ နယ် ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းလ္ဘက်ရည် ဆိုင်မှာ ထမင်းချက် လုပ်ကိုင်နေတဲ့ မစိုးစိုး (ဗုဒ္ဓ ဘာသာဝင်) မိန်းခလေးကို ဆိုင်ပိုင်ရှင် ကိုဆန်းမောင် (မွတ်ဆလင်/အစ္စလာမ်) နှင့် ညီဖြစ်သူ ကိုနေ၀င်း (မွတ်ဆလင်/အစ္စလာမ်) တို့ ညီအစ်ကို

28 June, 2014

ဘင်္ဂါလီများကို တစ်ဦးလျှင် ကျပ်သုံးသိန်းဖြင့် ရန်ကုန်သို့ ခေါ်လာသည့် အငြိမ်းစားရဲမှူးကြီး နှစ်ဦး၏ သားနှင့်သမီးကို ဖမ်းမိ

ဘင်္ဂလီ တဦးအားတွေ့ ရစဉ် 
အငြိမ်းစား ရဲမှူးကြီး နှစ်ဦး၏ သားနှင့် သမီးက ဘင်္ဂါလီကိုးဦးကို တစ်ဦးလျှင် ကျပ် သုံး သိန်းဖြင့် ရန်ကုန်သို့ ပို့ရန်ကား ဖြင့် သယ်လာစဉ် အမ်းမြို့အ၀င် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဇွန်လ ၂၇ ရက် နံနက်က အမ်းမြို့အ၀င် စစ်ဆေးရေးဂိတ် တွင် အမျိုးသားတစ်ဦးနှင့် အမျိုး သမီးတစ်ဦး ဦးဆောင်ကာ ဘင်္ဂါ လီ ကိုးဦးစီးလာသည့်ကားကို စစ် တပ်နှင့် ရဲတပ်ဖွဲ့ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့က သတင်းကြိုရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း

အရွက်မှအစ အမြစ်အဆုံး ပဉ္စငါးပါးလုံး ဆေးဖက်ဝင်သည့် သြဇာပင်


သြဇာပင် သည် မြန်မာနိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်လေ့ ရှိပြီး အလယ်ပိုင်း ဒေသများ၌ အလေ့ကျ ပေါက်သည်ကို တွေ့ရသည်။
မြန်မာ့ ဆေးကျမ်းများ အရ သြဇာသီးသည် အေး၍ သွေးအားကို တိုးပွားစေသည်။ နှလုံးကို များစွာ အကျိုးပြု၍ ပူလောင်ခြင်း ၊ လေပူရောဂါ နှင့် သွေးအန်ရောဂါ များကို ပယ်ဖျောက် နိုင်စွမ်း ရှိသည်။
သြဇာရွက် ကို ကြိတ်၍ စားခြင်းဖြင့် သန်မာစေပြီး အရွက်ကို ချေ၍ ရှူပေးပါက အမူးအမော် သက်သာစေသည်။ သြဇာသီး အစိမ်းသည် ချုပ်သော သတ္တိ ရှိသဖြင့် ၀မ်းသွားခြင်း ၊ ၀မ်းသက်ခြင်း

ဘဝတစ်လျှောက်လုံး ဉာဏ်ထက်မြက် နေရလေအောင်

အရွယ် ရလာတာနဲ့ အမျှ အတွေးအခေါ် ကောင်းတွေ၊ မှတ်ဉာဏ် တွေဟာ ကျဆင်း သွားတယ် ဆိုတာ မဟုတ်ပါဘူး။
ဦးနှောက်အတွက် အာဟာရ ပြည့်ဝနေရင် အသက်ကြီး လာပေမယ့် ဦးနှောက်တွင်းမှ Gray Matter တွေဟာ အဆက်မပြတ် ပြန်လည် တည်ဆောက်နေတတ်ပြီး Neurones တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှုအားတွေလည်း ကောင်းနေတယ်လို့ ဆိုပါတယ်။ အောက်ပါ ဦးနှောက်စွမ်းအားကောင်းတဲ့ အာဟာရတွေနဲ့ ဉာဏ်ထက်မြက် နေအောင် ပြုလုပ်ပါ။
မှတ်ဉာဏ်ကောင်းအောင် ငါးစားပါ
ပင်လယ်စာကို တစ်ပတ်နှစ်ကြိမ် စားပေးတာဟာ ဦးနှောက်အတွက် အကျိုး ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ ပါဝင်တဲ့

အွန်လိုင်းမှ ဆေးလိပ်သောက်သည့်ဓာတ်ပုံကိစ္စ ရွှေမှုံရတီ မိခင်ရှင်း

 အွန်လိုင်းတွင် ပျံ့နှံ့နေ သော ဆေးလိပ်သောက်နေသည့် ပုံသည် ရှေးခေတ်အမျိုးသမီး ဆေးပြင်းလိပ်သောက်သည့် ပုံစံ အတွက် ဓာတ်ပုံအထူးပြုလုပ် ချက်ဖြင့် ပြုပြင်ရန် ရိုက်ကူးခဲ့ခြင်း ဖြစ်ကာ ယင်းပုံကို တရားဝင်အ သုံးပြုခဲ့ခြင်းမရှိကြောင်း    ရွှေမှုံ ရတီ၏ မိခင်က ပြောသည်။
‘‘အဲဒီပုံမှာ ၀တ်စားဆင်ယင် ပုံကိုကြည့်ရင်လည်း အရင်ခေတ် က ပုံဆိုတာ သိနိုင်ပါတယ်။ ရုတ် တရက် ဆေးပြင်းလိပ်ရှာမတွေ့ တဲ့အခါ လက်ထဲမှာ စီးကရက်ကို ညှပ်ပြီးရိုက်ထားတာ။ နောက်မှ ဖိုတိုရှော့လုပ်မယ်ဆိုပြီး ရိုက်ခဲ့ တာ။ ဒါပေမဲ့လည်း သူတို့လုပ်လို့

အေသင်ချိုဆွေ ပြောပြတဲ့ သူမရဲ့ အချစ်ရေး

 ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ ရနေပြီး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိ ထားသူဖြစ်သလို လတ်တလောမှာ တတိယမြောက်တစ်ကိုယ်တော် Playboy ဆိုပြီး ထွက်ရှိထားတဲ့ အေသင်ချိုဆွေကို ပရိသတ်စိတ်ဝင်စားနေတဲ့ သူမရဲ့ချစ်သူ pepsi နဲ့ ဘယ်တော့အိမ်ထောင်ပြု ဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ “အေသင် အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်။ အေသင်တို့ နှစ်ယောက်လုံးက ငယ်ပါသေးတယ်။ ဒါကြောင့် အေသင် အခုချိန်မှာတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မစဉ်းစားသေးပါဘူး။ အေသင်ရဲ့ချစ်သူ pepsi ကလည်း အမေရိကကို ပြန်ရဦးမှာလေ။ အေသင်တို့ နှစ်ယောက်လုံးက

စပိန်အသင်းလေယာဉ် မြေပြင်သို့ ဆင်းသက်ခါနီး မိုးကြိုးပစ်ခံရ



Photo: စပိန်အသင်းလေယာဉ် မြေပြင်သို့ ဆင်းသက်ခါနီး မိုးကြိုးပစ်ခံရ
Wednesday, June 25, 2014

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အဆိုးရွားဆုံးရလဒ်များဖြင့် အုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီး မိခင်နိုင်ငံသို့ ပြန်ရောက်လာခဲ့သည့် စပိန်အသင်းသည် မက်ဒ ရစ်မြို့ရှိလေဆိပ်သို့ မရောက်ခင်တွင် ထိတ်လန့်စရာအဖြစ်နဲ့ ရင်ဆိုင်ခဲ့ရသည်။ စပိန်အသင်းကို တင်ဆောင်လာပြီး ကျူရီတီဘာမှထွက်ခွာလာ ခဲ့သည့်လေယာဉ်မှာ မက်ဒရစ်မြို့၊ လက်စ်ပယ်လ်မက်စ်လေဆိပ်သို့ ဆင်းသက်ခါနီးတွင် မိုးကြိုးပစ်ခံခဲ့ရခြင်းကြောင်း စပိန်သတင်းစာ AS က ရေးသားခဲ့သည်။

စပိန်အသင်းကို တင်ဆောင်လာခဲ့သည့် အိုင်ဘာရီယာလေကြောင်းလိုင်းမှ လေယာဉ်သည် မြေပြင်သို့ဆင်းသက်ခါနီးတွင်တောင်ပံတစ်ဖက်ကို မိုးကြိုးထိမှန်ခဲ့ပြီး ပေါက်ကွဲသံကဲ့သို့ မြည်ဟီးသွားခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူများ ထိတ်လန့်တကြားဖြစ်ခဲ့ရ သော် လေယာဉ်မှူးအနေဖြင့် မြေပြင်ပေါ်သို့ အောင်မြင်စွာဆင်းသက်နိုင်ခဲ့သည်။ မိုးကြိုးထိမှန်ခဲ့သော်လည်း မည်သည့်ထိခိုက်ဆုံးရှုံးမှုမျိုးမှ မ ရှိခဲ့ကြောင်း လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရသူအမျိုးသမီးတစ်ဦးက အတည်ပြုခဲ့သည်။

လက်ရှိချန်ပီယံဘွဲ့ကို မကာကွယ်နိုင်ခဲ့သည့်အပြင် အုပ်စုအတွင်းတွင် တစ်ပွဲသာအနိုင်ရရှိခဲ့သော စပိန်အသင်းကို လေဆိပ်တွင်လာရောက် ကြိုဆိုသည့်ပရိသတ်ဦးရေမှာလည်း ၂၀၀ ခန့်သာရှိခဲ့ပြီး စပိန်အသင်းသားများအနေဖြင့်လည်း လေဆိပ်တွင် လာရောက်စောင့်ဆိုင်းနေသည့် မီဒီယာများကိုပင် မည်သည့်အကြောင်းအရာမှ မပြောကြားခဲ့ကြဘဲ တိတ်ဆိတ်စွာထွက်ခွာသွားခဲ့ကြကြောင်း စပိန်မီဒီယာများက ဆိုသည်။

Ref: Reuters
Mizzima Sport News
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အဆိုးရွားဆုံးရလဒ်များဖြင့် အုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီး မိခင်နိုင်ငံသို့ ပြန်ရောက်လာခဲ့သည့် စပိန်အသင်းသည် မက်ဒ ရစ်မြို့ရှိလေဆိပ်သို့မရောက်ခင်တွင် ထိတ်လန့်စရာအဖြစ်နဲ့ ရင်ဆိုင်ခဲ့ရသည်။ စပိန်အသင်းကို တင်ဆောင်လာပြီး ကျူရီတီဘာမှထွက်ခွာလာ ခဲ့သည့်လေယာဉ်မှာ မက်ဒရစ်မြို့၊ လက်စ်ပယ်လ်မက်စ်လေဆိပ်သို့ ဆင်းသက်ခါနီးတွင် မိုးကြိုးပစ်ခံခဲ့ရခြင်းကြောင်း စပိန်သတင်းစာ AS က ရေးသားခဲ့သည်။
စပိန်အသင်းကို တင်ဆောင်လာခဲ့သည့် အိုင်ဘာရီယာလေကြောင်းလိုင်းမှ လေယာဉ်သည်

(အွန်လိုင်းသုံးရင်း ကုသိုလ်ယူလိုက်ကြရအောင်နော်)

Photo: (အွန်လိုင်းသုံးရင်း ကုသိုလ်ယူလိုက်ကြရအောင်နော်)

(သင့်ရဲ့ Share တစ်ချက်ဟာ အနညးဆုံး ကလေးတစ်ယောက်အတွက် ထမင်းတစ်နပ်ကို ဖူလုံစေနိုင်တယ်ဆိုတာကို မမေ့ပါနဲ့)

“မိဘမဲ့ကလေးများကျောင်းနှင့် ဘုန်းကြီးကျောင်း လိပ်စာများ”
====================================

