ရန်ကုန်တိုင်းအတွင်း လုပ်ငန်းလိုင်စင် မရှိဘဲ ခရီးသည်တင်ယာဉ် ကြားကားအဖြစ် ပြေးဆွဲနေသည့် ယာဉ်များ ပိုမိုများပြားလာသည့်အတွက် ထိရောက်သည့် ပြစ်ဒဏ်ဖြင့် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒု-ရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။
“ကြားကားတွေက တရားဝင်မောင်းခွင့် နဲ့ လိုင်းဆွဲနေတာ မဟုတ်ဘူး။ တရားလည်း မ၀င်ဘူး။ အခွန်လည်း ဆောင်စရာမလိုတဲ့ အတွက်
အမြတ်အစွန်းပိုရတယ်။ မှောင်ခို ဆွဲတဲ့သဘောဖြစ်နေတယ်”ဟု ပြောသည်။
၂၀၁၄ ခုနှစ်မှစတင်ပြီး ယာဉ်စည်ကမ်း ထိန်းသိမ်းရေးအဖွဲ့ ကိုးဖွဲ့ဖွဲ့စည်းကာ လုပ်ငန်းလိုင်စင်မရှိဘဲ ခရီးသည်တင်ယာဉ် (ကြားကား)များအဖြစ် ပြေးဆွဲမှုများ ပိုမို များပြားလာသည့်အပြင် အဆိုပါအဖွဲ့ကလည်း ဖမ်းဆီးရမိမှု များပြားလာသည့် အတွက် အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုလိုခြင်းဖြစ်သည်။
ဇွန်လတတိယပတ်မှစတင်ပြီး အဆိုပါလုပ်ငန်းလိုင်စင်မရှိဘဲ ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲလျက်ရှိသည့် ကြားကားများကို အဖွဲ့ကိုးဖွဲ့က ဖမ်းဆီးအရေးယူမှုများခဲ့ရာ ရက်သတ္တပတ်အတွင်း ၂၄ စီး ဖမ်းဆီးခဲ့ပြီး အမှုဖွင့် အရေးယူထားသည်။
နန်းမြင့်
Mizzima - News in Burmese
30 June, 2014
လုပ်ငန်းလိုင်စင်မရှိ ကြားကားများကို ဖမ်းဆီးမှု အရှိန်မြှင့်တော့မည်
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2014
(384)
-
▼
June
(66)
-
▼
Jun 30
(10)
- အမှိုက်ကောက်တဲ့ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါနဲ့ ထွန်းကိုကို
- ကင်ဆာ ရောဂါကို နေ့စဉ် ဝယ်နေကြသူများ
- ဘရာဇီးကို ကိုလံဘီယာ အန္တရာယ်ပေးနိုင်စွမ်းရှိကြောင်း...
- နယ်သာလန်အတွက် ပွဲရာပြည့် ကစားနိုင်ခဲ့သည့် ခံစားချက...
- ဖေ့စ်ဘွတ်ခ်သုံးသူထက် ဗိုက်ဘာသုံးသူပိုများ
- ကိုလံဘီယာနှင့်ပွဲစဉ်တွင် နေမာပါဝင်ရန် မသေချာသေးဟု ...
- စင်ကာပူဈေးဝယ်စင်တာများတွင် ရောင်းချခံနေရသည့် အိမ်...
- ထိုင်းစစ်တပ်က လူပွဲစားတွေ စနှိမ်နင်းမည်
- လုပ်ငန်းလိုင်စင်မရှိ ကြားကားများကို ဖမ်းဆီးမှု အရှိ...
- ဆန်းလ္ဘက်ရည်ဆိုင် ပိုင်ရှင် မူဆလင်ညီအစ်ကို နှစ်ဦးက...
-
▼
Jun 30
(10)
-
▼
June
(66)