အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

14 June, 2013

နန်းသီရိမောင်က facebook တွင်ပျံ့နှံ့နေသော သတင်းများသည် အမှားဖြစ်သည်ဟုဆို

လူမှုကွန်ရက် facebook တွင် ဇွန်လ ၃ ရက်နေ့က စတင်ပြန့်နှံ့နေသော နန်းသီရိမောင်၏ ဝတ်စား ဆင်ယင်မှုနှင့် ပတ်သက်၍ လူငယ်အဖွဲ့၏ ထုတ်ပြန်ချက်သည် ရှမ်းလူငယ်အဖွဲ့နှင့် သက်ဆိုင်မှု မရှိကြောင်း ယင်းအဖွဲ့ ဝင်ဖြစ်သော မော်ဒယ်နန်းသီရိမောင်က ပြန်လည် ဖြေရှင်း ခဲ့သည်။
အခု facebook မှာ နန်းသီရိမောင်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ရှမ်းလူငယ် အဖွဲ့က ထုတ်ပြန်ချက် အပေါ် နန်းသီရိမောင် ပြောချင်တာက။

အဲဒါက ညီမလည်း ရှမ်းလူငယ်အဖွဲ့ဝင် တစ်ယောက်ပါ။ facebook မှာ ဒါတွေတက်တာ နဲ့ပတ်သက်ပြီး ညီမအဖွဲ့ဝင် အားလုံးကို မေးပြီးပြီ သူတို့ရေးတာ မဟုတ်ဘူး၊ ညီမလေးကို တိုက်ခိုက်ချင်တဲ့ သူကရေးပြီး တင်တာပါ။

အဲဒီအပေါ်ညီမလေးရဲ့ ခံယူချက်က။

ညီမကတော့ ဒါကို သူတို့ ဘက်ကကိုယ့်ကိုတိုက်ခိုက်တယ်၊ ညီမက အနုပညာရှင် တစ်ယောက် ဖြစ်တဲ့ အတွက် သည်းခံရမှာပါ၊ လုပ်တဲ့ သူကပဲ စိတ်ပင်ပန်းပြီး ပူလောင်မှာပါ၊ ညီမကတော့ ဒါတွေကို သည်းခံ သွားမှာပါ။

facebook ပေါ်မှာ ပုံတွေကို ဖြတ်ညှပ်ကပ်ပြီး တင်တာနဲ့ ပတ်သက်ပြီးပြောပြပေးပါဦး။

အဲဒါကတော့ အချို့ပုံစံက ကိုယ်က ရိုက်ထားတာ ဖြတ်ညှပ်ကပ် လုပ်တဲ့ အတွက် ဓာတ်ပုံ ရိုက်ထားသူ တွေကိုကြည့်တဲ့ သူတွေက အထင်မှား ကြတယ်။

ဒီလို facebook ပေါ်မှာ ပြောလာကြတဲ့ အတွက် ညီမအနေနဲ့ ဖက်ရှင်ပိုင်းကို အရင်ထက်ပိုပြီး ပြင်ဆင် သွားဖို့ရှိလား။

သမီး အနေနဲ့ကတော့ ဖက်ရှင်နဲ့ အဝတ်အစား ပိုင်းကို အရင်အတိုင်းပဲ ဝတ်ဆင်သွားမယ်၊ ဘာဖြစ်လို့ လဲဆိုရင် Cute ဖြစ်စရာ အချိန်ဆိုရင် Cute ဖြစ်တဲ့အတွက် အသား၊ Sexy ဖြစ်တဲ့အဝတ်အစား၊ မြန်မာ အဝတ်အစား သူ့နေရာနဲ့သူ ဝတ်စားထားတဲ့ အတွက်ပါ။

အခုလက်တလော ညီမလေး ကြိုက်နေတဲ့ ဖက်ရှင်ရှိရင်လည်း ပြောပြပေးပါ။

အခု လတ်တလောတော့ ညီမလေး မြန်မာ အဝတ်အစားတွေ ကြိုက်နေတယ်။

စုသက်နှင်း

Venus News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...