ပရဟိတ လှူဒါန်းချင်သူများ အတွက် ကူညီမှု လိုအပ်သော နေရာလေးများကို ဖော်ပြပေးခြင်း ဖြစ်ပါသည်။

၁)သီလရှင်စာသင်တိုက်
ရွှေပုန်းပွင့်ဘုရားလမ်း၊ ကျောက်ရေတွင်းရပ်ကွက်၊ အမှတ်(၂၂)ကျောင်းအနီး ၊ မြောက်ဥက္ကလာ
ဖုန်း - ၀၉ ၇၃၀ ၂၆၂၂၆

၂)ဆူထူးပန် သီရိမင်္ဂလာကန်တော် ဘုန်းတော်ကြီး ပညာသင်ကျောင်း
အလွတ်းဆွတ်ကျေးရွာ၊ အေးမေတ္တာရပ်ကွက်၊ သန်လျင်။
ဖုန်း - ၀၉ ၈၆၂ ၈၄၉၄

၃)အေးရိပ်သာကျောင်း
(၁၃၃) ရပ်ကွက်၊ တကောင်းလမ်း၊ ဒဂုံအရှေ့
ဖုန်း - ၀၉ ၄၃၀ ၅၆၆၀

၎)ရွှေငြိမ်စံကျောင်း
အုတ်ဖိုတောရ မဟာစည် သာသနာ့ရိပ်သာ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ၊ မလစ်အုပ်စု
ဖုန်း - ၀၉ ၈၆၃ ၁၇၀၉၊ ၀၁- ၅၉၉၄၁၂

၅)ပါရမီဖြည့်ဘုန်းတော်ကြီးကျောင်း
မှော်ဘီ ၀ါးနတ်ချောင်းကျေးရွာ။
ဖုန်း - ၀၉ ၇၃၀ ၉၂၄၁၅၊ ၀၉ ၇၃၁ ၄၂၈၅၆

၆)ရွှေရတနာသီလရှင်ကျောင်း
အမှတ်(၂၀) ၊ မကွေးလမ်း၊ သံဒင်းရပ်ကွက်။
ဖုန်း -၀၁ ၆၁၁၅၂၃

၇) အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊
အလယ်၇ွာကြီးကျေးရွာ၊ ငွေပင်လယ်စက်မှုဇုံအနီး(ရွှေပြည်သာ တံတားအဆင်း) လှိုင်သာယာ၊ ရန်ကုန်
ဖုန်း 613665

၈) ကုမာရရမ ပရဟိတကျောင်းတိုက်
အောင်သိဒ္ဒိလမ်း ၊ (၃) ရပ်ကွက် ၊ မရမ်းကုန်း
ဖုန်း -0973031875
မူလတန်းမှ ပဉ္စမတန်းအထိ မိဘမဲ့ကလေး (၁၅၀)ဦး
ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

၉) ပြွန်တန်ဆာ ပရဟိတသီလရှင်ပညာရေးကျောင်း
၂၂ ရပ်ကွက် ရွှေပေါက္ကံမြို့သစ် မြောက်ဥက္ကလာပ
ဖုန်း 09421075045
မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
န၀မတန်းမှ ဒသမတန်းအထိ ပြင်ပသင်
ကျောင်းသားကျောင်းသူ ၁၄၇ ဦး အတွက်

၁၀) သီရိမင်္ဂလာ (အုန်းတောကျောင်း)
ဖုန်း 0954022180
မူလတန်းမှ စတုတ္ထတန်းအထိ မိဘမဲ့ကလေး ၃၀ ဦး
ကျောင်းသား ၂၄၇ ဦးအတွက်

၁၁) ဓမ္မလင်္ကာရဘုန်းတော်ကြီးကျောင်း
ဘုန်းတော်ကြီးစာသင်တိုက် တွံတေးမြို့
ဖုန်း 095060663
မိဘမဲ့ကလေး 168 ဦးအတွက်

၁၂) တိက္ခာရာမ ပရဟိတစာသင်ကျောင်း

၇/၈ လမ်းဆုံ မြောက်ဒဂုံ ဖုန်း 0973024065

မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
မိဘမဲ့ကလေး (၁၅)ဦး
ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

၁၃) သီရိမင်္ဂလာဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၁၂-ရပ်ကွက် ပေါ်ဦး ၆ လမ်း ဒဂုံအရှေ့ပိုင်း
ဖုန်း 0943082166 ၊ 01-581023
သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား ကျောင်းသူ (၁၈၀)ဦး နှင့်
ကျောင်းအောက်ခန်းကို ပြင်ဆင်ရန်အတွက်

၁၄) ပိတောက်ရွှေဝါပရဟိတစာသင်ကျောင်း
မြောက်ဥက္ကလာပမြို့နယ်
ဖုန်း 095680582 ၊ 056-22609
မိဘမဲ့ကလေး (၄၈၀) ဦး
ရပ်ကွက်နေ ကျောင်းသား (၁၂၀၀)ဦးအတွက်

၁၅) ရဲမွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

ရဲမွန်စံပြကျေးရွာ လှည်းကူးမြို့နယ်
ကျောင်းသား ကျောင်းသူ ဦးရေ ၁၀၀ ခန့်အတွက်

၁၆) ကွမ်းခြံကုန်း ကံကြီး မကျီးရပ်ကွက်
ရွှေကျင် (ဂျား)ကျောင်း ပရိယတ္တိစာသင်တိုက်
ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဆရာတော်ဘဒ္ဒန္တပညာဝရ
ဖုန်း - 01-265043/ 098640565

၁၇) အောင် (ပရဟိတကျောင်း)
ဖုန်း 098612292
မူလတန်းမှ အလယ်တန်းအထိ ကျောင်းသူ/သား ၁၂၇၀ ဦးအတွက်

၁၈) စိမ်းလမ်းမြေ (ပရဟိတဂေဟာ)
ဖောင်ကြီး
ဥက္ကဌဖုန်း - 01-629758 / 0945525840
ဘဏ္ဍာရေးမှူးဖုန်း 01-558395 /0973034500
ကျောင်းသား/သူ ၃၀ ကျော်

၁၉) မင်္ဂလာဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဖလှယ်ကြီး (ခ) ဘုရားကြီးကျေးရွာ တွံတေးမြို့
ကျောင်းသား / သူ ၈၀၀ ကျော်အတွက်

၂၀) ကွမ်းခြံကုန်း ပရဟိတကျောင်း
မဟာဝိဇိရမင်္ဂလာပရဟိတစာသင်တိုက်
ကွမ်းခြံကုန်းမြို့
ပညာသင်ကြားနေကြသော ကျောင်းသား/သူများအတွက်

၂၁) မဏိရာမ ပရတိတကျောင်း
ဝမ်းဘဲအင်းကျေးရွာ ဒေးစွန်ပါတောင်အနီး ပဲခူး

၂၂) မာဃဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၁၅ လမ်း ၅ ရပ်ကွက် မြောက်ဥက္ကလာပ

မိဘမဲ့ ကလေးများဝိုင်းဝန်းကူညီစောင့်ရှောက်ပေး
-----------------------------------------------------
ကမ္ဘာကြီးပေါ်မှာရှိနေတဲ့  ရင်သွေးငယ်ပေါင်း များစွာဟာ ကံဆိုးနေရ ရှာတယ် ။ သူတို့လေးတွေဟာ ဆာလောင်ခြင်း နာကျင်ခြင်း၊ ငတ်မွတ်ခြင်းဆိုတဲ့ ဒုက္ခပေါင်း များစွာနဲ့ ကူညီသူမဲ့ဖြစ်နေရ ရှာပါတယ်။ ကျွန်တော်တို့  နေထိုင်ရာ မြန်မာပြည်မှာလည်း ရင်သွေးငယ်ပေါင်း များစွာဟာ ကံဆိုး နေကြဆဲပါ၊ အမိအဖမဲ့  ရင်သွေးငယ်များ အတွက် ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့ အကြင်နာဆေးဝါးလေးဟာ သူတို့လေးတွေ နှလုံးသားထဲမှာ လိုအပ်နေကြ ပါတယ်။

ကမ္ဘာကြီးကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက် မည့် မျိုးဆက်သစ် လူသား အရင်းအမြစ်များကို ကျွန်တော်တို့ရဲ့ အကြင်နာ လက်များနဲ့တွဲခေါ်ပြီး သူတို့လေးတွေရဲ့ အနာဂတ်များ ထွန်းလင်း တောက်ပစေအောင် လုပ်ဆောင် ကျပါစို့ဗျာ..။

နောင်တစ်ချိန်မှာ သူတို့ရဲ့ အစွမ်းအစလေးတွေနဲ့ ပိုမိုတိုးတက်တဲ့ အနာဂတ် ကို ဖန်တီးနိုင်မယ်ဆိုတာ မယုံကြည်ပေးလို့ မရပါဘူး။ ဒီလိုမျိုး အရေးပါလှတဲ့ နောင်တစ်ချိန် အားကိုးရမဲ့ အနာဂတ်ရဲ့ ရင်သွေးငယ်ပေါင်းများစွာ အပေါ်မှာ-

* --ဘာကြောင့်များ ကျွန်တော်တို့ ပစ်ပယ်မိနေကျ တာလဲ?
* --ဘာကြောင့်များ ကျွန်တော်တို့ မစဉ်းစားပေးကျတာလဲ?
* --ဘာကြောင့်များ အကူအညီ အလုံအလောက် မပေးနိုင်ရတာလဲ?

အတူလက်တွဲ ကူညီကြပါစို့ လား..... ကျွန်တော်တို့ ချစ်တဲ့ ကမ္ဘာကြီး အတွက်၊ ကျွန်တော်တို့ ချစ်တဲ့ ကလေးလေးတွေ အတွက်

ချစ်သော ရွှေအိမ်စည်
----

သင့်ရဲ့ Share တစ်ချက်ဟာ အနည်းဆုံး ကလေးတစ်ယောက်အတွက် ထမင်းတစ်နပ်ကိုပေးစွမ်းနိုင်တယ်ဆိုတာကို မမေ့ကြနဲ့နော်။

Mark Williams Myanmar မှ ပြန်လည်မျှဝေပါသည်။

-------
အများအတွက် အကျိုးရှိစေမည့် အခုလို Post ကောင်းများကို အမြဲတင်ပေးနေတဲ့ ဒီ Page လေးကို Like လုပ်ထားနိုင်ကြပါတယ်။
www.facebook.com/markwilliams.com.mm
--------
(သင့်ရဲ့ Share တစ်ချက်ဟာ အနည်းဆုံး ကလေးတစ်ယောက်အတွက် ထမင်းတစ်နပ်ကို ဖူလုံစေနိုင်တယ်ဆိုတာကို မမေ့ပါနဲ့)

“မိဘမဲ့ကလေးများကျောင်းနှင့် ဘုန်းကြီးကျောင်း လိပ်စာများ”
====================================

ဗုဒ္ဓဘာသာဖြစ်တဲ့နေ့

Photo: ဗုဒ္ဓဘာသာဖြစ်တဲ့နေ့

ဗုဒ္ဓဘာသာဝင်များကို အခြားဘာသာဝင်များက မေးခွန်းတစ်ခု ထုတ်လာနိုင်ပါသည်။ကျွန်တော်တို့ အစ္စလာမ်ဘာသာမှာတော့ ဘာသာဝင်တဲ့ အခမ်းအနားရှိတယ်။ ဗလီထဲဝင်ပြီး နမသ်ကျမ်းဖတ်လိုက်တာနဲ့ အစ္စလာမ်ဘာသာဝင်ဖြစ်သွားတာပဲ၊ ခင်ဗျားတို့ဗုဒ္ဓဘာသာမှာကော ဘာသာဝင်တဲ့ အခမ်းအနားရှိသလား။ ဘယ်အချိန်၊ ဘယ်အရွယ်မှာ ဗုဒ္ဓဘာသာဖြစ်ကြသလဲ။ ခရစ်ယာန်ဘာသာဝင်များကလည်း ကျွန်တော်တို့ ခရစ်ယာန်ဘာသာမှာတော့ ဘာသာဝင်ချင်တဲ့သူကို ရေဖြန်းခြင်း၊ ရေနှစ်ခြင်း တစ်ခုခုလုပ်ပေးရပါတယ်။အဲဒီအခမ်းအနားပြီးတာနဲ့ ခရစ်ယာန်ဘာသာဝင်ဖြစ်သွားတာပါပဲ၊ ခင်ဗျားတို့ ဗုဒ္ဓဘာသာဝင်တွေမှာရော ဘာသာဝင်တဲ့အခမ်းအနားရှိသလားဟု မေးခွန်း မေးလာနိုင်ပါသည်။

