အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 June, 2014

အမေရိကန်-ဘယ်လ်ဂျီယံပွဲ ဘီယာကြေးလောင်းရန် ဘယ်လ်ဂျီယံဝန်ကြီးချုပ် အိုဘားမားကိုစိန်ခေါ်

Photo: အမေရိကန်-ဘယ်လ်ဂျီယံပွဲ ဘီယာကြေးလောင်းရန် ဘယ်လ်ဂျီယံဝန်ကြီးချုပ် အိုဘားမားကိုစိန်ခေါ်

ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်တွင် အမေရိကန်နှင့် ဘယ်လ်ဂျီယံတို့ ကစားရမည်ဖြစ် ရာ ဘယ်လ်ဂျီယံဝန်ကြီးချုပ် အီလီယိုဒီရူပိုက အမေရိကန်သမ္မတ အို ဘားမားအား ဘီယာကြေး အ လောင်းအစားလုပ်ရန် စိန်ခေါ် လိုက်သည်။
အမေရိကန်အနိုင်ရရှိသွား ပါက ဘယ်လ်ဂျီယံ၏ အကောင်း စား ဘီယာများ တိုက်မည်ဟု ဒီရူ ပိုက အိုဘားမားအား ကမ်းလှမ်း ထားသည်။
အုပ်စု(H)တွင် ဘယ်လ်ဂျီယံ က တောင်ကိုရီးယားကို ၁-၀ ဂိုး ဖြင့် အနိုင်ရပြီး အုပ်စု(G)တွင် အ မေရိကန်က ပေါ်တူဂီကိုကျော်၍ အုပ်စုဒုတိယရရှိခဲ့၍ နောက်တစ် ဆင့် တက်လာခဲ့သည်။
‘‘ဘားရက်အိုဘားမား ကျွန် တော်တို့ရဲ့ ဘယ်လ်ဂျီယံသရဲနီ တွေ ကွာတားဖိုင်နယ် တက်သွား မယ်ဆိုတာ အကောင်းစား ဘယ်လ်ဂျီယံဘီယာတွေနဲ့ လောင်း ကြေးထပ်ပါတယ်’’ဟု ဒီရူပိုက လူမှုဝက်ဘ်ဆိုက် တွစ်တာမှတစ် ဆင့် စိန်ခေါ်ခဲ့သည်။အမေရိကန်သမ္မတကမူ စိန် ခေါ်မှုကို မတုံ့ပြန်ရသေးပေ။

Credit - 7 day daily

*****

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...