သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ကောက်ယူခဲ့သည့် EIA
(သဘာဝပတ်ဝန်းကျင် သက်ရောက်မှု ဆန်းစစ်ချက်) စာရင်းတွင် မပါဝင်သော
အိမ်ထောင်စုများကိုလည်း အမှန်တကယ်နေထိုင်ကြောင်း သက်သေပြနိုင်ပါက
ထောက်ပံ့ကြေးပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဦးစိုးမင်း က ပြောသည်။
ဝန်ကြီးက ''ဧပြီလတုန်းက ကောက်တဲ့စာရင်းမှာ အကြောင်းအမျိုးမျိုးကြောင့်
မပါဝင်တဲ့သူတွေကို ကျွန်တော်တို့ တာဝန်ယူပြီးပံ့ပိုးမှုတွေ
ပေးသွားမှာဖြစ်ပါတယ်။ အမှန်တကယ် နေထိုင်တယ်ဆိုရင် ဘာမှ စိတ်မပူပါနဲ့။
စိတ်ချမ်းချမ်းသာသာနဲ့ သာနေပါ'' ဟု ပြောသည်။
အဆိုပါ ဧရိယာအတွင်း နေထိုင်သူများအဖြစ် သတ်မှတ်ထားသူများမှာ ဧပြီလအတွင်း ကောက်ယူသည့် လူမှုစီးပွားရေး စစ်တမ်းစာရင်းတွင် ပါဝင်သူများ၊ စာရင်းတွင် မပါဝင်သော်လည်း အမှန်တကယ် နေထိုင်ခဲ့ကြောင်း သက်သေပြနိုင်သူများ၊ လယ်ယာလုပ်ငန်းများ လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းရန် ညွှန်ကြားချက် ထုတ်ပြန်၍ ပြောင်းရွှေ့သွားသူများ ဖြစ်သည်။
၂ဝ၁၃ ခုနှစ် ဧပြီလ လေးရက်မှ ၂၆ ရက်အထိ သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းအတွင်း EIA ဆန်းစစ်မှု ကောက်ယူခဲ့ပြီး ဧပြီလ၂၆ ရက်နောက်ပိုင်း ဝင်ရောက်နေထိုင်သူများကို ဧရိယာအတွင်း နေထိုင်သူများ မဟုတ်ဟု သတ်မှတ်ကြောင်လည်း အမျိုးသားစီမံကိန်းနှင့် စီပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင် က ပြောခဲ့သည်။
ဒုဝန်ကြီးက ''စစ်တမ်းကောက်ယူပြီး နောက်ပိုင်းဝင်လာတဲ့ အိမ်ခြေအားလုံးကို ပံ့ပိုးမှုနဲ့ မသက်ဆိုင်ဘူးဆိုတာ ကြေညာပါမယ်။ လူစိမ်းတွေ ဝင်လာရင်လည်း ဒေသခံတွေက ကျွန်တော်တို့ကို တိုင်ကြားပါ။ ဒီနေရာ တစ်ခုလုံးကို ကောင်းကင်ဓါတ်ပုံ ရိုက်ပြီးသားပါ။ ဒေသခံစစ်စစ်တွေကိုပဲ ပံ့ပိုးမှုတွေရစေချင်ပါတယ်'' ဟု ပြောသည်။
ထောက်ပံ့ကြေးပေးမည့်အစီအစဉ် မှာမူ သုံးသပ်နေဆဲအဆင့်တွင်ရှိပြီး
ထောက်ပံ့ကြေးပေးရန် တွက်ချက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရေး၊
ရသင့်ရထိုက်သည့်သူများ အားလုံးပါဝင်ရေးနှင့် မျှမျှတတဖြစ်ရေးတို့ကို
အလေးထား၍ တွက်ချက်မည်ဖြစ်သည်ဟုလည်း ဦးဆက်အောင် က ပြောကြားထားပြီး ဖြစ်သည်။
ယင်းစီမံကိန်း ပထမအဆင့်အနေဖြင့် ဧရိယာ ၈၈ဝ ဧကခန့်အား ဇူလိုင်လအတွင်း စတင်ဆောင်ရွက်နိုင်ရန် စီစဉ်နေသည်။
Mizzima - News in Burmese
သီလဝါအထူးဇုန် စီမံကိန်းအတွက် EIA ဆန်းစစ်ချက်စာရင်းတွင် မပါဝင်သော်လည်း အမှန်တကယ် နေထိုင်သူများကို
လျော်ကြေးပေးမည်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)
ဝန်ကြီးက ''ဧပြီလတုန်းက ကောက်တဲ့စာရင်းမှာ အကြောင်းအမျိုးမျိုးကြောင့်
အဆိုပါ ဧရိယာအတွင်း နေထိုင်သူများအဖြစ် သတ်မှတ်ထားသူများမှာ ဧပြီလအတွင်း ကောက်ယူသည့် လူမှုစီးပွားရေး စစ်တမ်းစာရင်းတွင် ပါဝင်သူများ၊ စာရင်းတွင် မပါဝင်သော်လည်း အမှန်တကယ် နေထိုင်ခဲ့ကြောင်း သက်သေပြနိုင်သူများ၊ လယ်ယာလုပ်ငန်းများ လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းရန် ညွှန်ကြားချက် ထုတ်ပြန်၍ ပြောင်းရွှေ့သွားသူများ ဖြစ်သည်။
၂ဝ၁၃ ခုနှစ် ဧပြီလ လေးရက်မှ ၂၆ ရက်အထိ သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းအတွင်း EIA ဆန်းစစ်မှု ကောက်ယူခဲ့ပြီး ဧပြီလ၂၆ ရက်နောက်ပိုင်း ဝင်ရောက်နေထိုင်သူများကို ဧရိယာအတွင်း နေထိုင်သူများ မဟုတ်ဟု သတ်မှတ်ကြောင်လည်း အမျိုးသားစီမံကိန်းနှင့် စီပွားရေးဖွံ့ဖြိုးတိုးတက်မ
ဒုဝန်ကြီးက ''စစ်တမ်းကောက်ယူပြီး နောက်ပိုင်းဝင်လာတဲ့ အိမ်ခြေအားလုံးကို ပံ့ပိုးမှုနဲ့ မသက်ဆိုင်ဘူးဆိုတာ ကြေညာပါမယ်။ လူစိမ်းတွေ ဝင်လာရင်လည်း ဒေသခံတွေက ကျွန်တော်တို့ကို တိုင်ကြားပါ။ ဒီနေရာ တစ်ခုလုံးကို ကောင်းကင်ဓါတ်ပုံ ရိုက်ပြီးသားပါ။ ဒေသခံစစ်စစ်တွေကိုပဲ ပံ့ပိုးမှုတွေရစေချင်ပါတယ်''
ထောက်ပံ့ကြေးပေးမည့်အစီအစဉ်