အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

14 June, 2013

လူ့သက်တမ်း တစ်ဝက်ကျိုးပြီဆိုတော့ အရာရာကို အကောင်းမြင်လာတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

လူ့သက်တမ်း တစ်ဝက်ကျိုးပြီဆိုတော့ အရာရာကို အကောင်းမြင်လာတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်ကံဆိုတာ တကယ်မမြင် ရပါဘူး။ ဒါပေမဲ့ ဖြစ်လာတဲ့ ကံတရားက ဆိုးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ကောင်းတာ လည်းဖြစ်ချင်ဖြစ်မယ်။ ဆိုးတာဖြစ်တယ်ဆိုရင်တောင်မှ ကိုယ့်ဘက်ကဘာသာတရားများ များလုပ်ထားတယ်။ ဘုရားတရား များများလုပ်ထားတယ်ဆိုတော့
အရမ်းဆိုးတဲ့ဟာက နည်းနည်းလေး ပဲ ကံဆိုးချင်လည်း ဆိုးသွားနိုင် တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကံတရားဆိုတာမမြင်ရဘူး။

ဒါပေမဲ့ ကိုယ့်ဘက်က ဘုရားတရားလည်း များများလုပ်တယ်။ ဘာသာတရား လည်း အများကြီးလုပ်ပေးတယ်။ အနန္တောအနန္တငါးပါးလည်း မပြစ် မှားဘူးဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အရမ်းဆိုးဝါးတဲ့ ဒုက္ခကြီးမကျ ရောက်နိုင်ဘူးလို့ သင်ဇာစိတ်ထဲမှာ ခံယူထားတယ်။ လူကြီးသူမတွေ လည်း ဒီလိုပဲဆုံးမထားတယ်။ သင် ဇာက နောက်ပိုင်းဘာသာရေးလုပ် ဖြစ်လာပါတယ်။

အဲဒါက ဘာဖြစ် လို့လုပ်တာလဲဆိုရင် ဒီချိန်မှာ အသက် အရွယ်ကလည်း ရနေပြီ။ အသက် ကလည်း ၂၅ နှစ်ကျော်ပြီး၂၆ နှစ်ထဲလည်း ဝင်နေပြီ။ လူ့သက်တမ်း တစ်ဝက် လည်းကျိုး နေပြီဆိုတော့ ဘာပဲဖြစ် ဖြစ် ကိုယ်ဒီထက်ရင့်ကျက်ပြီး တည် ငြိမ်ရတော့မယ်။ လူကြီးဆန်ရတော့ မယ်။ အဲဒီအတွက် ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ဖို့လိုတယ်။ စိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ဘာသာရေး လုပ်တယ်ဆိုရင် အနည်းနဲ့အများ ပိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် နိုင်မယ်လို့ ထင်ပါတယ်။

ဘာသာရေး လုပ်တာ ဘယ်လို အကျိုးအမြတ်တွေ ရလဲဆိုရင် သင်ဇာ သည်းခံ တတ်လာတယ်။ ကိုယ့်ဒေါသကို ထိန်းချုပ် နိုင်တယ်။ သည်းခံ တတ်လာတဲ့ အတွက်ကြောင့် မို့လို့ ဘယ်အရာ ကိုပဲဖြစ်ဖြစ် အ ကောင်းမြင် တတ်လာတယ်။ ဘာ သာရေးလုပ်ရင် ကောင်းတာတွေ ချည်းပဲ ဖြစ်တယ်။ ဆိုးတာကတော့ ဘာမှ မဖြစ်ပါဘူး။

By 8 Days

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...