အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 June, 2014

အွန်လိုင်းမှ ဆေးလိပ်သောက်သည့်ဓာတ်ပုံကိစ္စ ရွှေမှုံရတီ မိခင်ရှင်း

 အွန်လိုင်းတွင် ပျံ့နှံ့နေ သော ဆေးလိပ်သောက်နေသည့် ပုံသည် ရှေးခေတ်အမျိုးသမီး ဆေးပြင်းလိပ်သောက်သည့် ပုံစံ အတွက် ဓာတ်ပုံအထူးပြုလုပ် ချက်ဖြင့် ပြုပြင်ရန် ရိုက်ကူးခဲ့ခြင်း ဖြစ်ကာ ယင်းပုံကို တရားဝင်အ သုံးပြုခဲ့ခြင်းမရှိကြောင်း    ရွှေမှုံ ရတီ၏ မိခင်က ပြောသည်။
‘‘အဲဒီပုံမှာ ၀တ်စားဆင်ယင် ပုံကိုကြည့်ရင်လည်း အရင်ခေတ် က ပုံဆိုတာ သိနိုင်ပါတယ်။ ရုတ် တရက် ဆေးပြင်းလိပ်ရှာမတွေ့ တဲ့အခါ လက်ထဲမှာ စီးကရက်ကို ညှပ်ပြီးရိုက်ထားတာ။ နောက်မှ ဖိုတိုရှော့လုပ်မယ်ဆိုပြီး ရိုက်ခဲ့ တာ။ ဒါပေမဲ့လည်း သူတို့လုပ်လို့
အဆင်မပြေလို့လား၊ အမြင်မ တော်လို့လားမသိဘူး အဲဒီပုံကို လည်း မထုတ်ဖြစ်ခဲ့ပါဘူး’’ ဟု ရွှေမှုံရတီ၏ မိခင်က ပြောသည်။

ထို့အပြင် အဆိုပါ ဓာတ်ပုံ ကို လွန်ခဲ့သည့် ခြောက်လခန့်က တည်းက   ရိုက်ကူးခဲ့ခြင်းဖြစ်၍ ယခုကိစ္စသည် ၎င်း၏ သမီးကို    တိုက်ခိုက်ချင်သောကြောင့် တင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု  ၎င်းက သုံး သပ်သည်။

‘‘အန်တီ ညံ့သွားလို့၊   အ တွေးတွေ နည်းနည်းမှားသွားလို့ ဒါက မဖြစ်လောက်ဘူးဆိုပြီး ထင် လို့ လုပ်ခဲ့တာဆိုတော့ နောက် နောင်ကို ဒါမျိုးဘယ်သောအခါမှ အဖြစ်ခံမှာမဟုတ်ဘူး’’ ဟု ရွှေ မှုံရတီ၏ မိခင်က ပြောသည်။

By ဇွဲဉာဏ်
7DAY DAILY 

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...