လွယ်လွယ်နှင့်အဖြေခက်သော မေးခွန်းတစ်ခုပင်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များက ဖြေရမည်မှာ ကျွန်တော်တို့ဗုဒ္ဓဘာသာမှာလည်း ဘာသာဝင်တဲ့အခမ်းအနားရှိပါတယ်။ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးနဲ့ အကျိုးသွားတွေကို တကယ်သိပြီး ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိ လို့ ပထမဆုံး သရဏဂုံဆောက်တည်တဲ့နေ့ဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဖြစ်တဲ့နေ့ပါပဲဟု ဖြေကြရပေမည်။ သရဏဂုံဆောက်တည်သောအခါတွင်လည်း
မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
သံဃာတော်အရှင်မြတ်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ဟူသောမြန်မာပြန်ကိုလည်းနားလည်နေရပေမည်။

ဘုရား ဟုဆိုရာ၌လည်း သူလိုကိုယ်လို အမည်ခံဘုရားမျိုးမဟုတ်၊ လောဘ၊ ဒေါသ။ မောဟ စသော ကိလေသာခပ်သိမ်း ကင်းပြတ်ငြိမ်းသဖြင့် လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော ၊ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံသော ဘုရားသာဖြစ်သည်ဟူ၍ အဓိပ္ပာယ်ကိုသိထားရမည်။

တရား ဟုဆိုရာ၌လည်း သာမန်အမည်ခံတရားမျိုးမဟုတ်၊ ကောင်းမွန်စွာဟောကြားအပ်သော၊ မျက်မှောက်ဘ၀၌ပင်အကျိုးပေးနိုင်သော၊ လာကြည့်စမ်းပါဟု ပေါ်ပေါ်ထင်ထင်ခေါ်ပြနိုင်သော၊ အတွေးခေါ်ပညာရှိသောသူတို့သာ သိစွမ်းနိုင်သော တရားတော်သာဖြစ်သည်ဟူ၍ အဓိပ္ပာယ်ကိုသိထားရမည်။

သံဃာ ဟုဆိုရာ၌လည်း မဖောက်မပြန်ကောင်းမွန်မှန်ကန်စွာကျင့်ကြံတော်မူသော၊ နိဗ္ဗာန်ရဖို့အတွက်သာ ကျင့်သော၊ လျော်ကန်သင့်မြတ်သောအကျင့်ကိုသာကျင့်သော၊ လက်အုပ်ချီမိုးရှိခိုးခြင်းငှာ ခံတော်မူထိုက်သော သံဃာသာဖြစ်သည်ဟူ၍ အဓိပ္ပာယ်ကို သိထားရပေမည်။
---

မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်ဘုရားကြီး၏ မြန်မာတို့၏အသက်စာအုပ်မှ ကူးယူဖော်ပြပါသည်။

မည်သည့်ဘာသာခြားများကိုမှ ထိခိုက်ပြောဆိုလိုခြင်းမရှိပါ။ ကြိုက်နှစ်သက်သလိုကူးယူဖြန့်ဝေနိုင်ပါသည်။

Credit to ငြိမ်းအိအိစိုး

www.facebook.com/top.myanmar.news.now

---
ဗုဒ္ဓဘာသာဝင်များကို အခြားဘာသာဝင်များက မေးခွန်းတစ်ခု ထုတ်လာနိုင်ပါသည်။ကျွန်တော်တို့ အစ္စလာမ်ဘာသာမှာတော့ ဘာသာဝင်တဲ့ အခမ်းအနားရှိတယ်။ ဗလီထဲဝင်ပြီး နမသ်ကျမ်းဖတ်လိုက်တာနဲ့ အစ္စလာမ်ဘာသာဝင်ဖြစ်သွားတာပဲ၊ ခင်ဗျားတို့ဗုဒ္ဓဘာသာမှာကော ဘာသာဝင်တဲ့ အခမ်းအနားရှိသလား။ ဘယ်အချိန်၊ ဘယ်အရွယ်မှာ ဗုဒ္ဓဘာသာဖြစ်ကြသလဲ။ ခရစ်ယာန်ဘာသာဝင်များကလည်း ကျွန်တော်တို့ ခရစ်ယာန်ဘာသာမှာတော့ ဘာသာဝင်ချင်တဲ့သူကို ရေဖြန်းခြင်း၊ ရေနှစ်ခြင်း တစ်ခုခုလုပ်ပေးရပါတယ်။အဲဒီအခမ်းအနားပြီးတာနဲ့

အေးဆေး သစ္စာရှိပြီး ရိုးသားမှုနှင့် အနစ်နာ ခံနိုင်သည့် ယောင်္ကျားပီသသူကို လိုအပ်သည်ဟု ယုသန္တာတင်ဆို

Photo: အေးဆေး သစ္စာရှိပြီး ရိုးသားမှုနှင့် အနစ်နာ ခံနိုင်သည့် ယောင်္ကျားပီသသူကို လိုအပ်သည်ဟု ယုသန္တာတင်ဆို
Friday, June 27, 2014

တက်သစ်စ အဆိုတော်လည်းဖြစ် မင်းသားလည်း လုပ်နေသည့်သူနှင့် ချစ်ကြိုက်နေသည့် အချစ်ရေး သည် အေးဆေးနေပြီး သစ္စာရှိမှု၊ ရိုးသားမှုနှင့် အနစ်နာခံနိုင်ပြီး ယောက်ျား ပီသမှု ရှိသူလိုအပ်သည်ဟု သရုပ်ဆောင် ယုသန္တာတင်က ၎င်း၏ ချစ်သူအကြောင်းကို ပွင့်လင်းစွာပြောပြသည်။

“အခုတော့ အရင်ကနဲ့ မတူတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် အများကြီး ပြောင်းလဲသွားတယ်လို့ ထင်တယ်။ အရင်ကလို ကလေး သိပ်မဆန်တော့ဘူး။”ဟု ၎င်း ကပြောသည်။

သရုပ်ဆောင် ယုသန္တာတင်နှင့် ချစ်ကြိုက်နေသည့် ချစ်သူသည် လက်ရှိ အနုပညာလောကတွင် အနုပညာ အလုပ်များကို လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ၎င်း၏ မိဘများသည် အနုပညာ အလုပ်တွင် အောင်မြင် ကျော်ကြားစေလိုသည့် သူများဖြစ်သည်။

ယုသန္တာတင်သည် ဇူလိုင်၁ရက်တွင် ဒါရိုက်တာဟိန်းစိုး ရိုက်ကူးမည့် အိမ်ထောင်ရှင်များ အားကိုးရာ ဇာတ်ကားတွင် အမျိုးသားက ပိုက်ဆံရှိခြင်းကြောင့် ၎င်း ကိုငွေဖြင့် သိမ်းပိုက်ခဲ့ပြီး ယုသန္တာတင် အနေဖြင့်လည်း အိမ်ထောင်ရေး ဖောက်ပြန်သည့် အမျိုးသမီးနေရာက ပါဝင် သရုပ်ဆောင်မည်ဖြစ်သည်။

သရုပ်ဆောင် ယုသန္တာတင်သည် ဗီဒီယို ဇာတ်ကား ၄ဝ ကျော်နှင့်ကြော်ငြာ၂ဝကျော်ကို ရိုက်ကူး ခဲ့သူဖြစ်ပြီး၂ဝ၁၁ ခုနှစ်တွင် အနုပညာပျိုးခင်းမှ တင်သည့် မင်းသမီး သုံးယောက်ထဲမှ တစ်ဦးဖြစ်ကာ၂ဝ၁၅ခုနှစ်တွင် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမည်ဖြစ်သည်.။

Royal Hero
တက်သစ်စ အဆိုတော်လည်းဖြစ် မင်းသားလည်း လုပ်နေသည့်သူနှင့် ချစ်ကြိုက်နေသည့် အချစ်ရေး သည် အေးဆေးနေပြီး သစ္စာရှိမှု၊ ရိုးသားမှုနှင့် အနစ်နာခံနိုင်ပြီး ယောက်ျား ပီသမှု ရှိသူလိုအပ်သည်ဟု သရုပ်ဆောင် ယုသန္တာတင်က ၎င်း၏ ချစ်သူအကြောင်းကို ပွင့်လင်းစွာပြောပြသည်။
“အခုတော့ အရင်ကနဲ့ မတူတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် အများကြီး ပြောင်းလဲသွားတယ်လို့ ထင်တယ်။ အရင်ကလို

"ဂျီအက်စ်အမ်ဖုန်းများ ညသန်းခေါင်တွင် လိုင်းပြတ်တောက်မှုများဖြစ်နေ"

Photo: "ဂျီအက်စ်အမ်ဖုန်းများ ညသန်းခေါင်တွင် လိုင်းပြတ်တောက်မှုများဖြစ်နေ"
Friday, June 27, 2014

ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ ညသန်းခေါင်ယံအချိန်တွင် ဖုန်း လိုင်းပြတ်တောက် မှု ညစဉ်ဖြစ်နေသည်ဟု ဖုန်းသုံးစွဲ သူများထံမှ သိရသည်။ ယင်းသို့ ဖြစ်ပေါ်နေခြင်းသည် ယခုလ တတိယ အပတ်မှ စ ၍ ဖြစ်ပေါ် နေခြင်းဖြစ် ပြီး ရန်ကုန်မြို့အပြင် အခြား နယ်မြို့ များ ပါ ဖြစ်နေကြောင်း သိရသည်။

”အရင်ကဖြစ်လား မဖြစ်လားဆိုတာတော့ သတိမထားမိဘူး။ အခုရက်ပိုင်းမှ သတိထားမိတယ်။ ကမ္ဘာ့ဖလားကြည့်ဖို့ သူငယ်ချင်းကို ဖုန်းဆက်မှဖုန်း လိုင်းပျောက်နေတယ်။ မှတ်မှတ်ရရ နှစ်ညဆက်တိုက် ညသန်းခေါင်ယံ အချိန်မှာဖြစ်နေတာပါ” ဟုပုစွန်တောင်မြို့နယ် မှဖုန်းသုံးစွဲသူ ကိုချစ်ကို က ပြောသည်။ယင်းသို့ ဖြစ်မှုသည် မိနစ်အနည်း ငယ်မျှဖြစ်သော်လည်း တစ်ခါတစ်ရံတွင် နာရီနှင့်ကြာသည်အထိ ဖြစ်နေကြောင်း ကွမ်းခြံကုန်း မြို့နယ်မှ ဖုန်းသုံးစွဲသူ ကိုမင်းသူကလည်း ပြောသည်။ ”အရေးကြီးလို့ အိမ်ကို ညဘက်ဖုန်းဆက်တာ တိုင်တောင်မပေါ်ဘူး”ဟု ၎င်းက ပြောသည်။

ဖုန်းလိုင်းပြတ်တောက်မှုတွင် ဂျီ ဖုန်းအမျိုးအစား တစ်ခုသာဖြစ်ခဲ့ပြီးအခြား CDMA, MEC, WCDMA ဖုန်းများမဖြစ်ကြောင်း၊ ဂျီဖုန်းတွင် ငါးသိန်း ၊ နှစ်သိန်းနှင့် တစ်ထောင့် ငါးရာတန်ဖုန်းများအားလုံး လိုင်းပြတ်ခဲ့ကြောင်း သုံးစွဲသူများ၏ ပြောပြချက်အရ သိရသည်။ည ”အင်တာနက်သုံးမလို့ လိုင်း ဖွင့်တာ။ Network မရှိဘူးဆိုတာပဲ ပြနေတယ်။ တစ်ညလည်း မဟုတ်ဘူး။ ညတိုင်းတစ်နာရီကျော်ရင်ဖြစ်နေပါတယ်” ဟု ကမာရွတ်မြို့နယ် ပုဂ္ဂလိ ကဆေးရုံတစ်ရုံမှ ဖုန်းသုံးစွဲသူ မသီရိက ပြောသည်။

