ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ ရနေပြီး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိ ထားသူဖြစ်သလို လတ်တလောမှာ တတိယမြောက်တစ်ကိုယ်တော် Playboy ဆိုပြီး ထွက်ရှိထားတဲ့ အေသင်ချိုဆွေကို ပရိသတ်စိတ်ဝင်စားနေတဲ့ သူမရဲ့ချစ်သူ pepsi နဲ့ ဘယ်တော့အိမ်ထောင်ပြု ဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ “အေသင် အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်။ အေသင်တို့ နှစ်ယောက်လုံးက ငယ်ပါသေးတယ်။ ဒါကြောင့် အေသင် အခုချိန်မှာတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မစဉ်းစားသေးပါဘူး။ အေသင်ရဲ့ချစ်သူ pepsi ကလည်း အမေရိကကို ပြန်ရဦးမှာလေ။ အေသင်တို့ နှစ်ယောက်လုံးက
မရင့်ကျက်သေးဘူးဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်မှာ ညှိလို့မရတဲ့ အပိုင်းတွေက အများကြီးပဲ။ ရန်ကလည်း ခဏခဏ ဖြစ်တယ်။ ပြီးရင်လည်း ပြန်တည့်သွားတာပေါ့။ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ပဲ ဖြစ်နေတော့တာပါပဲ။ အေသင်တို့ နှစ်ယောက်လုံးက စရိုက်လုံးဝမတူကြဘူး။ အဲဒီလို စရိုက်မတူသူတွေ ဆိုတော့ အရမ်းလည်း ညှိနှိုင်းရပါတယ်။ သူနဲ့ ကိုယ်ကြားမှာလည်း မတူညီတဲ့ အချက်တွေက အရမ်းများတဲ့ အတွက် တစ်ခါတစ်လေ အရမ်းစိတ်ညစ်ရပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ တူတာ တစ်ခုကတော့ တစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်ကြတယ် ဆိုတာပါပဲ။ အဲဒီအချက်လေးက တူနေတဲ့အတွက် အခုချိန်ထိ တစ်ယောက်ကို တစ်ယောက်လက်တွဲ ဖြစ်နေတာပါ။ အချစ်ဆိုတာကို အေသင် နားလည်ထားတာကတော့ တကယ်တည်ငြိမ်ရင့်ကျက်တဲ့သူ နှစ်ယောက်ချစ်ကြရင် ပိုပြီး ခိုင်မြဲလိမ့်မယ်လို့ ထင်ပါတယ်” လို့ သူမက ဖွင့်ဟသွားပါတယ်။
စန္ဒီ
Trend Myanmar
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2014
(384)
-
▼
June
(66)
-
▼
Jun 28
(14)
- ဘင်္ဂါလီများကို တစ်ဦးလျှင် ကျပ်သုံးသိန်းဖြင့် ရန်ကု...
- အရွက်မှအစ အမြစ်အဆုံး ပဉ္စငါးပါးလုံး ဆေးဖက်ဝင်သည့်ြ...
- ဘဝတစ်လျှောက်လုံး ဉာဏ်ထက်မြက် နေရလေအောင်
- အွန်လိုင်းမှ ဆေးလိပ်သောက်သည့်ဓာတ်ပုံကိစ္စ ရွှေမှုံရတီ...
- အေသင်ချိုဆွေ ပြောပြတဲ့ သူမရဲ့ အချစ်ရေး
- စပိန်အသင်းလေယာဉ် မြေပြင်သို့ ဆင်းသက်ခါနီး မိုးကြို...
- (အွန်လိုင်းသုံးရင်း ကုသိုလ်ယူလိုက်ကြရအောင်နော်)
- ဗုဒ္ဓဘာသာဖြစ်တဲ့နေ့
- အေးဆေး သစ္စာရှိပြီး ရိုးသားမှုနှင့် အနစ်နာ ခံနိုင်သည...
- "ဂျီအက်စ်အမ်ဖုန်းများ ညသန်းခေါင်တွင် လိုင်းပြတ်တော...
- မဟာသန္တိသုခကျောင်း အမှု သံဃာတော် ၅ ပါးကို ရုံးချိန်း...
- အမေရိကန်-ဘယ်လ်ဂျီယံပွဲ ဘီယာကြေးလောင်းရန် ဘယ်လ်ဂျီယ...
- ဂျပန်အမျိုးသမီးဆိုတဲ့ မြန်မာသီချင်း
- ဆယ်တန်းစာမေးပွဲ အမှတ်အများဆုံး ၂၂ ဦး
-
▼
Jun 28
(14)
-
▼
June
(66)