အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 June, 2014

အကိုက်ကြမ်းတဲ့ လူးဝစ်ဆွာရက်ကို ဘောလုံးကစားခွင့် ၂ နှစ်ပိတ်လိုက်ပြီ

Photo: အကိုက်ကြမ်းတဲ့ လူးဝစ်ဆွာရက်ကို ဘောလုံးကစားခွင့် ၂ နှစ်ပိတ်လိုက်ပြီ
Thursday, June 26, 2014
 
ဥရုဂွေးနဲ့ လီဗာပူး အသင်းတို့ရဲ့ တိုက်စစ်မှူး လူးဝစ် ဆွာရက်ကို မနေ့ညက အီတလီနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်တဆင့်တက်ရေး အဆုံးအဖြတ်ပွဲမှာ အီတလီနောက်ခံလူ Giorgio Chiellini ရဲ့ပုခုံးကို ကိုက်လိုက်တာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ဒီကနေ့ ကြာသာပတေးနေ့ကစပြီး ၂ နှစ် ဘောလုံးကစားခွင့်ပိတ်ပင်လိုက်ပြီဖြစ်တယ်လို့ သတင်းတွေထွက်နေပါတယ်။ 

ပွဲကစားချိန်မှာတော့ ဒိုင်က အပြစ်ပေး အရေးယူမှုတွေပြုလုပ်ခဲ့တာ မရှိပေမယ့် ပွဲအပြီး ရုပ်သံ အနှေးပြ ကွက်တွေမှာ ထင်ရှားတဲ့ အထောက် အထားတွေကို တွေ့ရှိတဲ့ အတွက် သုံးကြိမ်မြောက် ကိုက်မှု ဖြစ် အပြီးမှာတော့ ခုလို့အပြစ်ပေးအရေးယူလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ 

 ဒါဟာ ဘရာဇီးနိုင်ငံမှာကျင်းပနေတဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ပရိတ်သတ်တွေ အများစိတ်ဝင်စားခဲ့ကြတဲ့ ထူးခြားဖြစ်စဉ်တခုလည်းဖြစ် ပါတယ်။ 

Giorgio Chiellini ကိုက်မှုဖြစ်ပြီးတဲ့နောက်မှာ ကမ္ဘာတဝှမ်းက ပရိတ်သတ်တွေကလည်း လူမှုကွန်ရက်တွေ က တဆင့် ပြစ်တင်ပြောဆိုနေကြပါတယ်။ 

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွာရက်ဟာ ၂၀၁၃ ခုနှစ် English Premier League ပွဲစဉ်တခုဖြစ်တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးပွဲစဉ်မှာလည်း ချဲလ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ရဲ့ ညာဘက်လက်ကို ကိုက်ခဲ့တဲ့ အတွက် ကြီးမားတဲ့ ပွဲပယ်ပြစ်ဒဏ်တွေကို ခံခဲ့ရဖူးပြီး အခုတကြိမ်ဟာ သူ့အတွက် အကြီးမားဆုံးပြစ်ဒဏ်ဖြစ် ပါတယ်။ 

လီဗာပူး အသင်းကို မရောက်ခင် သူပထမဆုံး ကိုက်ခဲ့သူကတော့ ၂၀၁၀ ခုနှစ်က အေဂျက် အသင်းမှာ ကစားစဉ် အေဂျက်အသင်းနဲ့ PSV အသင်းတို့ ကစားတဲ့ ပွဲမှာ PSV ကစားသမား Otman Bakkal ရဲ့ ပုခုံးကိုကိုက်ခဲ့ဖူးပါတယ်။ 

ဧရာဝတီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...