ယင်းသို့ ဖြစ်နေမှုများမှာ သက်ဆိုင်ရာမြို့နယ်အတွင်းရှိ တာဝါတိုင်မှ ပါဝါသေခြင်း၊ ချို့ယွင်းချက် များဖြစ်ပေါ်ခြင်းအပြင် ဖုန်းဟန်းဆက်များ ချို့ယွင်း မှုကြောင့် လည်း ဖြစ်နိုင်ကြောင်း၊ လတ်တလောအနေဖြင့် ဖုန်းလိုင်းပြင် ဆင်နေခြင်းများကြောင့်လည်း အလားတူ ဖြစ်ရပ်များ ရှိနိုင်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာ နမှ အရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။ 

”ဖုန်းလိုင်းတွေ ကောင်းဖို့အတွက် ဂျပန်နဲ့ ပူးပေါင်းပြီးလုပ်နေပါတယ်။ စက်ပစ္စည်းအစားထိုးလဲလှယ်တာမျိုးတော့ မဟုတ် ဘူး။ စစ်ဆေးမှုတွေ လုပ်နေပါတယ်”ဟု ၎င်းက ပြောသည်။ မိုဘိုင်းဖုန်းသုံးစွဲသူများမှာ တစ်ဦးနှင့် တစ်ဦး ဖုန်းပြောနေစဉ်မှာပင် ဖုန်းလိုင်းပြုတ်ကျခြင်း၊ ခေါ်ဆို၍ မရခြင်း များ ဖြစ်ပေါ်နေပြီး လက်ရှိအချိန်အထိ ယင်းပြဿနာ ကို ဖြေ ရှင်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

PN -052

Popular Myanmar News Journal
ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ ညသန်းခေါင်ယံအချိန်တွင် ဖုန်း လိုင်းပြတ်တောက် မှု ညစဉ်ဖြစ်နေသည်ဟု ဖုန်းသုံးစွဲ သူများထံမှ သိရသည်။ ယင်းသို့ ဖြစ်ပေါ်နေခြင်းသည် ယခုလ တတိယ အပတ်မှ စ ၍ ဖြစ်ပေါ် နေခြင်းဖြစ် ပြီး ရန်ကုန်မြို့အပြင် အခြား နယ်မြို့ များ ပါ ဖြစ်နေကြောင်း သိရသည်။
”အရင်ကဖြစ်လား မဖြစ်လားဆိုတာတော့ သတိမထားမိဘူး။ အခုရက်ပိုင်းမှ သတိထားမိတယ်။ ကမ္ဘာ့ဖလားကြည့်ဖို့ သူငယ်ချင်းကို ဖုန်းဆက်မှဖုန်း လိုင်းပျောက်နေတယ်။ မှတ်မှတ်ရရ နှစ်ညဆက်တိုက် ညသန်းခေါင်ယံ အချိန်မှာဖြစ်နေတာပါ” ဟုပုစွန်တောင်မြို့နယ် မှဖုန်းသုံးစွဲသူ ကိုချစ်ကို က ပြောသည်။ယင်းသို့ ဖြစ်မှုသည် မိနစ်အနည်း ငယ်မျှဖြစ်သော်လည်း တစ်ခါတစ်ရံတွင် နာရီနှင့်ကြာသည်အထိ ဖြစ်နေကြောင်း ကွမ်းခြံကုန်း မြို့နယ်မှ ဖုန်းသုံးစွဲသူ

မဟာသန္တိသုခကျောင်း အမှု သံဃာတော် ၅ ပါးကို ရုံးချိန်း ထပ်ချိန်း

Photo: မဟာသန္တိသုခကျောင်း အမှု သံဃာတော် ၅ ပါးကို ရုံးချိန်း ထပ်ချိန်း
Saturday, June 28, 2014
 
မဟာသန္တိသုခကျောင်း နှင့် ပတ်သက်၍ တရားစွဲဆို ခံထားရသော သံဃာတော် ၅ ပါး၏ ယမန်နေ့က ရုံးချိန်းတွင် တရားလိုဘက်မှ လျှောက်လဲချက်များကို ကြားနာပြီး ဇူလိုင် ၄ ရက်သို့ ထပ်မံ ရက်ချိန်း လိုက်ကြောင်း သိရသည်။

ယင်းသံဃာ ၅ ပါးသည် မဟာသန္တိသုခ ကျောင်းတိုက် ဆရာတော်ကြီး ပီနန် ဆရာတော် ဦးပညာဝံသ၏ တပည့်ရင်း ဆရာတော် ဦးဥတ္တရ (လန်ဒန်) ၊ ဦးနန္ဒိယ ၊ ဦးပညာသာရ ၊ ဦးသုန္ဒရာသီရိ နှင့် ဦးတေဇိဒ္ဓ တို့ ဖြစ်သည်။

ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်ရာ၌ တရားစွဲဆို ခံထားရသော သံဃာတော်များအား နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့မှ သင်္ကန်းဝတ်ဖြင့် တရား ရင်မဆိုင်ရန် ညွှန်ကြားထားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တရားစွဲဆိုခံ သံဃာတော်များက သင်္ကန်းဝတ်ဖြင့်သာ တရားရင်ဆိုင်သည်ကို တွေ့ရသည်။

တရားစွဲဆို ခံထားရသည့် ဆရာတော် ဦးဥတ္တရက ယခုအမှုသည် သာသနာတော်ကြီး တခုလုံး၊ မြန်မာနိုင်ငံ အတွင်းရှိ သံဃာ ၅ သိန်းတို့နှင့် သက်ဆိုင်သော အမှုဖြစ်ကြောင်း၊ အမှုမှန် ပေါ်ပေါက်ရေး အတွက် စစ်ဆေးရန် အရေးကြီးကြောင်း၊ ယခုကဲ့သို့ သက်သေ၊ တရားလို၊ တရားခံများ အားလုံးမှ ဘက်မလိုက်ဘဲ အမှန်တရား ပေါ်ပေါက်ရေး အတွက် စစ်နိုင်ရန်မှာ အခွင့် အရေး ရခဲလှကြောင်း တာမွေတရားရုံးရှေ့တွင် အမှုစစ်ဆေးခံယူအပြီး သတင်းမီဒီယာများကို မိန့်ကြားသည်။

ဆရာတော် ဦးဥတ္တရက“ရုံးချိန်းပါတယ်။ ဒီနေ့ စစ်တာကတော့ တရားလိုပဲ စစ်နေသေးတာ ဖြစ်တဲ့အတွက် တရားလိုရဲ့ သက် သေကိုလည်း စစ်ဦးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အားလုံး သည်းခံပြီးတော့ ဒီအမှုမှန်ကြီး ပေါ်ဖို့ စောင့်ဆိုင်းကြပါလို့၊ တမျိုးသား လုံးက ညီညီညွတ်ညွတ်နဲ့ အမှန်တရား ပေါ်ပေါက်လာအောင် ၀ိုင်းဝန်း ကူညီဆောင်ရွက် ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်” ဟုလည်း မိန့်သည်။

တရားစွဲဆို ခံထားရသော သံဃာတော်များဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးဇော်သိန်းထွန်း ကလည်း ယခု အချိန်တွင် တရားလိုဘက်မှ အပြစ်ရှိကြောင်း ပြောဆိုနေသော အချိန်ဖြစ်ပြီး ချေပရန် အလှည့် မရောက်သေးသောကြောင့် စွဲဆိုမှု မှားသည်၊ မှန်သည်ကို ပေါ်လွင်ရန် အပြန်အလှန် မေးမြန်းနေသေးကြောင်း၊ စွဲဆိုသော အမှုသည် သံဃာ ဥပဒေ ပုဒ်မ ၂၀/ ၉၉ ဖြင့် အရေးယူနေခြင်း ဖြစ်ကြောင်း၊ အမှု အသွားအလာအရ နောက်ထပ် ၃ လ ကျော် ဆက်လက် ရင်ဆိုင်ရဖွယ် ရှိကြောင်း မီဒီယာများကို ပြောသည်။

မဟာသန္တိသုခကျောင်း အဖြစ်အပျက်နှင့် ပတ်သက်ပြီး ကျောင်းပိုင်ဆိုင်မှု ပြဿနာများကို ပြေလည်စေရန် ယခင် စစ်အစိုးရ လက်ထက်က အရေးပါခဲ့သော တပ်မတော် ထောက်လှမ်းရေးအဖွဲ့ ဦးဆောင်သူ ဦးခင်ညွှန့်က သတင်းမီဒီယာများကို ဖြေရှင်း ပေးမည်ဟု သတင်းများ ထွက်ပေါ်လာသော်လည်း ဦးခင်ညွှန့်က ၎င်း ဖြေရှင်းရမည့်ကိစ္စ မဟုတ်ကြောင်း ယနေ့ နံနက်တွင် တရားဝင် ပြောဆိုသည်။

ဦးခင်ညွှန့်က အဆိုပါ ကိစ္စသည် သက်ဆိုင်သူများကသာ တရားရုံးများတွင် ဖြေရှင်း ဆောင်ရွက်ရမည် ဖြစ်ပြီး မိမိနှင့်သက် ဆိုင် သည့် ကိစ္စရပ် မဟုတ်ကြောင်း၊ တစုံတဦးမှ ယခုကိစ္စကို လုပ်ကြံသော သတင်းများသာ ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်၊ န၀ဒေး လမ်းရှိ ၎င်းနေထိုင်ရာ နေအိမ်ခြံထဲတွင် သတင်းမီဒီယာများကို ရှင်းလင်း ပြောဆိုသည်။

“ဒီကိစ္စက ကျနော် ဖြေရှင်းရမှာမှ မဟုတ်တဲ့ဟာ။ သူတို့ဘာသာ တရားရုံးမှာ ရှင်းရမယ့် ကိစ္စပါ။ ကျနော်နဲ့လည်း ဘာမှ သက် ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ကျနော်က အခု ကိုယ့်ဘာသာ ကိုယ့်ခြံထဲမှာ အေးအေးဆေးဆေး ဘ၀ကို ဖြတ်သန်းနေတာ အား လုံး က သိနေတာပဲ”ဟု ဦးခင်ညွှန့်က ပြောသည်။

မဟာသန္တိသုခကျောင်း တည်ထောင်သူ ပီနန်ဆရာတော်သည် နိုင်ငံခြားသို့ သာသနာပြု ထွက်သွားပြီးသည့် နောက်ပိုင်း စစ် အစိုးရ လက်ထက်တွင် ကျောင်းတော်ကို နိုင်ငံတော် သံဃာ မဟာနာယက အဖွဲ့သို့ ထိန်းသိမ်း စောင့်ရှောက်ရန် လွှဲအပ်ထားခြင်း ဖြစ်ကြောင်း ဦးခင်ညွှန့် ကိုယ်တိုင် ဆုံးဖြတ်ထားသည့် ကိစ္စရပ် ဖြစ်ကြောင်း ပီနန် ဆရာတော်က ဧရာဝတီကို မိန့်ကြား ထား သည်။

