ပညာရေးဝန်ကြီးဌာနနှင့်ကုလသမ ဂ္ဂကလေးများရန်ပုံငွေ
(UNICEF) တို့ ပူးပေါင်း၍ ကျောင်းပြင်ပ ပညာရေး တွင် သင်ကြားပေးနေသော
ဆရာဆရာမများ၏ လစာတိုးမြင့်ပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ “UNICEF နဲ့ ပညာရေးဝန်ကြီးဌာနက ပေါင်းပြီး အရင်နှစ်တွေက ကျောင်းပြင်ပ
ပညာရေးမှာ သင်ကြားပေးနေတဲ့ ဆရာတွေကို လစာ ၃၀၀၀၀ ပေးပေမယ့်၊ ဒီနှစ်ကစပြီး
လစာ ၄၀၀၀၀ အထိ တိုးပေးဖို့ရှိတယ်။ ဆရာဆရာမ တွေက ကျောင်းသားတွေရှိတဲ့နေရာကို လိုက်ပြီး
နီးစပ်ရာကျောင်းတွေမှာ ကျောင်းချိန်လွတ်သင်ကြား ပေးသွား မှာပါ။” ဟု
ကျောင်းပြင်ပပညာရေး မူလတန်းအဆင့် ပရောဂျက်မန်နေဂျာ ဦးထွန်းကြည်က ပြောသည်။
ကျောင်းပြင်ပ ပညာရေးအတွက် ဆရာ/ ဆရာမများခန့်ထားနိုင်ရန်
ဇွန် ၂၁ ရက်နေ့မှစ၍ ဆရာဖြစ်မွန်းမံ သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ပြီး
သင်တန်းဆင်းပြီးပါက အနည်းဆုံး ၃ နှစ်သင်ကြားပေးသွားရမည် ဖြစ်ကြောင်း
အမှတ်(၁) အခြေခံပညာဦးစီးဌာနက သိရှိရသည်။
“ဒီလ ၂၁ ရက်နေ့မှာ ကျောင်းပြင်ပပညာရေးအတွက် ဆရာဖြစ်မွန်းမံသင်တန်းပေးဖို့
သင်တန်းသားတွေ ခေါ်ယူ နေပြီ။ နှစ်စဉ်သင်တန်းပေးနေတာ အခုနဲ့ဆို ၆
ကြိမ်မြောက်ရှိပါပြီ” ဟု ညွှန်ကြားရေးမှူး (ငြိမ်း) ဦးတင်ညိုက ပြောသည်။
ဆရာဖြစ်မွန်းမံသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး အ.ထ.က (၁) ကမာရွတ်၊ မန္တလေးတိုင်းဒေသကြီး အ.ထ.က (၁) မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီး အ.ထ.က (၅) ပဲခူးတို့တွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂- ၂၀၁၃ ကျောင်းပြင်ပ ပညာရေးမှတဆင့် ကျောင်းသားပေါင်း (၂၄၃၉) ဦးအား ပညာသင်ကြားပေးခဲ့ပြီး ကျောင်းသား ၅၇၀ ဦးမှာ အလယ်တန်းပညာရေးသို့ ဆက်လက်သင်ယူနိုင်ခဲ့ကြောင်း သိရသည်။
ကျောင်းချိန်ပြင်ပပညာရေးကို
၂၀၀၈ ခုနှစ်တွင် မြို့နယ် ၅ မြို့နယ်မှ အသက် ၁၀ နှစ်မှ အသက် ၁၇ နှစ်ကြား
ကျောင်းမနေနိုင်သူများကို ကျောင်းချိန်လွတ် သင်ကြားပေးနေခြင်းဖြစ်ပြီး
ယခုအခါမြို့နယ်ပေါင်း ၇၃ မြို့နယ်ထိ တိုးချဲ့သင်ကြားပေးနေသည်ဟု သိရသည်။
http:// myitmakhamediagroup.com/ detail.php?newid=4944
ကျောင်းပြင်ပ ပညာရေးအတွက် ဆရာ/
“ဒီလ ၂၁ ရက်နေ့မှာ ကျောင်းပြင်ပပညာရေးအတွက် ဆရာဖြစ်မွန်းမံသင်တန်းပေးဖိ
ဆရာဖြစ်မွန်းမံသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး အ.ထ.က (၁) ကမာရွတ်၊ မန္တလေးတိုင်းဒေသကြီး အ.ထ.က (၁) မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီး အ.ထ.က (၅) ပဲခူးတို့တွင် သင်ကြားပေးသွားမည်ဖြစ်ကြောင
၂၀၁၂- ၂၀၁၃ ကျောင်းပြင်ပ ပညာရေးမှတဆင့် ကျောင်းသားပေါင်း (၂၄၃၉) ဦးအား ပညာသင်ကြားပေးခဲ့ပြီး ကျောင်းသား ၅၇၀ ဦးမှာ အလယ်တန်းပညာရေးသို့ ဆက်လက်သင်ယူနိုင်ခဲ့ကြောင်း
ကျောင်းချိန်ပြင်ပပညာရေးကို
http://