အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 June, 2014

ဖေ့စ်ဘွတ်ခ်သုံးသူထက် ဗိုက်ဘာသုံးသူပိုများ

 မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူထက်ဗိုက်ဘာ (Viber) သုံးစွဲသူက ပိုများကြောင်းသတင်းရရှိသည်။ ထို့အပြင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူ  ၂ ဒသမ ၄သန်းခန့်ရှိချိန်တွင်Viber အကောင့်များဖွင့်လှစ်ပြီးမိုဘိုင်ဖုန်းဖြင့်သာမက ကွန်ပျူတာဖြင့် သုံးစွဲသူပေါင်း ၃ ဒသမ ၈ သန်းရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
Viber အသုံးပြုရာတွင် မြန်မာနိုင်ငံဖြင့် စာရင်းပေးသွင်း အသုံးပြုနေသူ ၃ ဒသမ ၈ သန်းခန့် ရှိပြီး မိုဘိုင်းဖုန်းအပြင် ကွန်ပျူတာများဖြင့် ဖွင့်လှစ်သုံးစွဲနေကြောင်း Viber ၏ စာရင်းများအရ သိရသည်။
ပြည်တွင်း၌ Viber ဖွင့်လှစ်သုံးစွဲနေသူမှာ မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲနေသည့် စာရင်းများထက်သာမက မြန်မာနိုင်ငံတွင်
ဖေ့စ်ဘွတ်ခ်အကောင့်ဖွင့်လှစ်သုံးစွဲနေသည့် စာရင်းများထက်ပင် ပိုမိုများပြားနေပြီး လက်ရှိပြည် တွင်းတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူပင် ၁ ဒသမ ၇ သန်းကျော်သာရှိနေသည်။

‘‘အင်တာနက်ချိတ်ထားပေ မယ့်လွယ်လွယ်ကူကူသုံးလို့ရတာက Viber ပဲရှိတော့ တခြား ဖေ့စ်ဘွတ်ခ်တွေလည်းမသုံးဖြစ်ဘူး။ ဖေ့စ်ဘွတ်ခ်ကျတော့ သိပ်လည်း မသုံးတတ်ဘူး။ Viber ကျတော့ ဖုန်းလိုပဲ သုံးရတာ သိပ်မကွာတော့ သုံးဖြစ်တာ’’ ဟုပုဇွန်တောင်မြို့နယ်တွင် နေထိုင်သည့်မိခင်တစ်ဦးကပြောသည်။

Viberမှာ မိုဘိုင်းဖုန်းဖြင့် မက်ဆေ့ခ်ျပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ ရုပ်သံဖိုင်ပေးပို့ခြင်းစသည့်ဝန်ဆောင်မှုများဆောင်ရွက်နေပြီး ကွန်ပျူတာမှ တစ်ဆင့်အသုံးပြုနိုင်သည့်Viber Desk-top ဗားရှင်းကိုလည် ဖြန့်ချိထားသောကြောင့် မြန်မာနိုင်ငံတွင် ကွန်ပျူတာမှတစ်ဆင့်အသုံးပြုသူ အများအပြားရှိနေပြီဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် Viber ကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ သုံးစွဲသူပေါင်းသန်း ၃၀၀ ကျော်ရှိနေပြီး Viber Out အနေဖြင့်လည်း နိုင်ငံတိုင်းရှိ မည်သည့်ဖုန်းနံပါတ်ကိုမဆို ကုန်ကျစရိတ်သက်သာစွာဖြင့် ခေါ်ဆိုနိုင်ကြောင်း သတင်းရရှိသည်။

By ဆွေမွန်
7DAY DAILY 
http://7daydaily.com/story/14495#.U7DJv7HCdnE

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...