သံဃာတော်များ တရားရင်ဆိုင်မှုကို လာရောက် နားထောင်သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က “ဒီနေ့လိုမျိုးက သတင်းသမားတွေ အင်မတန် နားထောင်စေချင်တဲ့စိတ် ဖြစ်လာတယ်။ ဒီလောက် ကြီးကျယ် တဲ့ အမှုကို ဒီလောက် ကျဉ်းတဲ့ရုံးမှာ စစ်လဲဆိုတာ စဉ်းစားမိတယ်။ ကိစ္စတခု ပေါ်ပေါက်လာလို့ ရှိရင် အုပ်ချုပ်ရေး ယန္တရားနဲ့ အာဏာကို ကိုင်တွယ်သူတို့ရဲ့ ဖြေရှင်းပုံက အကြမ်းဖက်တဲ့ ပုံစံပေါ့၊ သံဃာတွေကို သဘောမပါဘဲနဲ့ အဓမ္မ သင်္ကန်းချွတ်ပြီး အတင်း လူဝတ်လဲခိုင်းတာ၊ ဒါဟာ ကျန်ရှိနေတဲ့ သံဃာထုနဲ့ ပြည်သူတွေ အပေါ်မှာ ပိုပြီး မကျေနပ်မှုတွေ ဖြစ်ပေါ်စေလိမ့် မယ်။ ကိုင်တွယ် ဖြေရှင်းတာဟာ တရားနည်းလမ်း ကျကျပဲ ကိုင်တွယ် ဖြေရှင်းသင့်တယ်”ဟု ဆိုသည်။

ရုံးခန်းကျဉ်းကျဉ်းလေး ဖြစ်သည့် မြို့နယ်အဆင့် တရားရုံးတွင် ယခု အမှုကို စစ်ဆေးစီရင်ခြင်းသည် လူအများက စိတ်ဝင် စားသော အမှုဖြစ်သည့် အတွက် မသင့်လျော်ကြောင်း၊ လုံခြုံရေး တာဝန်ယူထားရသော ရဲတပ်ဖွဲ့ဝင်များလည်း များပြားသည့် လူထုအပြင် တာဝန်ဝတ္တရားများ အရ အလွန်စိတ်ပင်ပန်း သတိထားနေရကြောင်း လုံခြုံရေး တာဝန် ယူထားသည့် ဒုရဲအုပ် တဦးက ပြောဆိုသည်။

ယင်းအမှုကို လာရောက်ကြားနာသည့် သရုပ်ဆောင်၊ ဒါရိုက်တာ ဦးဇင်ဝိုင်းကလည်း“တကယ်လို့ အဲဒီမှာ မပြေလည်လို့ အရပ် ဘက် တရားရုံး ရောက်လာတယ် ဆိုရင်လည်း ၂ ဖက်သော တရားပြိုင်များကနေ တရားရုံးမှာ လက်ရှိ တည်ဆဲ ဥပဒေများနဲ့ အညီ ပိုင်ဆိုင်မှု အထောက်အထားများ တင်ပြပြီးတော့ ဒါကို ရှင်းလင်း ညှိနှိုင်းကြရမယ့် ကိစ္စလို့ မြင်ပါတယ်။ အခုလိုမျိုး ဖမ်းဆီး ထိန်းသိမ်း၊ လူဝတ်လဲ၊ အခုမှ သင်္ကန်းပြန်စည်းခွင့် ပေးတယ် ဆိုတာမျိုးက အဘက်ဘက်က ဆုံးရှုံးသွားတယ်လို့ ကျနော်မြင် တယ်”ဟု ပြောဆိုသွားသည်။

ယခု တရားစွဲဆိုခံထားရသော သံဃာတော် ၅ ပါးသည် မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင် နေစဉ် ဇွန်လ ၁၀ ရက် ညပိုင်းက သာသာနာရေး ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၏ ပူးပေါင်း ၀င်ရောက် ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ယင်းသံဃာတော်များကို ဇွန်လ ၁၃ ရက်က တာမွေမြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ် စစ်ဆေးပြီး လူဝတ်လဲကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ပြီးနောက် ဇွန် ၂၀ ရက်တွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ယမန်နေ့က တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးမှုကို လာရောက်သည့် တရားစွဲဆို ခံထားရသော ဆရာတော် ဦးဥတ္တရ (သင်္ကန်းအညိုရောင် သံဃာတော်၏ ညာဘက် ဘေးက) (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)

ဧရာဝတီ
မဟာသန္တိသုခကျောင်း နှင့် ပတ်သက်၍ တရားစွဲဆို ခံထားရသော သံဃာတော် ၅ ပါး၏ ယမန်နေ့က ရုံးချိန်းတွင် တရားလိုဘက်မှ လျှောက်လဲချက်များကို ကြားနာပြီး ဇူလိုင် ၄ ရက်သို့ ထပ်မံ ရက်ချိန်း လိုက်ကြောင်း သိရသည်။
ယင်းသံဃာ ၅ ပါးသည် မဟာသန္တိသုခ ကျောင်းတိုက် ဆရာတော်ကြီး ပီနန် ဆရာတော် ဦးပညာဝံသ၏ တပည့်ရင်း ဆရာတော် ဦးဥတ္တရ (လန်ဒန်) ၊ ဦးနန္ဒိယ ၊ ဦးပညာသာရ ၊ ဦးသုန္ဒရာသီရိ နှင့် ဦးတေဇိဒ္ဓ တို့ ဖြစ်သည်။
ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်ရာ၌ တရားစွဲဆို ခံထားရသော သံဃာတော်များအား

အမေရိကန်-ဘယ်လ်ဂျီယံပွဲ ဘီယာကြေးလောင်းရန် ဘယ်လ်ဂျီယံဝန်ကြီးချုပ် အိုဘားမားကိုစိန်ခေါ်

Photo: အမေရိကန်-ဘယ်လ်ဂျီယံပွဲ ဘီယာကြေးလောင်းရန် ဘယ်လ်ဂျီယံဝန်ကြီးချုပ် အိုဘားမားကိုစိန်ခေါ်

ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်တွင် အမေရိကန်နှင့် ဘယ်လ်ဂျီယံတို့ ကစားရမည်ဖြစ် ရာ ဘယ်လ်ဂျီယံဝန်ကြီးချုပ် အီလီယိုဒီရူပိုက အမေရိကန်သမ္မတ အို ဘားမားအား ဘီယာကြေး အ လောင်းအစားလုပ်ရန် စိန်ခေါ် လိုက်သည်။
အမေရိကန်အနိုင်ရရှိသွား ပါက ဘယ်လ်ဂျီယံ၏ အကောင်း စား ဘီယာများ တိုက်မည်ဟု ဒီရူ ပိုက အိုဘားမားအား ကမ်းလှမ်း ထားသည်။
အုပ်စု(H)တွင် ဘယ်လ်ဂျီယံ က တောင်ကိုရီးယားကို ၁-၀ ဂိုး ဖြင့် အနိုင်ရပြီး အုပ်စု(G)တွင် အ မေရိကန်က ပေါ်တူဂီကိုကျော်၍ အုပ်စုဒုတိယရရှိခဲ့၍ နောက်တစ် ဆင့် တက်လာခဲ့သည်။
‘‘ဘားရက်အိုဘားမား ကျွန် တော်တို့ရဲ့ ဘယ်လ်ဂျီယံသရဲနီ တွေ ကွာတားဖိုင်နယ် တက်သွား မယ်ဆိုတာ အကောင်းစား ဘယ်လ်ဂျီယံဘီယာတွေနဲ့ လောင်း ကြေးထပ်ပါတယ်’’ဟု ဒီရူပိုက လူမှုဝက်ဘ်ဆိုက် တွစ်တာမှတစ် ဆင့် စိန်ခေါ်ခဲ့သည်။အမေရိကန်သမ္မတကမူ စိန် ခေါ်မှုကို မတုံ့ပြန်ရသေးပေ။

Credit - 7 day daily

*****
ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်တွင် အမေရိကန်နှင့် ဘယ်လ်ဂျီယံတို့ ကစားရမည်ဖြစ် ရာ ဘယ်လ်ဂျီယံဝန်ကြီးချုပ် အီလီယိုဒီရူပိုက အမေရိကန်သမ္မတ အို ဘားမားအား ဘီယာကြေး အ လောင်းအစားလုပ်ရန် စိန်ခေါ် လိုက်သည်။
အမေရိကန်အနိုင်ရရှိသွား ပါက ဘယ်လ်ဂျီယံ၏ အကောင်း စား ဘီယာများ တိုက်မည်ဟု ဒီရူ ပိုက အိုဘားမားအား

ဂျပန်အမျိုးသမီးဆိုတဲ့ မြန်မာသီချင်း


ဂျပန် အမျိုးသမီး တဦးက မြန်မာသီချင်း ကို သီဆိုထားတဲ့ ရုပ်သံဖိုင် တခုဖြစ်ပါတယ်။ 

ဆုန်သင်းပါရ် သီဆိုခဲ့တဲ့ တကယ်နောက်ဆုံးမှာ ဆိုတဲ့ သီချင်းကို ဂျပန်အမျိုးသမီး က 

ဆယ်တန်းစာမေးပွဲ အမှတ်အများဆုံး ၂၂ ဦး

ပြီးခဲ့တဲ့ ဆယ်တန်းစာမေးပွဲ နောက်ဆုံးနေ့ အဆုံးသတ်ချိန်မှာ စာသင်ခန်းထဲက ထွက်လာကြသူတချို့  
(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)
၂၀၁၄  တက္ကသိုလ်ဝင်တန်းစာမေးပွဲ  အမှတ်အများဆုံးရရှိသူ ၂၂ ဦးရဲ့ အချက်အလက်တချို့ ထွက်လာပါပြီ။
တနိုင်ငံလုံးမှာ အမှတ်အများဆုံးစာရင်းပါ။

ဝိဇ္ဇာဘာသာတွဲ ၁၂ ဦး

အားလုံးက မိန်းကလေးတွေချည်းပါပဲ။
ဝိဇ္ဇာတွဲမှာ ဧရာဝတီတိုင်းက အကုန်လုံးနီးပါး ယူသွားတယ်လို့ ဆိုရမယ်။

27 June, 2014

အမေရိကန် သမ္မတ အိုဘားမား
ဆီးရီးယားမှာ ရှိတဲ့ အတိုက်အခံ လက်နက်ကိုင်တွေ ကို၊ လေ့ကျင့်ပေးဖို့ နဲ့ လက်နက် တပ်ဆင်ပေး ဖို့၊ ဒေါ်လာ သန်း ၅၀ဝ အသုံးပြုခွင့် ကို၊ အမေရိကန် ကွန်ဂရက်စ် လွှတ်တော် ထံကနေ၊ သမ္မတ အိုဘားမား က တောင်းဆို လိုက်ပါ တယ်။
အဲ့ဒီ့ ဆီးရီးယား အတိုက်အခံ တိုက်ခိုက်ရေး သမားတွေ ဟာ၊ ဆီးရီးယား အစိုးရကိုရော၊ အယ်လ်ကိုင်းဒါး အဖွဲ့နဲ့ အဆက်အစပ် ရှိပြီး အီရတ် နိုင်ငံထဲကို ပါ ဝင်ထွက်လို့ရအောင် နယ်မြေတွေ ထိန်းချူပ်ထားနိုင် တဲ့ အိုင်းဇစ် စစ်သွေးကြွ အုပ်စုကိုပါ၊ တိုက်ခိုက်

ထိုင်းနိုင်ငံရောက်ရွှေ.ပြောင်းမြန်မာအလုပ်သမားတို. သိသင့်သော ၄ နှစ်ပြည့်ဗီဇာအကြောင်း

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အနေနှင့် ၄ နှစ်တာ သက်တမ်းကာလကို ဖြတ်ကျော်ပြီး ယခုအခါ နောက်ထပ် သက်တမ်း (၂) နှစ်ကို ထိုင်းနိုင်ငံ အစိုးရမှ လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် တရားဝင် သက်တမ်းတိုးပေးလျှက်ရှိပါသည်။
ထိုသို. မိမိတို.နေထိုင်ခွင့် (ဗီဇာ) သက်တမ်းတိုးရာတွင် အထူးသတိပြုသင့်သည့်အချက်များ ( ၅ ) ချက်ရှိပြီး

