အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 June, 2014

သတင်း ကြေညာ နိုင်သည့် အပြင် စကားပြန်ပြော နိုင်စွမ်း ရှိသည့် ကမ္ဘာ့ ပထမဆုံး စက်ရုပ်

Photo: သတင်း ကြေညာ နိုင်သည့် အပြင် စကားပြန်ပြော နိုင်စွမ်း ရှိသည့် ကမ္ဘာ့ ပထမဆုံး စက်ရုပ်
Thursday, June 26, 2014

လူသားများ နေရာတွင် စက်ရုပ်များကို အစားထိုး၍ အသုံးပြုမှုများ တိုးတက်မြင့်မား လျက်ရှိသော ဂျပန်နိုင်ငံရှိ တိုကျို ပြတိုက်တွင် လူသား အစစ်ကဲ့သို့ အသွင်သဏ္ဌာန်ရှိပြီး သတင်းကြေညာ နိုင်စွမ်းရှိသည့် စက်ရုပ်တစ်မျိုးကို ထုတ်ဖော်ပြသခဲ့သည်။ တကယ့်သက်ရှိ လူသားများအသွင် သဏ္ဌာန်ရှိသော ကိုဒိုမိုရွိုက်ဒ်နှင့် အိုတိုနာ ရွိုက်ဒ်ဟု အမည်ပေးထားသည့် အမျိုးသမီး စက်ရုပ် နှစ်ခုကို အိုဆာကာ တက္ကသိုလ် ပါမောက္ခနှင့် စက်ရုပ်နည်းပညာ ကျွမ်းကျင် ပညာရှင်ဖြစ်သူ ဟီရိုရှီ အီရှီဂူရိုက တီထွင် ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး ယင်းစက်ရုပ်များသည် လူသားများနှင့် စက်ရုပ်များ အကြား မည်ကဲ့သို့ အပြန်အလှန် အကျိုးပြုမည် ကို လေ့ လာ နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။

ယင်းစက်ရုပ်များအား အဝေးထိန်း ခလုတ်ဖြင့် ထိန်းချုပ်နိုင်မည် ဖြစ်ပြီး ၎င်းတို့သည် နှုတ်ခမ်းလှုပ်ကာ အသံထွက်နိုင်စွမ်းရှိခြင်း၊ မျက်ခုံး ပင့်တင် နိုင်ခြင်းနှင့် ဦးခေါင်းအား ဘေးဘယ်ညာ လှည့်ကာ လှုပ်ရှားခြင်းတို့ကို ပြု လုပ်နိုင်စွမ်း ရှိသည်။

အဆိုပါ စက်ရုပ်များအား လေဖိအားနှင့် ဆာဗို မော်တာများ အသုံးပြု ထိန်းချုပ်ထားခြင်း ဖြစ်ပြီး ၎င်းတို့အား အထိုင်စက်ရုပ်များ အဖြစ် ထုတ်လုပ် ထားသော်လည်း ၎င်းတို့၏ လက်များမှာ လှုပ်ရှားနိုင်စွမ်း ရှိမည်ဖြစ်သည်။ သို့သော် အဆိုပါ စက်ရုပ်များအား ရောင်းချ မည့်ဈေးနှုန်းကိုမူ ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိပေ။ ဂျပန် နိုင်ငံတွင် စက်ရုပ်များ အသုံးပြုမှုသည် လက်ပ်တော့များ အသုံးပြု သကဲ့သို့ပင် လူအများ လက်ခံနိုင်စွမ်း ရှိလာ ပြီဖြစ်ကြောင်း အီရှီဂူရိုက ပြောကြားခဲ့သည်။

သုတမောင်

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...