အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 June, 2014

ဘရာဇီးကို ကိုလံဘီယာ အန္တရာယ်ပေးနိုင်စွမ်းရှိကြောင်း ရိုဒရီဂွတ်ဇ်ပြောကြား


ကိုလံဘီယာ အနေဖြင့် ဘရာဇီး အသင်းကို အန္တရာယ်ပေး ခြိမ်းခြောက်နိုင်မည်ဟု ယုံကြည်ထားကြောင်း တိုက်စစ်မှူး ဂျိမ်းစ်ရိုဒရီဂွတ်ဇ်က ပြောကြားခဲ့သည်။ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပုံစံကောင်း ရနေသည့် ကိုလံဘီယာ အသင်း၏ ထိုးစစ်တွင် အကောင်းဆုံး ခြေစွမ်းပြနေသည့် မိုနာကို တောင်ပံတိုက်စစ်သမားက ကွာတားဖိုင်နယ်တွင် အိမ်ရှင်ဘရာဇီးကို အကောင်းဆုံး ရင်ဆိုင်နိုင်မည်ဟု ယုံကြည်လျှက် ရှိသည်။အသက်(၂၂)နှစ်ရှိ ရိုဒရီဂွတ်ဇ်သည် ဥရုဂွေးကို (၂-၀)ဖြင့် အနိုင်ရသည့် ရှုံးထွက်ပွဲစဉ်တွင် (၂)ဂိုးလုံး သွင်းယူခဲ့ပြီး ပထမဂိုးမှာ ပြိုင်ပွဲ၏ အကောင်းဆုံး စာရင်းဝင် ဂိုးတစ်ဂိုး ဖြစ်လာသည်။ ယခုအခါ ကိုလံဘီယာသည် (၄)ပွဲကစား၊ (၄)ပွဲနိုင်ထားပြီး ရိုဒရီဂွတ်ဇ်ကလည်း (၅)ဂိုးသွင်းကာ ပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်လျက်ရှိသည်။ရိုဒရီဂွတ်ဇ်က “ခုချိန်မှာ ကျွန်တော်တို့ ဘရာဇီးကို အနီးကပ် စောင့်ကြည့်နေရပါမယ်။ သူတို့မှာက ထိပ်တန်း ကစားသမားတွေ ပါဝင်စုဖွဲ့ထားပြီး ကစားပုံကလည်း ကောင်းမွန်ပါတယ်။ ပြီးတော့ သူတို့ကလည်း ကျွန်တော်တို့ကို စောင့်ကြည့်နေမှာပဲလေ။ ဘရာဇီးနဲ့ ကစားဖို့ ကျွန်တော်တို့မှာ ဘာဖိအားမှ မရှိပါဘူး။ ကိုလံဘီယာမှာလည်း ကစားသမားကောင်းတွေ ရှိနေပါတယ်။ ဘရာဇီးကို ကျွန်တော်တို့ အန္တရာယ် ပေးနိုင်စွမ်း ရှိပါတယ်။ ဒီပွဲကတော့ တကယ့်ကို လှပကောင်းမွန်တဲ့ အားပြိုင်မှုမျိုး ဖြစ်လာမယ် ထင်ပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။ရိုဒရီဂွတ်ဇ်က ၎င်းအနေဖြင့် တစ်ဦးချင်း စွမ်းရည်ကောင်းများ ပြသရန်ထက် အသင်းအောင်မြင်ရေးအတွက်သာ အဓိက ကူညီလိုကြောင်းလည်း ဆိုသည်။ “ကျွန်တော့် အဓိက ရည်ရွယ်ချက်ကိုက အသင်းရလဒ် ကောင်းမွန်စေဖို့ပဲ ဖြစ်ပါတယ်။ ခုလောလောဆယ် ကျွန်တော့်ခြေစွမ်းက ကောင်းမွန်မြင့်တက်နေတယ်။ အသင်းအတွက် ဂိုးတွေ သွင်းယူပေးနေနိုင်တဲ့ အတွက်တော့ ကျွန်တော် ပျော်ရွှင်မိပါတယ်”ဟုလည်း ရိုဒရီဂွတ်ဇ်က ပြောကြားသွားသည်။
_Ref: Skysports

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...