လူကုန်ကူးခံရသူ မြန်မာ ၆ ဦးကို ထိုင်းရဲတပ်ဖွဲ့ကယ်ဆယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက နာနတ်သီး စက်ရုံမှာ လူကုန်ကူး ခံထားရတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ မြန်မာ အလုပ်သမား အရေး ကူညီသူတွေ ပူးပေါင်းပြီး ဒီကနေ့ မနက်ပိုင်းက ကယ်တင်နိုင်ခဲ့သလို လူပွဲစား မြန်မာနိုင်ငံသား ဇနီးမောင်နှံ ကိုလည်း ဖမ်းဆီးနိုင်ခဲ့ တယ်လို့ သိရပါတယ်။
လူပွဲစားဇနီး မောင်နှံဟာ ဘန်ကောက်မြို့နဲ့ ကီလိုမီတာ ၁၂၀ ကျော်ဝေးတဲ့ ကန်ချနပူရီခရိုင် ထာ့မကာမြို့နယ် အတွင်းက VITA နာနတ်သီးစက်ရုံမှာ အလုပ်လုပ်ကိုင်ဖို့ဆိုပြီး မြန်မာနိုင်ငံသား ၁၃ ယောက်ကို ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ အလည်ဗီဇာနဲ့

အုပ်စု (G) က ဂျာမနီနဲ့ အမေရိကန် ရှုံးထွက်အဆင့်ကို တက်သွားပြီ

ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက် အဆင့်ကို အုပ်စု (G) က ဂျာမနီအသင်းနဲ့ အမေရိကန်အသင်းတို့ တက်သွားကြပြီဖြစ်ပါတယ်။ အုပ်စု ပွဲစဉ် ၃ ပွဲစီကစားအပြီးမှာတော့ ဂျာမနီက ၇ မှတ်နဲ့ အုပ်စု ပထမ အမေရိကန် အသင်းက ၄ မှတ်နဲ့ အုပ်စု ဒုတိယ အဖြစ် တက်ရောက်သွားတာဖြစ်ပါတယ်။
အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂျာမနီက အမေရိကန်အသင်းကို သောမတ်မူလာရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိ

အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် လန်ဒန်ဆရာတော် အပါအ၀င် သံဃာငါးပါး သင်္ကန်းဝတ်ဖြင့် တာမွေတရားရုံးတွင် ယနေ့ အမှုရင်ဆိုင်မည်

Photo: အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် လန်ဒန်ဆရာတော် အပါအ၀င် သံဃာငါးပါး သင်္ကန်းဝတ်ဖြင့် တာမွေတရားရုံးတွင် ယနေ့ အမှုရင်ဆိုင်မည်
Friday, June 27, 2014

အမှုရင်ဆိုင်ရမည့် လန်ဒန်ဆရာတော် ဦးဥတ္တရနှင့် ဦးပညာစာရ၊ ဦးသုန္ဒရသီရိ၊ ဦးနန္ဒိယ၊ ဦးတေဇိန္ဒတို့အား ဇွန် ၂၆ ရက်က တွေ့ရစဉ်
အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာငါးပါးသည် သင်္ကန်းဝတ်ဖြင့် တာမွေတရားရုံး၌ ၂ဝ၁၄ ခုနှစ် ဇွန် ၂၇ ရက်တွင် အမှုရင်ဆိုင်မည်ဖြစ်ကြောင်း သိရသည်။
 
“တတိယအကြိမ် ရုံးချိန်းမှာ ပုဒ်မ ၁၄ နဲ့ ပတ်သက်တဲ့အမှုကို တရားလိုကို စတင်စစ်ဆေးဖွယ်ရာ ရှိပါတယ်” ဟု လန်ဒန်ဆရာတော် ဦးဥတ္တရအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ဗြိတိသျှသံရုံးမှ ငှားရမ်းထားသည့် ရှေ့နေ ဦးနေလက ဆိုသည်။
 
၂ဝ၁၄ ခုနှစ် ဇွန် ၁၃ ရက်တွင် တာမွေတရားရုံး၌ သံဃာငါးပါးအား ပထမအကြိမ် လူဝတ်လဲရုံးထုတ်ခဲ့ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ ဇွန် ၂ဝ ရက်တွင် ဒုတိယအကြိမ်အဖြစ် တရားရုံးထုတ်စစ်ဆေးခဲ့ပြီး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။တတိယအကြိမ် ရုံးထုတ်စစ်ဆေးမှုအဖြစ် ယခု ၂၇ ရက်တွင် ရဟန်းဝတ်ဖြင့် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
 
“တရားရုံးမှာ ဖြေရှင်းနည်းက သီးသန့်မရှိဘူး။ ရာဇဝတ်ကျင့်ထုံး ဥပဒေမှာပါတဲ့အတိုင်း တရားလိုကိုစစ်မယ်။ တရားလိုစစ်ပြီးရင် တရားလိုဘက်ကပြတဲ့ သက်သေတွေကိုစစ်မယ်။ တရားလိုပြသက်သေတွေကို စစ်ပြီးရင် စွဲချက်တင်သင့်လား မတင်သင့်လား၊ မတင်သင့်ဘူးထင်ရင် တရားရှင် လွှတ်မယ်။ စွဲချက်တင်သင့်တယ်လို့ ယူဆရင် တရားခံဘက်ကို စစ်မယ်။ ပြီးရင် အပြီးသတ် အမိန့်ချမယ်။ အပြီးသတ်အမိန့်ချတဲ့အခါ အပြစ်ရှိရင် အပြစ်ပေးမယ်။ မရှိရင် တရားသေလွှတ်မယ်။ 
လက်ရှိ ဒါက မြန်မာပြည်မှာစစ်ဆေးနေတဲ့အပိုင်းပါပဲ။ အဲဒီအပိုင်းနဲ့ သွားဖို့များပါတယ်။ ဒါပေမဲ့ ကြားထဲမှာ ဒီအမှုကို တရားလိုဘက်က ပြန်ရုပ်သိမ်းတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ မရုပ်သိမ်းရင် တရားသူကြီးက ဆုံးအောင်စစ်ရလိမ့်မယ်။ 
သင်္ကန်းဝတ်နဲ့ တရားရုံးမှာ စစ်လေ့ရှိပါတယ်။ အမှုစစ်တာက နှစ်မျိုးရှိတယ်။ အရပ်ဘက် တရားရုံးနဲ့စစ်ရတဲ့အမှုက အရပ်ဘက်တရားရုံးမှာ စစ်တယ်။ ဝိနိစ္ဆယရုံးနဲ့စစ်ရမယ့်အမှုက ဝိနိစ္ဆယရုံးမှာ စစ်တယ်။ သူ့စီရင်ပိုင်ခွင့်တွေအရ ခွဲထားတယ်။ ဝိနိစ္ဆယခုံရုံးကိုသွားရမယ့် အမှုအမျိုးအစားက ဘာသာရေးနဲ့ဆိုင်တဲ့ဟာတွေဆို သွားရတယ်။ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ကိစ္စမျိုးဆိုရင် ရာဇဝတ်တရားရုံးက စစ်တယ်” ဟု တရားလွှတ်တော် ရှေ့နေဦးကိုနီက ပြောကြားသည်။

Eleven Media Group
အမှုရင်ဆိုင်ရမည့် လန်ဒန်ဆရာတော် ဦးဥတ္တရနှင့် ဦးပညာစာရ၊ ဦးသုန္ဒရသီရိ၊ ဦးနန္ဒိယ၊ ဦးတေဇိန္ဒတို့အား ဇွန် ၂၆ ရက်က တွေ့ရစဉ်
အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာငါးပါးသည် သင်္ကန်းဝတ်ဖြင့် တာမွေတရားရုံး၌ ၂ဝ၁၄ ခုနှစ် ဇွန် ၂၇ ရက်တွင် အမှုရင်ဆိုင်မည်ဖြစ်ကြောင်း သိရသည်။
“တတိယအကြိမ် ရုံးချိန်းမှာ ပုဒ်မ ၁၄ နဲ့ ပတ်သက်တဲ့အမှုကို တရားလိုကို စတင်စစ်ဆေးဖွယ်ရာ ရှိပါတယ်” ဟု

အမြန်လမ်းတွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု စခန်းများ မိုင် ၄၀ လျှင် တစ်ခုထားရန် စီစဉ်

Photo: အမြန်လမ်းတွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု စခန်းများ မိုင် ၄၀ လျှင် တစ်ခုထားရန် စီစဉ်
Friday, June 27, 2014

မန္တလေးအမြန် လမ်းမကြီးတွင် ယာဉ်မတော်တ ဆမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိပါက အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်အ တွက် ကျန်းမာရေးစောင့်ရှောက် မှုစခန်းများကို မိုင် ၄၀ လျှင် တစ် ခုထားရှိပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ယခုလ ၂၆ ရက်တွင် ပြု လုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ အမြန်လမ်းမ ကြီးနှင့်ပတ်သက်၍ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမြင့်စိုး၏ မေးမြန်းမှုကို ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုး တင့်က ဖြေကြားရာတွင် အထက် ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

 အဆိုပါ လမ်းမကြီးအား နိုင်ငံတကာ အဆင့်မီပြုပြင်နိုင် ရေးအတွက် အမေရိကန်၊ ဂျပန် နှင့် ကိုရီးယားနိုင်ငံတို့မှ နည်းပညာ နှင့် ငွေကြေးအကူအညီများ ရရှိရေးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိကာ ၃၆၆ မိုင် ကျော်ရှည်လျားသော လမ်းမကြီး အား အဆင့်မြှင့်တင်နိုင်ရေး အမြန်ဆုံး  ဆောင်ရွက်မည်  ဖြစ် ကြောင်း ဦးစိုးတင့်က ပြောသည်။

‘‘အမြန်လမ်းက ယာဉ်တိုက် မှု၊ ယာဉ်တိမ်းမှောက်မှုတွေလည်း  မကြာခဏ ဖြစ်တယ်။ တချို့နေ ရာတွေမှာဆိုရင် လမ်းပေါ်မှာ ဘလောက်တုံးတွေချပြီး အနုကြမ်းစီးတဲ့ပုံစံတွေအထိ ဖြစ်နေတယ်။ ဒါကြောင့် ဒီလမ်းမကြီးပေါ်မှာ ဖြတ်သန်းနေတဲ့ မော်တော်ယာဉ်တွေ ဘေးအန္တရာယ် ကင်းရှင်းဖို့နဲ့ အဆင့်မြင့်လမ်း ဖြစ်လာဖို့ ဘယ်လိုလုပ်မလဲဆိုတာ မေးခွန်းမေးတာ ဖြစ်ပါတယ်’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိုးက ပြောသည်။

အမြန်လမ်းအန္တရာယ် ကင်း ရှင်းရေးအတွက် သတ်မှတ်မိုင် နှုန်းထက်  ပိုမိုမောင်းနှင်သော ယာဉ်များအား အရှိန်တိုင်းကိရိ ယာဖြင့် စစ်ဆေးအရေးယူခဲ့ရာ ၂၀၁၃ ဧပြီမှ ယနေ့အထိ ယာဉ်အစီးရေး ၂၆၀၀ ကျော်ကို အရေးယူ ဆောင်ရွက်ပြီးဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ဆိုသည်။

‘‘ကပ်တုံးများ  ဖြုတ်ယူပြီး ယာဉ်များကို အန္တရာယ်ဖြစ်စေရန် ကြံရွယ်ပြီး လုယက်ရန်ကြံစည်သူ များကို ဖော်ထုတ်အရေးယူခဲ့ရာ ထောင်ဒဏ် သုံးနှစ် သုံးလချမှတ် ခဲ့ပြီး အလားတူဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရေးအတွက် အမြန် လမ်းမကြီးတစ်လျှောက် နေ့၊ ည မပြတ် လှည့်ကင်း၊ ရပ်ကင်း၊ ၀ပ် ကင်းများနဲ့ ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ဦးစိုးတင့်က ပြော ကြားသည်။

 ဖော်ပြပါ လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုများ မကြာ ခဏဖြစ်ပေါ်လေ့ရှိပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော ရာဇာမင်းယာဉ် တိမ်းမှောက်မှုသည် အမြန်လမ်း မပေါ်တွင် ဖြစ်ပွားသည့် ယာဉ် တိမ်းမှောက်မှုများအနက် လူအ သေအပျောက်အများဆုံး တိမ်း မှောက်မှု ဖြစ်သည်။

အမြန်လမ်းတစ်နေရာတွင် တွေ့ရသည့် ယာဉ်တစ်စီး (ဓာတ်ပုံ −မျိုးမင်းဦး)
7Day Daily
မန္တလေးအမြန် လမ်းမကြီးတွင် ယာဉ်မတော်တ ဆမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိပါက အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်အ တွက် ကျန်းမာရေးစောင့်ရှောက် မှုစခန်းများကို မိုင် ၄၀ လျှင် တစ် ခုထားရှိပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ယခုလ ၂၆ ရက်တွင် ပြု လုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ အမြန်လမ်းမ ကြီးနှင့်ပတ်သက်၍ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမြင့်စိုး၏ မေးမြန်းမှုကို ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုး တင့်က

“မြန်မာသံ သီချင်းတွေနဲ့ အောင်မြင်တဲ့ အဆိုတော် တယောက် ဖြစ်ချင်တယ်”

တေးသံရှင် ဝင်းလဲ့ချယ်ရီ
လက်ရှိတေးစီးရီးဈေးကွက်မှာ တေးစီးရီးတွေ တခွေပြီးတခွေ ထွက်နေသူတွေ ရှိကြသလို၊ လူငယ်မျက်နှာသစ် အဆိုရှင် တွေလည်း တဦးပြီးတဦး ဂီတလောက ရေစီးထဲ တိုးဝင်မျောပါလာနေကြတာ တွေ့ရပါတယ်။ ကိုယ်သန်ရာသန်ရာ ဂီတ အမျိုးအစား တွေနဲ့အတူ ဂီတနယ်ပယ်ထဲ ခြေချ လာနေကြတဲ့ သူတွေထဲမှာမှ ထူးထူးခြားခြား လူငယ် မြန်မာသံ အဆိုရှင်တဦးဖြစ်တဲ့ ဝင်းလဲ့ချယ်ရီကလည်း

ထိုင်းတွင် Cobra Gold စစ်ရေး လေ့ကျင့်မှု ပြောင်းရွှေ့ရန် အမေရိကန် စဉ်းစား

ပြီးခဲ့သည့် ဖေဖော်ဝါရီ လအတွင်းက ထိုင်းနိုင်ငံ ချွန်ဘူရီ ခရိုင် အတွင်း Cobra Gold စစ်ရေးလေ့ကျင့်မှု (ဓာတ်ပုံ – ဘန်ကောက်ပို့စ်)
ထိုင်းနိုင်ငံတွင် နှစ်စဉ် ကျင်းပလေ့ရှိသော အမေရိကန်-ထိုင်း ဦးဆောင်သည့် ရွှေမြွေဟောက်(Cobra Gold) နိုင်ငံစုံ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို လာမည့်နှစ်တွင် အခြား တနိုင်ငံ၌ ကျင်းပရန် အမေရိကန်ဘက်က စဉ်းစားနေကြောင်း သိရသည်။
အမေရိကန်အနေဖြင့် လာမည့်နှစ် ရွှေမြွေဟောက် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို အခြား နောက်တနိုင်ငံတွင် ကျင်းပရန် စဉ်းစား နေ သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးဖြစ်သူ Scot Marciel က ကွန်ဂရက်

26 June, 2014

အကိုက်ကြမ်းတဲ့ လူးဝစ်ဆွာရက်ကို ဘောလုံးကစားခွင့် ၂ နှစ်ပိတ်လိုက်ပြီ

Photo: အကိုက်ကြမ်းတဲ့ လူးဝစ်ဆွာရက်ကို ဘောလုံးကစားခွင့် ၂ နှစ်ပိတ်လိုက်ပြီ
Thursday, June 26, 2014
 
ဥရုဂွေးနဲ့ လီဗာပူး အသင်းတို့ရဲ့ တိုက်စစ်မှူး လူးဝစ် ဆွာရက်ကို မနေ့ညက အီတလီနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်တဆင့်တက်ရေး အဆုံးအဖြတ်ပွဲမှာ အီတလီနောက်ခံလူ Giorgio Chiellini ရဲ့ပုခုံးကို ကိုက်လိုက်တာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ဒီကနေ့ ကြာသာပတေးနေ့ကစပြီး ၂ နှစ် ဘောလုံးကစားခွင့်ပိတ်ပင်လိုက်ပြီဖြစ်တယ်လို့ သတင်းတွေထွက်နေပါတယ်။ 

ပွဲကစားချိန်မှာတော့ ဒိုင်က အပြစ်ပေး အရေးယူမှုတွေပြုလုပ်ခဲ့တာ မရှိပေမယ့် ပွဲအပြီး ရုပ်သံ အနှေးပြ ကွက်တွေမှာ ထင်ရှားတဲ့ အထောက် အထားတွေကို တွေ့ရှိတဲ့ အတွက် သုံးကြိမ်မြောက် ကိုက်မှု ဖြစ် အပြီးမှာတော့ ခုလို့အပြစ်ပေးအရေးယူလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ 

 ဒါဟာ ဘရာဇီးနိုင်ငံမှာကျင်းပနေတဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ပရိတ်သတ်တွေ အများစိတ်ဝင်စားခဲ့ကြတဲ့ ထူးခြားဖြစ်စဉ်တခုလည်းဖြစ် ပါတယ်။ 

Giorgio Chiellini ကိုက်မှုဖြစ်ပြီးတဲ့နောက်မှာ ကမ္ဘာတဝှမ်းက ပရိတ်သတ်တွေကလည်း လူမှုကွန်ရက်တွေ က တဆင့် ပြစ်တင်ပြောဆိုနေကြပါတယ်။ 

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွာရက်ဟာ ၂၀၁၃ ခုနှစ် English Premier League ပွဲစဉ်တခုဖြစ်တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးပွဲစဉ်မှာလည်း ချဲလ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ရဲ့ ညာဘက်လက်ကို ကိုက်ခဲ့တဲ့ အတွက် ကြီးမားတဲ့ ပွဲပယ်ပြစ်ဒဏ်တွေကို ခံခဲ့ရဖူးပြီး အခုတကြိမ်ဟာ သူ့အတွက် အကြီးမားဆုံးပြစ်ဒဏ်ဖြစ် ပါတယ်။ 

လီဗာပူး အသင်းကို မရောက်ခင် သူပထမဆုံး ကိုက်ခဲ့သူကတော့ ၂၀၁၀ ခုနှစ်က အေဂျက် အသင်းမှာ ကစားစဉ် အေဂျက်အသင်းနဲ့ PSV အသင်းတို့ ကစားတဲ့ ပွဲမှာ PSV ကစားသမား Otman Bakkal ရဲ့ ပုခုံးကိုကိုက်ခဲ့ဖူးပါတယ်။ 

ဧရာဝတီ
ဥရုဂွေးနဲ့ လီဗာပူး အသင်းတို့ရဲ့ တိုက်စစ်မှူး လူးဝစ် ဆွာရက်ကို မနေ့ညက အီတလီနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်တဆင့်တက်ရေး အဆုံးအဖြတ်ပွဲမှာ အီတလီနောက်ခံလူ Giorgio Chiellini ရဲ့ပုခုံးကို ကိုက်လိုက်တာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ဒီကနေ့ ကြာသာပတေးနေ့ကစပြီး ၂ နှစ် ဘောလုံးကစားခွင့်ပိတ်ပင်လိုက်ပြီဖြစ်တယ်လို့ သတင်းတွေထွက်နေပါတယ်။
ပွဲကစားချိန်မှာတော့ ဒိုင်က အပြစ်ပေး အရေးယူမှုတွေပြုလုပ်ခဲ့တာ မရှိပေမယ့် ပွဲအပြီး ရုပ်သံ အနှေးပြ ကွက်တွေမှာ

သတင်း ကြေညာ နိုင်သည့် အပြင် စကားပြန်ပြော နိုင်စွမ်း ရှိသည့် ကမ္ဘာ့ ပထမဆုံး စက်ရုပ်

Photo: သတင်း ကြေညာ နိုင်သည့် အပြင် စကားပြန်ပြော နိုင်စွမ်း ရှိသည့် ကမ္ဘာ့ ပထမဆုံး စက်ရုပ်
Thursday, June 26, 2014

လူသားများ နေရာတွင် စက်ရုပ်များကို အစားထိုး၍ အသုံးပြုမှုများ တိုးတက်မြင့်မား လျက်ရှိသော ဂျပန်နိုင်ငံရှိ တိုကျို ပြတိုက်တွင် လူသား အစစ်ကဲ့သို့ အသွင်သဏ္ဌာန်ရှိပြီး သတင်းကြေညာ နိုင်စွမ်းရှိသည့် စက်ရုပ်တစ်မျိုးကို ထုတ်ဖော်ပြသခဲ့သည်။ တကယ့်သက်ရှိ လူသားများအသွင် သဏ္ဌာန်ရှိသော ကိုဒိုမိုရွိုက်ဒ်နှင့် အိုတိုနာ ရွိုက်ဒ်ဟု အမည်ပေးထားသည့် အမျိုးသမီး စက်ရုပ် နှစ်ခုကို အိုဆာကာ တက္ကသိုလ် ပါမောက္ခနှင့် စက်ရုပ်နည်းပညာ ကျွမ်းကျင် ပညာရှင်ဖြစ်သူ ဟီရိုရှီ အီရှီဂူရိုက တီထွင် ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး ယင်းစက်ရုပ်များသည် လူသားများနှင့် စက်ရုပ်များ အကြား မည်ကဲ့သို့ အပြန်အလှန် အကျိုးပြုမည် ကို လေ့ လာ နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။

ယင်းစက်ရုပ်များအား အဝေးထိန်း ခလုတ်ဖြင့် ထိန်းချုပ်နိုင်မည် ဖြစ်ပြီး ၎င်းတို့သည် နှုတ်ခမ်းလှုပ်ကာ အသံထွက်နိုင်စွမ်းရှိခြင်း၊ မျက်ခုံး ပင့်တင် နိုင်ခြင်းနှင့် ဦးခေါင်းအား ဘေးဘယ်ညာ လှည့်ကာ လှုပ်ရှားခြင်းတို့ကို ပြု လုပ်နိုင်စွမ်း ရှိသည်။

အဆိုပါ စက်ရုပ်များအား လေဖိအားနှင့် ဆာဗို မော်တာများ အသုံးပြု ထိန်းချုပ်ထားခြင်း ဖြစ်ပြီး ၎င်းတို့အား အထိုင်စက်ရုပ်များ အဖြစ် ထုတ်လုပ် ထားသော်လည်း ၎င်းတို့၏ လက်များမှာ လှုပ်ရှားနိုင်စွမ်း ရှိမည်ဖြစ်သည်။ သို့သော် အဆိုပါ စက်ရုပ်များအား ရောင်းချ မည့်ဈေးနှုန်းကိုမူ ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိပေ။ ဂျပန် နိုင်ငံတွင် စက်ရုပ်များ အသုံးပြုမှုသည် လက်ပ်တော့များ အသုံးပြု သကဲ့သို့ပင် လူအများ လက်ခံနိုင်စွမ်း ရှိလာ ပြီဖြစ်ကြောင်း အီရှီဂူရိုက ပြောကြားခဲ့သည်။

သုတမောင်

မြ၀တီ

လူသားများ နေရာတွင် စက်ရုပ်များကို အစားထိုး၍ အသုံးပြုမှုများ တိုးတက်မြင့်မား လျက်ရှိသော ဂျပန်နိုင်ငံရှိ တိုကျို ပြတိုက်တွင် လူသား အစစ်ကဲ့သို့ အသွင်သဏ္ဌာန်ရှိပြီး သတင်းကြေညာ နိုင်စွမ်းရှိသည့် စက်ရုပ်တစ်မျိုးကို ထုတ်ဖော်ပြသခဲ့သည်။ တကယ့်သက်ရှိ လူသားများအသွင် သဏ္ဌာန်ရှိသော ကိုဒိုမိုရွိုက်ဒ်နှင့် အိုတိုနာ ရွိုက်ဒ်ဟု အမည်ပေးထားသည့် အမျိုးသမီး စက်ရုပ် နှစ်ခုကို အိုဆာကာ တက္ကသိုလ် ပါမောက္ခနှင့် စက်ရုပ်နည်းပညာ ကျွမ်းကျင်

သန္တာလှိုင်နဲ့ အငြင်းပွားဖွယ်ဝတ်စုံ


ပါတီပွဲတခုမှာ မော်ဒယ် သန္တာလှိုင် ဝတ်ခဲ့တဲ့ ဝတ်စုံက ဒီလထဲ လူပြောများတဲ့ ဝတ်စုံပါပဲ။

သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း အဲဒီပုံကို တင်ခဲ့ပါတယ်။

ဒီပုံက အွန်လိုင်းမှာ အင်မတန် ငြင်းခုံစရာဖြစ်ခဲ့တဲ့ပုံပါပဲ။ 
၁။ သူ့ရဲ့ဝတ်စုံ

က ပြဖျော်ဖြေရင်း ဆီးထွက်ကျသူ အမျိုးသမီး



ဘေးမှာ ရပ်ကြည့်နေတဲ့ ပရိသတ်တွေလည်း အံ့သြမင်တက်ကုန်ကြတယ်။ ဒီ ဗွီဒီယိုဟာ အွန်လိုင်းပေါ် 
ရောက် လာတော့ ဝေဖန်မှု အမျိုးမျိုးကို တွေ့ရပါတယ်။ 
ရယ်စရာလို့ ပြောသူပြော၊ ရှက်စရာလို့ ဆိုသူဆို။ တချို့က အကမယ်ဟာ အရက်မူးနေတာဖြစ်မယ်၊ တချို့ ဆီး မထိန်းနိုင်တဲ့ ရောဂါ

မြွေချစ်သော ရွှေရည်သိန်းတန်

မြွေမွေးထားတဲ့  မိတ်ဆွေတယောက်ရဲ့အိမ်ကို အင်္ဂါနေ့ သွားလည်ခဲ့တဲ့လို့ အဆိုတော် ရွှေရည်သိန်းတန်က သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

"အံ့သြစရာကောင်းတာက ရွှေရည့်ကိုမြင်တာနှင့်ကိုယ်ပေါ်အတင်းဖက်တက်ပြီး...တွယ်ကပ်နေတာပါပဲ" လို့ ရွှေရည်သိန်းတန်က ရေးပါတယ်။
သူပြောသလိုပါပဲ.... မြွေက

21 June, 2014

အီတလီအသင်းရှုံးပွဲကြောင့် အင်္ဂလန်အသင်းအုပ်စုမှထွက်ရန်သေချာခဲ့


Photo: အီတလီအသင်းရှုံးပွဲကြောင့် အင်္ဂလန်အသင်းအုပ်စုမှထွက်ရန်သေချာခဲ့
Saturday, June 21, 2014

အုပ်စု(D)ရဲ့ဒုတိယပွဲစဉ်ဖြစ်တဲ့အီတလီနဲ့ ကော်စတာရီကာပွဲစဉ်မှာ ကော်စတာရီကာဟာ ဘရိုင်ယန်ရုဇ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့အတူ (၂)ပွဲပြတ်နိုင်ပြီး ရှုံးထွက်အဆင့်ကိုတက်ရောက်သွားခဲ့ပြီဖြစ်ပြီး နာမည်ကြီး အင်္ဂလန်ကတော့ အုပ်စုအဆင့်နဲ့ အိမ်ပြန်ဖို့သေချာခဲ့ပြီဖြစ်ပါတယ်။

အုပ်စု(D)ပထမပွဲစဉ်မှာ အင်္ဂလန်ကိုအီတလီအနိုင်ရထားသလို ကော်စတာရီကာ ကလည်း ဥရုဂွေးကိုဂိုးပြတ်နိုင်ထားတာကြောင့် အီတလီနဲ့ ကော်စတာရီကာ ပွဲစဉ်ဟာစိတ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အီတလီရဲ့ ကစားပုံဟာဒီနေ့ပွဲစဉ်မှာ အလွန်ဆိုးရွားခဲ့တဲ့အပြင် ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်နိုင်မှုမရှိခြင်း၊ ရှေ့တန်းက ဘာလော့တယ်လီ လူပိုလိုဖြစ်နေခြင်း၊ လူကျွံဘောများဖမ်းခံနေရခြင်းနဲ့ ကော်စတာရီကာ ဂိုးသမားကလည်းအီတလီရဲ့ အပိုင်ကန်သွင်းချက်အချို့ကို ကာကွယ် နိုင်ခဲ့တာကြောင့်လည်း အီတလီဟာရုန်းကန်ခဲ့ရတာဖြစ်တယ်။ 
ဒီပွဲအတွက်တစ်လုံးတည်းသောဂိုးကိုပထမပိုင်း44မိနစ်မှာဘရိုင်ယန်ရုဇ်က သွင်းယူခဲ့တာဖြစ်ပါတယ်။

ကော်စတာရီကာအနေနဲ့ ဒီပွဲမှာ အနိုင်ရခဲ့လို့ အင်္ဂလန်နဲ့ နောက်ဆုံးပွဲစဉ်က အရေးမပါတော့ပေမယ့် ၁ပွဲစီနိုင်ထားတဲ့ အီတလီနဲ့ ဥရုဂွေးပွဲစဉ်ဟာ အုပ်စုဒုတိယနေရာအတွက်လုကြရတော့မှာဖြစ်တယ်။

Yangon Media Group
အုပ်စု(D)ရဲ့ဒုတိယပွဲစဉ်ဖြစ်တဲ့အီတလီနဲ့ ကော်စတာရီကာပွဲစဉ်မှာ ကော်စတာရီကာဟာ ဘရိုင်ယန်ရုဇ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့အတူ (၂)ပွဲပြတ်နိုင်ပြီး ရှုံးထွက်အဆင့်ကိုတက်ရောက်သွားခဲ့ပြီဖြစ်ပြီး နာမည်ကြီး အင်္ဂလန်ကတော့ အုပ်စုအဆင့်နဲ့ အိမ်ပြန်ဖို့သေချာခဲ့ပြီဖြစ်ပါတယ်။
အုပ်စု(D)ပထမပွဲစဉ်မှာ အင်္ဂလန်ကိုအီတလီအနိုင်ရထားသလို ကော်စတာရီကာ ကလည်း

အိန်ဂျလီနာဂျိုလီ မယ်ဟောင်ဆောင် ဒုက္ခသည်စခန်းကို သွားရောက်ခဲ့


Photo: အိန်ဂျလီနာဂျိုလီ မယ်ဟောင်ဆောင် ဒုက္ခသည်စခန်းကို သွားရောက်ခဲ့
Saturday, June 21, 2014

ဇွန်လ ၂ဝ ရက် မနေ့ ကကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ မှာ အမေရိကန်က နာမည်ကြီး မင်းသမီး အိန်ဂျလီနာ ဂျိုလီက မြန်မာ တိုင်းရင်းသားဒုက္ခသည်တွေရှိတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ဒုက္ခသည်စခန်းကိုသွားရောက်ခဲ့တယ်လို့  သိရပါတယ်။
မင်းသမီး ဂျိုလီဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးဌါနရဲ့ ဂုဏ်ထူးဆောင်သံတမန်တစ်ဦး အဖြစ် မယ်ဟောင်ဆောင် ဒုက္ခသည် စခန်းကို သွားခဲ့တာဖြစ်ပြီး၊ စခန်းမှာရှိတဲ့ ကရင်နီဒုက္ခသည်တွေ နဲ့  တွေ့ဆုံအားပေးစကားပြောခဲ့ပါတယ်။ ဒါ့အပြင် အဲဒီလူတွေကို တချိန်မှာ ကိုယ့်နိုင်ငံကိုယ်ပြန်ခွင့်ရတဲ့အခါ ကောင်းမွန်တဲ့ဘဝတွေထူထောင်နိုင်အောင် ပညာရေးနဲ့ အခြားအရည်အချင်းတွေမြှင့်တင် ပေးထားဖို့ လိုအပ်တဲ့ အကြောင်းကိုလဲ မီးမောင်းထိုးပြောဆိုလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အခုချိန်ဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည်ဦးရေ သန်း ၅ဝ ကျော်ထိဖြစ်သွား တဲ့အတွက် အကြမ်းဖက်မှုတွေအမြန်ဆုံးရပ်ဖို့  မင်းသမီးဂျိုလီကတောင်းဆိုလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာနိုင်ငံက တိုင်းရင်းသားဒုက္ခသည် ၁ သိန်း ၂ သောင်းကျော်ရှိနေတယ်လို့  ကုလသမဂ္ဂရဲ့သတင်းအရ သိရပါတယ်။

RFA
ဇွန်လ ၂ဝ ရက် မနေ့ ကကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ မှာ အမေရိကန်က နာမည်ကြီး မင်းသမီး အိန်ဂျလီနာ ဂျိုလီက မြန်မာ တိုင်းရင်းသားဒုက္ခသည်တွေရှိတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ဒုက္ခသည်စခန်းကိုသွားရောက်ခဲ့တယ်လို့  သိရပါတယ်။
မင်းသမီး ဂျိုလီဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးဌါနရဲ့ ဂုဏ်ထူးဆောင်သံတမန်တစ်ဦး

မိကျောင်းဥဖြင့် ပြုလုပ်ထားသော အရသာထူးကဲလှသည့် ရေခဲမုန့် ဖိလစ်ပိုင် စားသောက်ဆိုင်တွင် ရောင်းချ

ဖိလစ်ပိုင်နိုင်ငံ ဒါဗာအိုစီးတီးမြို့ အတွင်းရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် မိကျောင်းဥဖြင့် ပြုလုပ်ထားသော အရသာ ထူးကဲလှသည့် ရေခဲမုန့်များကို ရောင်းချလျက်ရှိသည်ဟု သိရသည်။အဆိုပါ ရေခဲမုန့်များကို မိကျောင်းဥဖြင့် ပြုလုပ်ထားသည် ဆိုသော်လည်း မိကျောင်းသားဖြင့် ပြုလုပ်ထားခြင်း မဟုတ်ခြင်းကြောင့် စားသုံးသူများ အနေဖြင့် စိုးရိမ်ရန် မလိုအပ်ကြောင်း၊ ရေခဲမုန့် ပြုလုပ်ရာတွင် ကြက်ဥ အသုံးပြုရမည့်အစား မိကျောင်းဥကို ထည့်သွင်း အသုံးပြုထားခြင်း ဖြစ်ကြောင်း၊ အခြား ပါဝင်ပစ္စည်းများကိုမူ

ပိုးမွှားအင်းဆက်တွေ အကိုက်ခံရတဲ့အခါ ဆေးလိမ်းမယ့်အစား ဒါတွေသုံးပါ

ပိုးမွှားအင်းဆက်တွေ၊ ခြင်၊ ဂျပိုး၊ သန်း စတာတွေ အကိုက်ခံရတဲ့အခါ တစ်ချို့တွေက ကုတ်တတ်ကြတယ်။ ဒါဟာ အသားရေမှာ အမာရွတ်ဖြစ်စေတတ်ပါတယ်။ တစ်ချို့ကျတော့လည်း ဆေးဆိုင်သွားပြီး ဘာလိမ်းရင်ကောင်းမလဲဆိုပြီး စိတ်ပူပန်တတ်ကြတယ်။ ဒါဟာ အသားရေကို ဂရုစိုက်ရာရောက်တာမို့ ကောင်းပေမယ့် ဆေးဆိုင်ထိသွားစရာမလိုပဲ အိမ်မှာရှိတဲ့အရာတစ်ချို့နဲ့

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...